Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

လောကမှာ ရှိရှိသမျှသော သတ္တ၀ါတိုင်းဟာ အကောင်းအဆိုးဒွန်တွဲနေတတ်ကြပြီး လုံးဝပြီးပြည့်စုံခြင်းဆိုသော ဘ၀ကိုတော့ မည်သူမျှမရရှိသေးပါ။ လူတိုင်းလူတိုင်းဟာ ရုပ်ရည်အားဖြင့် မတူညီကြသလို ပြုမူနေထိုင်ပုံများလည်း မတူညီကြကာ၊ အကျင့်ကောင်းများနင့် အကျင့်ဆိုးများမတူသလို ၊ အားသာချက်အားနည်းချက်များကလည်းမတူကြတာ သဘာဝပါ။


ကျွန်မအခုပြောချင်တာကတော့ ကျွန်မရဲ့အကျင့်ဆိုးလေးတစ်ခုပါ။ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်လေး တစ်ခုနှင့် တွေ့ဆုံခဲ့တာကြောင့် ရေးလိုက်မိတာပါ။ ကျမငယ်ငယ်လေးထဲက အိမ်သာစုံကိုလိုက်တက်တတ်တာ ကျမအကျင့်ပါ။ သန့်သော အိမ်သာကိုရှာပြီး နောက်၇က်တွေမှာ လည်း ထိုအိမ်သာကိုသာ စောင့်တက်တာတာ အသန့်ကြိုက်တဲ့ စိတ်ဓါတ်က တွန်းအားပေးခဲ့တယ်လေ။ နောက်တဖြည်းဖြည်းကြီးပြင်းလာတော့ ကျောင်းဆောင်တွေမှာ ပတ်ပြီး သန့်သောအိမ်သာ ရှာတတ်တာ အကျင့်လေးတစ်ခုဖြစ်လာလေရော။ ထိုကျောင်းဆောင်တွေရောက်လို့ အိမ်သာသွားခဲ့ရင်လည်း ကိုယ့်စိတ်ကြိုက်ဖြစ်တဲ့အိမ်သာကိုသာတက်ခဲ့ပြန်လေရောရှင်။


တနေ့မှာတော့ ကျမအကျင့်လေးကို သိတဲ့သူငယ်ချင်းတွေက ကျမကိုပြောလာခဲ့ပါတယ်။ ဒီအချိန်မှာတော့ ကျမအထက်တန်းကျောင်းသူဘ၀ကို ရောက်ရှိလို့လာခဲ့ပါပြီ။ မိန်းခလေးအိမ်သာတွေထက် ယောကျာ်းလေးအိမ်သာတွေက ပိုသန့်ကြောင်းပြောလာခဲ့ပါတယ်။ ကျမကိုယ်တိုင်က သိချင်စိတ်တွေများတာရယ်၊ ကိုယ်တိုင်က အသန့်ကြိုက်တာရယ်ကြောင့် ယောကျာ်းလေးအိမ်သာကိုတက်ဖို့အရေး ပြင်ဆင်နေခဲ့မိတယ်။ တနေ့မှာတော့ အခွင့်အရေးလေးပေါ်လာခဲ့ရောလေ။ ညနေကျောင်းဆင်းတော့ အိမ်သာသွားချင်တာကြောင့် မိန်းခလေးအိမ်သာကိုအသွား တံခါးပိတ်ထားတာကြောင့် သန့်ရှင်းရေး အဒေါ်ကြီးက ကလေး ယောကျာ်းလေး အိမ်သာဘက်ကိုသွားတော့လို့ ပြောတာကြောင့် ကိုယ့်အကြိုက်လည်းတွေ့ ၊အန္တရယ်လည်းရှင်းရာရောက်တော့ အပြေးလေးသွားတက်တော့ သူတို့ပြောတဲ့အတိုင်း ယောကျာ်းလေး အိမ်သာက မိန်းခလေးအိမ်သာထက်အများကြီးသန့်တာကို တွေ့လိုက်ရတယ်။


ထိုနေ့တွေမှ စပြီး ရလျှင်ရသလို ယောကျာ်းလေးအိမ်သာကို ကျမခိုးခိုးတက်တတ်ပါတယ်။ တက်တိုင်းလည်း သူငယ်ချင်းအဖော်ခေါ်ပြီးသူ့ကို အိမ်သာနားမှာ မယောင်မလည်စောင့်ခိုင်းကာ လူတွေမရှိတော့မှ တက်တတ်တာ အကျင့်လေးတစ်ခုဖြစ်လာခဲ့တာပါဘဲ။ ဒီအကျင့်လေးဟာ ကျမအလုပ်ရသည့်တိုင်အောင် စွဲကျန်ရစ်ခဲ့တဲ့ မကောင်းသောအကျင့်လေးပါ။ တစ်ခါမှလည်း ယောကျာ်းလေးတွေနဲ့ ထိပ်တိုက်မတိုးခဲ့တာကြောင့် ဒီအကျင့်ဆိုးလေးဟာ အလေ့အကျင့်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။


ဒီလိုနဲ့ ဒီနေ့မှာပေါ့ ကျမအလုပ်ထဲမှာ ဖြစ်ချင်တော့ယောကျာ်းလေးအိမ်သာဖက်က လူ၇ှင်းတာကြောင့် လက်ဝင်ဆေးနေရင်း အိမ်သာစမ်းတက်ချင်တဲ့စိတ်ကလေး ပေါ်လာတာကြောင့် ကျမအပြင်ကိုထွက်ပြီး လူလာမလာသေချာအောင် စစ်တာပေါ့နော်။ အထပ်ကအပေါ်ဆုံးထပ် လူကလည်းမရှိသလောက် နည်းတာကြောင့် ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ပြန်ဝင်လာပြီး အိမ်သာတွေကို စစ်လိုက်ပါတယ်။ ပထမအိမ်သာက တံခါးချက်လေးပျက်နေတာကြောင့် ပိတ်လို့မ၇ဘူး။ ဒါကြောင့် ထွက်ပြီး ဒုတိယအိမ်သာကို ကြည့်လိုက်တော့ သန့်လည်းသန့်တယ် ၊ အားလုံးလည်းကောင်းနေပါတယ်။ စိတ်က ကျေနပ်ပေမယ့် ကျန်တဲ့အိမ်သာတွေကို အကျင့်လေးအတိုင်း လိုက်ကြည့်တော့ အားလုံးဟာ ဒုတိယအိမ်သာလောက် မသန့်ဘူးလေ။ လိုက်စစ်တဲ့အချိန်ကလည်း စက္ကန့်ပိုင်းလောက်သာ ကြာလိုက်တာပါ။


ကျမလည်း ဒုတိယအိမ်သာလေးကိုသဘောတွေ့တာကြောင့် တက်ပြီးတံခါးချက်အထိုးမှာ ပထမဆုံးအိမ်သာက သော့ပိတ်သံကို ကြားလိုက်ရပါတယ်။ `အမလေး......ငါတော့သေပါပြီ။ ခိုးလုပ်ကာမှာ လူမိပြီ´ ဆိုပြီး ဒိန်းခနဲ့ လန့်သွားပေမယ့် ဟန်ကိုယ့်ဖို့ဆိုတာကြောင့် အိမ်သာဆက်တက်နေကာမှ ကျမတွေးလိုက်ကြည့်မိကာမှာ ဒီအိမ်သာတံခါးက လုံးဝပျက်နေလို့ ထိုးလို့မရတာ စောစောကလေးတင် ကျမ ၀င်ကာချက်ထိုးသောလည်း ချက်လုံးဝမရှိတာ အသေအချာပါလေ။ ဒီလိုလည်း အတွေးဝင်လာရော ကျမလေ ဒူးတုန်လာပါလေရော။ ကြောက်စိတ်ကလည်း ၀င်လာလေတယ်။ ချက်ခြင်းဘဲ ကျမတွေးမိတယ် ကျမကြောက်နေလို့ အထဲမှာ ထိုင်နေရင်ရော ကြောက်စိတ်က ပိုတိုးတော့မပေါ့။ လူဆို၇င်တော့ အရေးပေါ်လို့ ၀င်တာဆိုပြီးပြောလိုက်မယ်စိတ်ကူးကာ ကျမ ရဲဆေးတင်ကာထွက်လာခဲ့ပါတယ်။


ကျမထွက်လာတော့ တစ်ဘက်တံခါးက ပိတ်ထားတုန်းပါလေ။ ကျမလည်း လူဘဲလေ ဆိုပြီးအေးအေးဆေးဆေးလက်ဆေးကာ အပြင်ထွက်လာမလို့လုပ်တုန်းေ၇ဆွဲချသံကြားတာကြောင့် ကျမလည်း အလိုက်တသိလေး အပြင်ကို ပြေးထွက်ကာ အပေါက်ဝမှာ အလုပ်မရှိတာကြောင့် မယောင်မလည်လေးစောင့်နေမိတယ်။ ထွက်ပေါက်ကလည်း ဒီတစ်ပေါက်ထဲလေ။ `ဟင်း....စောင့်လိုက်ရတာနော် ´လို့ပြောပြီးနာရီကို အကြည့် ၁၀မိနစ်ကျော်လာပါပြီ၊ လူထွက်မလာတာကြောင့် ကျမလည်းသိချင်တာနဲ့ အထဲကိုပြန်ဝင်ကာ အိမ်သာတံခါးကို အရဲစွန့်ပြီးအတွန်းမှာတော့ `ဟင်´ လို့တမိလိုက်တယ်။ စိတ်ကလည်း ဇဝေဇ၀ါဖြစ်လာတာကြောင့် ကျမလည်း ကျန်သောအိမ်သာတွေကို တံခါးဖွင့်ကာ လိုက်အကြည့်မှာတော့ .................တကယ်ဆိုတစ်ယောက်မှ ရှိမနေတာပါ။ သေချာတယ် လူတစ်ယောက်မှ ရှိမနေတာပါ။


ကျမစောစောက ကြားလိုက်တဲ့ ရေဆွဲချသံ၊ အိမ်သာတံခါးချက်ထိုးသံ တွေကကော စိတ်ခြောက်ခြားလို့ကြားလိုက်တာလား။ ကျမသိပ်မကြောက်တတ်ပါ။ သေချာပါတယ်။ ဒါဆိုလူမဟုတ်၇င် ကော ဘာဖြစ်မလဲ.................................။ ဒါမှမဟုတ် ကျမအကျင့်ဆိုးကို ပျောက်စေချင်လို့များလား?????????????။ ဒါမှမဟုတ် တစ်ယောက်ယောက် နောက်တာများလား????????။ နောက်တာမဖြစ်နိုင်တာသေချာပါတယ်။ ဒါဆို??????????ဘယ်သူလဲ။ ကျမ သိလိုက်တာကတော့ ကျမရဲ့ မကောင်းတဲ့ အကျင့်ဆိုးလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် မရည်ရွယ်တဲ့ အချိန်ဆိုးလေးပါလားနော်။ ။

1 comments:

ဟိ ... တံခါးလာမဖွင့်လို့ တော်သေးတယ်နော်. ... ဟီဟိ ..

Search This Blog

Blog Archive

Visitor

-