နေပူပူမိုသားအောက်
အကာမဲ့အောက်တို့မှာလည်း
ချွေးတစိုစိုဖြစ်
လုပ်ရဲပါတယ်။
မလုံတလုံခေါင်မိုးအောက်
မိုးသားတစ်ဖျောက်ဖျောက်ကြား
နွေးထွေးမဲ့လည်း
အိပ်ရဲပါတယ်။
အသားမဲ့ဟင်းနှင့်
ငပိရည်ဖက်တဲ့
ထမင်းများကိုလည်း
စားခဲ့ပါတယ်။
ဒါပေမဲ့လည်း
မပြည့်စုံတဲ့ဘဝတစ်လျှောက်
တောင်းဆုတစ်ခုလောက်
ပြည့်ခဲ့မယ်ဆို .....
အေးမြတဲ့မေတ္တာရိပ်အောက်
ဘဝတစ်သက်တာတလျှောက်
နေခွင့်ပြုပါကွယ်။ ။
Posted by
Chit Latt
0 comments:
Post a Comment