Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


'ဟာ ပော့ကောင်တွေ၊ မင်းတို့တော့ကွာ သွားမစမ်းပါနဲ့။ ကင်းကင်းနေစမ်းပါ။ မင်းတို့ အသဲကွဲမင်းသားလို့ အခေါ်ခံချင်လို့လား။ ငရူးတွေဘဲကွာ' လက်ဖက်ရည်ဆိုင်ထဲကို ကိုယ်ဝင်လာမှ ပြောနေကြတာကို သဲသဲကွဲကွဲ ကြားလိုက်ရပေမယ့် ကိုယ်နဲ့မဆိုင်တဲ့စကားလုံးကြောင့် မသိသလိုဘဲနေလိုက်မိတယ်။

'ဟာကွာ မင်းတို့ကလည်းသေသေချာချာ ကြည့်စမ်း တယ်မိတယ်ကွာ။ ရင်ထဲကိုခိုက်သွားတာဘဲ။ အသဲကွဲချင်လည်းကွဲပါစေတော့ ။ ခင်းစမ်းပါကွာ သူ့အကြောင်းလေး။' ကျန်သောသူတစ်ယောက် ပြောလိုက်တာကတော့ 'မင်းထိုက်နဲ့မင်းကံနော်ဟေ့ကောင်။နောက်မှ ဘုရားမတနဲ့ ကိုယ့်လူ။ သူ့နာမည်က မေလေးတဲ့..........................' အော်......ကိုယ့်နာမည်ကြားတော့မှဘဲ မျက်လုံးကိုမှေး နားကိုအသကုန်ဖွင့်ကာ နားထောင်လိုက်တော့ လားလား တစ်ခုမှကောင်းတာမပါ ဘယ်လောက် ရည်းစားများကြောင်း၊ ယောကျာ်းတွေကို ဘယ်လိုအသဲခွဲကြောင်း၊ ယောကျာ်းကျမ်းကို ဘယ်လိုကျေကြောင်း စသည့် ကျမမသိသေးသော ကျမအကြောင်းကို ကျမရှေ့ထားပြီး အားမနာပါးမနာ ပြောနေလိုက်တာလေ။

လူတွေလူတွေ သူများသားသမီးကျတော့ အားမနာပါးမနာပြောနေလိုက်ကြတာ။ ကျမအကြောင်း ဘယ်လောက်သိလို့ ဘယ်လောက်ဝေဖန်နေကြတာလဲနော်။ လူဆိုတာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါဘဲလေ။ စိတ်ထဲမှာဒေါသဖြစ်ပေမယ့် သူတို့တွေပြောတာမှန်တာတွေလည်းပါတာကြောင့် ဘာမှပြန်မပြောဘဲ ညိမ်ညိမ်လေးနားထောင်နေမိပေမယ့် လူဆိုတာက ကိုယ့်ကိုပြောနေသူကိုတော့ သိချင်မိတယ်လေ။ မှာထားတာတွေလည်း အရ လှည့်ထွက်မှာ အသံကြားရာစီိကိုလှမ်းကြည့်လိုက်တော့ လားလား ဒီကိုယ်တော်ပါလား။ ` ဟဟ´ သူလည်းကျမကို လိုက်ဖူးသူတွေထဲက တစ်ယောက်ပေါ့။ တကယ်တမ်းကျတော့ ကျမအချစ်ကိုမရရှိသွားလို့ နောက်ကောက်ကျန်ခဲ့ဖူးသူတစ်ယောက်ပေါ့လေ။

`အော်လူတွေဟာလေ ....... မပြောတာဘဲကောင်းပါတယ်နော်။ ´ အော်လူတွေမသိသေးတဲ့ ကျမအကြောင်းကို ကျမအပြန်လမ်းမှာ တွေးရင်းစဉ်းစားလာမိတယ်။ ကျမငယ်ငယ်ကတည်းက မိဘအုပ်ထိန်းမှုအောက်မှာကြီးပြင်းလာပေမယ့် ကျမအတွေးက......ကျမငယ်ရွယ်စဉ်မှာ လူ့သဘာဝအတိုင်း ချစ်ကြကြိုက်ကြတာဟာ သဘာဝတရားပေါ့။ အသက်က ငယ်တယ်ဆိုပေမယ့် ၂၁ ဆိုတာ သိပ်ကိုငယ်တော့တာတော့မဟုတ်ပါဘူး။ အိမ်ကလည်း နဲနဲပါးပါးတတ်နိုင်တာကြောင့် အ၀တ်အစားလှလှလေး ပေါ်တိုင်းလိုလို ၀တ်တတ်တာကျမ အကျင့်ပါ။ စာလေးတော်ပြီး တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် အိမ်ကလည်း ဆင်ခဲ့တယ်လေ။ ကျောင်းသွားတော့လည်း ကိုယ်ပိုင်ကားလေးမောင်းပြီး တက်ခဲ့တာကြောင့် လူသိများခဲ့တယ်။


ကျမခံယူထားတာက `ကျမတကယ်ချစ်သောသူ၊ ကျမကိုတကယ်ချစ်သောသူမှသာလျှင် ပြန်ချစ်နိုင်မယ်လေ။´ လူ့ဘ၀က သက်တမ်းတိုတိုလေးပါ။ သက်တမ်းတိုတိုလေးအတွင့် အငြင်းမပွါးဘဲ နားလည်မှုတွေ အပြန်အလှန်ထားချစ်မယ့်သူကို မည်သူမဆိုလိုချင် ကြတာသဘာဝပါ။ လောကဆိုတာလည်း လူတိုင်းကို ချစ်သူဖြစ်ခွင့်မပေးပေမယ့် မိတ်ဆွေအဖြစ်ထာဝရဆက်ဆံခွင့်ပေးထားတယ်လေ။ လူတွေကို မိတ်ဆွေဖြစ်ချင်တာရယ် ကိုယ့်လိုအင်လေးပြည့်ချင်တာကြောင့် လူတွေအကြောင်းကို ကျမသိဖို့လုပ်မိတာ အပြစ်တော့မဟုတ်ပါဘူးရှင်တို့ရယ်။ လူတွေ အကြောင်းသိမှ ကိုယ့်ကို ဘယ်လောက်ထိနားလည်ခွင့်လွှတ်နိုင်မလဲဆိုတာသိမှာပေါ့။

ဒီအကြောင်းတွေကြောင့် ကျမလေ ကျမကိုချစ်ခွင့်ပန်လာသူတွေကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပေါင်းမိတယ်။ ဒါကလည်း အမှားတစ်ခုမဟုတ်ဘူးထင်ပါတယ်။ ကျမရဲ့ပွင့်လင်းစွာခင်မင်ပေါင်းသင်းနေထိုင်မှုဟာ သူတို့အတွက် မျှော်လင့်ချက်ပေးတယ်လို့များ သူတို့ယူဆနေကြလား မသိဘူးလေ။ ခင်မင်တာနဲ့ ချစ်တာနဲ့ တခြားစီဘဲဆိုတာ ၇ှင်တို့ အတွေးမှာ ပိုင်ဆိုင်ရယူလိုမှုကြောင့် ပျောက်နေကြတာဖြစ်မှာပါ။ အချိန်တွေကြာလာတော့ သူတို့အကျင့်စရိုက်လေးတွေသိလာမြင်လာကာ အချစ်ဆိုတဲ့ အရာကို သူတို့မျက်လုံးအိမ်ထဲမှာ ကျမရှာလို့မတွေ့မိပါဘူး။ သူတို့ ကြိမ်ဖန်များစွား အဖြေတောင်းလာတဲ့အခါမှာ ကျမက သူတို့ကိုသူငယ်ချင်းထက် ပိုမချစ်နိုင်ပါဘူးလို့ အဖြေပေးခဲ့တယ်။

ဒီမှာတင် သူတို့ ပေါက်ကွဲကုန်ကြပြီး ' ချစ်၇င်ချစ်တယ်၊မုန်းရင်မုန်းတယ် ဆိုတာစောစောကပြောပါလား၊ လူကိုအရူးလုပ်ရလား၊ ကိုယ့်ကိုအသဲခွဲတာလား ' စသည်ဖြင့် အယူအဆအမျိုးမျိုး၊ ပြစ်တင်ရှုံ့ချမှုမျိုးစုံနဲ့ လူကို စွန့်သွားကာ ကွယ်ရာမှာ ပြောချင်တာပြောနေကြတော့တာပါဘဲ။ ကဲလူတွေလူတွေ ကိုယ့်အလိုမပြည့်တဲ့အခါ တစ်ဖက်သားကို စာနာထောက်ထားမှုဆိုတာ မတွေးတော့ဘဲ ပြောနေကြတော့တာပါ။ တဖက်သားနစ်နာမှုကို မေ့လျော့နေကြပါတယ်။ တကယ်ချစ်တယ်ဆို ဒီလိုမျိုးပြောကြမှာမဟုတ်ပါဘူး။ ဒါကလည်း တချို့တချို့သော စိတ်ဓါတ်အားနည်းသူတွေ လုပ်တတ်တဲ့အကျင့်လေးပါ။

ကျမကတော့ လူတွေဘာပြောပြော ဘာဆက်လုပ်ရမလဲဆိုတာ ကိုယ်သာအသိဆုံးပါ။ ဒီလိုနဲ့တွေးရင်း အိမ်ရှေ့အရောက် ' မေလေးအတွက် အချစ်များစွာဖြင့်....... ' ဆိုတဲ့ စာတမ်းလေးနဲ့ နှင်းဆီနီနီလေးတစ်ပွင့်နဲ့ အဖြူဆွတ်ဆွတ် ခွေးရုပ်လေးတစ်ကောင်က ခြံတစ်ခါးရှေ့မှာ စောင့်နေတာကြောင့် လက်ကလေးက လှမ်းယူပြီး အိမ်ထဲကို လှမ်းဝင်လိုက်သော ခြေလှမ်းတိုင်းမှာတော့ 'အော်...... ချစ်သူပေါတာပေါပါစေလေ။ မုန်းသူနဲဖို့မျှော်လင့်ရင်း' ၊ အပြန်အလှန်ချစ်မယ့် ချစ်သူကိုစောင့်မျှော်ကာ...မိတ်ဆွေတွေတိုးပွါးဖို့ ကြိုးစားနေသူတစ်ယောက် ဘယ်လိုခင်မင်ခွင့်တွေနဲ့ ခင်မင်ရမယ့် မိတ်ဆွေသစ်လေးကို ပုံဖော်ရင်း .....ခိုင်မာသော ယုံကြည်ချက်တို့ တိုးလို့နေရင်း ကျမရဲ့ အချိန်တိုင်းကို ဖြတ်ကျော်ဖို့ အားမာန်အပြည့်သွင်းကာလှမ်းရင်း......................။ ။

0 comments:

Search This Blog

Blog Archive

Visitor

-