လူကသာ မျက်နှာကျက်ကို ကြည့်ငေးနေတယ်လို့ ထင်ရပေမယ့် အမှန်မှာတော့ လမ်းမီးရောင်မှိန်မှိန်အောက်မှာ မျက်နှာကျက်လေးဟာ မြင့်သရောင်ရောင်ဖြစ်နေပါတယ်။ ဒါကြောင့်လည်း မျက်နှာကျက်လေးကို ဘယ်ရယ်မဟုတ်ငေးမေားကြည့်နေလိုက်ခြင်းပါ။ လမ်းဘေးက ဓါတ်မီးတိုင်လေးတွေရဲ့ အလင်းဖျော့ဖျော့လေးဟာ မှေးမှိန်လို့သာလာမယ် ပြတ်တောက်ခြင်းမရှိပဲ ညစဉ်ညတိုင်းထွန်းလင်းမှုကို ပေးနေစဲပါ။
ထိုအလင်းဖျော့သော လမ်းငယ်လေးမှာ လူတွေပြတ်သလောက်မရှိအောင် စည်ကားလိုက်တာဟု ရင်ထဲကဆိုရင်း အခန်းထဲရှိ နာရီလေးကို မျက်ဝန်းအရောက် နာရီလေးက 3နာ၇ီ 12မိနစ်ကို ပြနေပါတယ်။ ထိုမိုးလင်းစအချိန်လေးကျမှ အိမ်ပြန်နှုတ်ဆက်သူများရဲ့အသံနှင့် ကားသံလေးများကလည်း ဆူညံလို့နေတယ်လေ။ ထိုဆူဆူညံညံအသံတို့ကြောင့် ထပ်မံအိပ်စက်ခြင်းကို မရတော့ပါဘူး။
4 နာရီလောက်မှာတော့ အမှိုက်ကားသံကြီးနဲ့ တရှပ်ရှပ်တံမြက်လှည်းသံတို့က တိတ်ဆိတ်တဲ့ နံနက်ခင်းကို ထပ်မံဖြိုခွင်းလိုက်ချိန်မှာတော့ ကျန်သော လူတို့ကတော့ စတင်အနားယူအိပ်စက်လို့နေပါပြီ။ ဒီလိုကြာသပတေးနေ့ရဲ့နံနက်ခင်းတိုင်းလိုလိုမှာ ကျမတစ်ယောက်ဒီလိုအချိန်မျိုးရောက်တိုင်း သူရောက်လာသောနေ့မှစတင်ကာ နိုးထနေကြဖြစ်သော်လည်း ထိုသူတစ်ယောက်ကတော့ အိပ်စက်နေဆဲပါ။
ဒီလိုမနက်ခင်းမျိုးမှာ ကြောက်စရာကောင်းဖွယ်အသံစိုးများနှင့် လူကိုခြောက်ခြားနိုးထစေခဲ့သောနေ့များဟာ ကျမအတွက်ဆယ်စုနှစ်တစ်ခုကို ကျော်လွန်စေခဲ့ပါတယ်။ အတွေးတွေကို ဘေးဖယ်ရင်း အချိန်လေးကိုအကြည့် 4 နာရီ 30 မိနစ်ကို ညွှန်ပြနေတာကြောင့် အတွေးတွေရပ်ရင်း သူ့ရဲ့ဘေးမှာ ၀င်ရောက်လဲလျောင်းလိုက်ပါတော့တယ်။ သူ့ရဲ့ အသက်၇ှုသံပြင်းပြင်းအောက်ဝယ် အေးစက်တဲ့လေပြေတို့အောက်၌ နှစ်ခြိုက်စွာ အိပ်မောကျနေသောသူ့ကိုကြည့်ရင်း....................။
ကျမရဲ့မနက်ခင်းတိုင်းဟာ သက်ဝင်လှုပ်ရှားနေကာ၊ စိတ်တို့ဟာလည်း သူရောက်ရှိလာခဲ့သော နေ့မှစ၍ နေ့၇က်တိုင်းလိုလိုဟာ ကျမဘ၀ကို အဓိပ္ပါယ်ပြည့်စုံစေခဲ့ပါတယ်။ သူ့မျက်မှာလေးကို ကြည့်ရင်း ဘ၀လုံခြုံမှုမဲ့ကာ၊ သိမ်ငယ်မှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပြည့်နေတဲ့ လောကအလယ်က ဆွေမဲ့ (မိဘမဲ့ နေတဲ့ ) ကျမဘ၀တစ်ခုလုံးကို ပြောင်းလဲခြင်းတွေနှင့်အတူ မွေးဖွားလာခဲ့တဲ့ သူ့ကို ကျမရင်မှာ မြတ်နိုးအားကိုး ချစ်စိတ်တွေသာ တိုးလိုးနေပါတော့တယ်။
သူကပေးသော နွေးထွေးကြင်နာမှု၊ အေးမြပျော်ရွှင်မှု၊ လုံခြုံနွေးထွေးမှု၊ နားလည်စာနာမှုတွေကြောင့် ကျမအခုတော့နားလည်လိုက်ပါပြီ။ သူအရင်က ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ ။ နာမည်ပျက်တွေ ဘယ်လောက်များခဲ့ခဲ့ အခုတော့ သူဟာကျမအတွက် ဘ၀ကြင်ဖော်ကောင်းတစ်ဦးပါ။ နောက်ပြီးအခုတော့ သူဟာ အိမ်ထောင်ဦးစီးခေါင်းတစ်ယောက်အနေဖြင့် အစစအရာရာ ဖြည့်ဆည်းပေးနေသူပါ။
ဘ၀ကြင်ဖော်ဆိုတာ သေတပန်သက်တစ်ဆုံး နားလည်မှု၊ စာနာမှု။ ကြင်နာမှုတွေ နဲ့ပေးဆပ်မယ့်သူသာဖြစ်တယ်ဆိုတာကိုပေါ့ရှင်။ ကိုယ်ကလည်း သူ့နည်းတူစွာ မေတ္တာတွေပေးရင်း ဘ၀နောက်ဆုံးအချိန်ထိဖေးမနေရင်းဖြင့် သက်တမ်းတိုလှတဲ့ လူ့ဘ၀လေးကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းမယ်ဆိုတာကိုပါဘဲ။ ဒီလိုနဲ့ဘဲ ကျမအတွက် အဓိပ္ပါယ်ရှိသော နံနက်ခင်းများစွာကို သူနှင့်အတူဖြတ်ကျော်ရင်းဖြင့်...............။ ။
(လူတိုင်း တူညီသော နှလုံးသားတို့ဖြင့် အေးအတူပူအမျှ စာနာနားလည်နိုင်သော ဘ၀ကြင်ဖော်များနှင့် လက်တွဲနိုင်ပါစေဟု ဆန္ဒပြုရင်း.....)
Posted by
Chit Latt
0 comments:
Post a Comment