အပြစ်လိုသူစွန့်ခွါသွားတော့
အချစ်လိုသူရင်မှာ
ဒဏ်သင့်ရာနှလုံးသားတစ်ခုနှင့်
ဆိပ်သင့်ရာခံစားမှုတို့စု
ခွန်အားတို့လည်းကုန်
နလန်ထူနိုင်စွမ်းတို့မဲ့ပြီမို့……..
ချစ်နိုင်သူများသိခဲ့လျှင်
အရှင်ရဲ့မေတ္တာမိုးစက်
ဖြန်းပက်မှသာလျှင်
လန်းနိုင်မှာမို့
ချစ်တတ်သူတစ်ယောက်အား
မျှော်ကိုးစောင့်မျှော်ရင်းဖြင့်
မနက်ဖြန်များစွာအား
အသက်သွင်းစေခဲ့တာ
ချစ်နိုင်မယ့်သူတစ်ယောက်သိနိုင်စေသား ။ ။
0 comments:
Post a Comment