ဆောင်းဦးရာသီးရဲ့ ညနေခင်းတစ်ခုမှာ လမ်းတလျှောက် တိမ်တွေက အုပ်မှိုးနေပြီး နှင်းများနှင့် စွတ်စိုနေတာကြောင့် ကားတိုင်းသတိကြီးစွာ မောင်းနှင်နေပါတယ်။ ထိုမှိုင်းလုလု၊ အေးစက်စက် လမ်းထဲဝယ် ကျမတစ်ယောက် လက်ကိုင်အိတ်ကိုလွယ်ကာ အေးစက်စက်လက်အစုံက လက်ဆွဲအိတ်ကြီးများကို မနိုင်မနင်းဆွဲသယ်၇င်း၊ လမ်းကိုခြေလှမ်းကျဲကျဲလေးနှင်၍ ခပ်သွက်သွက်လေး လျှောက်လာမိပါတယ်။ နှင်းတွေထူထဲမှုကို တစ်ယောက်တည်းဖြတ်ကျော်ရင်း ကျမဂိတ်ဝကိုအရောက်မှာတော့ အချိန်တော်တော်လေးကို နောက်ကျနေပါပြီ။ လက်ကနာရီကိုအကြည့် နာရီလက်တံက ညနေ6နာရီပင်ထိုးလုလုကြောင့် ကျမစိတ်က `ဪ.....ဒါကြောင့် မြို့လေးက အိပ်စက်နေသဖွယ် ငြိမ်သက်နေတာ´ဟု စိတ်ထဲကပြောလိုက်တယ်။
လက်မှအကြည့်တို့ကို ရုပ်သိမ်းင်္ပြီး အိမ်ထဲကိုမျက်လုံးကိုအဝှေ့ လိုက်ကာများချထားကာ ခေါင်မိုးတွေအတော်အတန်ဟောင်းနွမ်းနေတဲ့ ဒီအိမ်လေးဟာ ကိုယ့်အိမ်ဖြစ်ပေမယ့် အနေဝေးခဲ့တာကြောင့် အတော်ပင် ကျမအတွက် စိမ်းနေခဲ့ကာ ကျမရင်မှာ ကြောက်ရွံ့တုန်လှုပ်နေပြီလေ။ တံခါးကိုဖွင့်ပြီး အိမ်ထဲကိုအ၀င်မှာတော့ ကျမလက်တို့က အလိုအလျောက်ဖုန်တွေကိုခါ၇င်း၊ ပြတင်းပေါက်တံခါးများကို လိုက်ဖွင့်မှာ အိမ်နီးချင်းတို့ရဲ့အသံတို့ကား နားထဲသို့ ၀င်ရောက်လို့လာပါတယ်။
အဲဒီနောက်မှာတော့ မီးဖိုထဲဝင်ကာ ရေနွေးအိုးတစ်လုံးကိုကောက်တည်ပြီး၊ ကျမစိတ်တိုင်းကျ အိမ်သန့်ရှင်းလုပ်နေစဉ်မှာလည်း ရေနွေးအိုးမှ အသံတို့ကား လူရဲ့စိတ်ကိုပိုမိုခြောက်ခြားမှုကို ဖြစ်ပေါစေပါတော့တယ်။ တစ်ချက်တစ်ချက် ပြတင်းပေါက်ကိုကျော်ဖြတ်ရင်း အိမ်ရှေ့က ပန်းခြံငယ်လေးနှင့် ခြံစည်းရိုးသဖွယ်ကာရံထားတဲ့ ပုံနရိပ်ပန်းတို့ မညီမညာစီသို့ မျက်လုံးလေးများက ရောက်ရှိလို့သွားပါတယ်။ `ညောင်၊ ညောင်´ဆိုသောအသံလေးကြောင့် စိတ်တို့ကိုပြန်လည်စုစည်းပြီး အိမ်ထဲလှမ်းအကြည့် ဖွင့်ထားသော ပြတင်းတံခါးစီမှ ကြောင်လေးတစ်ကောင်အလည် ရောက်လာခြင်းပါ။
ကြောင်လေးကို ပွေ့ချီရင်း မီးဖိုအပြင်ဖက်သို့အရောက်ပို့ပေးပြီး အိမ်ထဲပြန်ဝင်ကာ ကျမကြိုက်သော ကော်ဖီခါးခါးတစ်ခွက်ကို စိတ်တိုင်းကျဖျော်ကာသောက်ရင်း ခြံထဲရှိ စာတိုက်ပုံးဆီသို့ လျှောက်ခဲ့ပါတယ်။ စိတ်ထဲမှာတော့ လူမနေတာကြာပြီဖြစ်လို့ ဘာမှရှိမှာမဟုတ်ဘူး လို့ တွေးရင်းလက်အလှမ်းဖွင့်မှာ အထဲ၌ စာအိတ်လေးများကိုတွေ့တာကြောင့် လှမ်းကာအယူ...........၊ စာအိတ်ပြာပြာလေး ၃ခုကို အံ့သြစွာဖြင့် ကြည့်၇င်းယူလာကာ ဧည့်ခန်းရှိခုံလေးပေါ်တင်အခိုက်.......... မျက်လုံးတို့က မိသားစုဝင်များ၏ ဓာတ်ပုံလေးဆီအရောက် ကျမမျက်လုံးအိမ်မှာ မျက်ရည်တို့က အလိုလိုကျဆင်းလာပါတော့တယ်။ ဒီလိုမိသားစုစုံညီဖို့ဆိုတာ အခုလိုအချိန်မှာမဖြစ်နိုင်တော့မှန်းသိလေလေ ၀မ်းနည်းစိတ်အပြည့်နှင့် အခုအချိန်မှာတော့ မိသားစုဝင်တွေထဲမှ ထွက်ခွါသွားပြီဖြစ်တဲ့ ဖိုးဖိုးရဲ့ပုံလေးကို အကြည့်အရောက်မှာတော့
ငယ်စဉ်က ဖိုးဖိုးနှင့်ပျော်ရွှင်ခဲ့ဖူးသည်များကို တမ်းတမြင်ယောင်မိပါတယ်။
သောက်လက်စကော်ဖီလေးအကုန်မှာတော့ ရေချိုးခန်းရှိရာကို ဦးတည်ပြီး ပင်ပန်းနွမ်းနယ်မှုမှန်သမျှကို ရေနွေးနွေးလေးဖြင့်ချိုးရင်း ဖြေဖြောက်လိုက်ပါတယ်။ အဲ့နောက် ကျမဘာကိုမှပြန်မစဉ်းစားတော့ဘဲ T.Vဖွင့်ကာ ထိုင်ကြည့်နေလိုက်သဖြင့် သတိ၇လွမ်းဆွတ်မှုများကိုပျောက်စေခဲ့ပါတယ်။ အချိန်တွေတော်တော်ကြာမှ သယ်လာသောအိတ်တွေကိုသတိရကာသွားဖွင့်ပြီး သယ်လာသော အ၀တ်အစားများ ၊ အသုံးအဆောင်များနှင့် အစားအသောက်များကို စနစ်တကျနေရာချကာ၊ မလိုအပ်သောပစ္စည်းများကို လွှတ်ပစ်လိုက်ပါတယ်။ အားလုံးရှင်းလင်းအပြီးမှာတော့ နာရီသံက ၂ချက်ထိုးသံကြောင့် ကျမအိပ်ခန်းထဲကို မောပန်းစွာဖြစ် နေ့လည်ကသယ်လာသော စာအိတ်လေးများကိုသယ်ရင်း ၊ ကျမအတွက်တခုတည်းသော နားခိုရာ အိပ်ယာထက် စိတ်ပျက်လက်ပျက်လှဲချလိုက်ပါတယ်။
ထိုနောက်စာအိတ်လေး လှမ်းယူပြီတအိတ်ကိုဖွင့်အဖတ်မှာ စာအိတ်လေးရဲ့ နေ့စွဲကလေးက 2003 ကိုရေးထားပြီးစာလေးထဲမှာရေးထားတာကတော့
`ငါနင့်ရဲ့လိပ်စာကို အမှတ်၇ပေမယ့် ရင်ထဲမှာ စိုးကြောက်မိတာကြောင့် ကိုယ့်အတွက်သာကိုယ်စာပြန်ရေးနေမိတယ်။ ကိုယ်တိုင်လည်း ဘာပြောလို့ပြောရမှန်းမသိဘူး။ ဒါမယ့်...အဆုံးမှာတော့ ငါဖြစ်နေသမျှတွေကို စာချရေးလိုက်တယ်ဟာ။ နင်ဟာ နင့်လမ်းပေါ် နင်လျောက်နေတဲ့သူဆိုတော့ နင့်ကိုမေးစရာဘာမှမရှိပေမယ့် ၊ ငါလေ...........။ ဒါငါ့အကြောင်းတွေပေါ့။ င့ါ ဘ၀က အေးချမ်းတဲ့နိုင်ငံမှာ ရရှိလာတဲ့နွေရာသီလေးလိုနေလို့ကောင်းပြီး၊ ညအချိန်မှာ စီးကျနေတဲ့မြစ်သံလို ကြည်လင်အေးမြနာဝင်ချိုလှတယ်လို့ ငါ့ထင်တယ်လေ။ ဒါပေမယ့် ငါလေ ပန်းနုနှင့် လေဒီလေးကို အမြဲသတိရနေမိတယ်။ သူတို့ အားလုံးကလည်း ဒီကမ္ဘာထဲကနေ ထွက်ခွါသွားတာ ကြာခဲ့ပေမယ့် သူတို့ရဲ့ အသံလေးတွေကိုတော့ ကြားနေစဲပါနော်။ ငါလေနင့်အပေါ်ကို တော်တော့်ကိုဆိုးခဲ့ပါတယ်။ ငါသိပါတယ်၊ ငါနင့်အပေါ်ဆိုးခဲ့သမျှကို ဘယ်လိုလုပ်လုပ်ဖျက်လို့ရမှာ မဟုတ်တဲ့ အ၇ိပ်မည်းကြီးပါ။ ဒါ့အတွက်လဲ ငါ့ရင်ထဲမှာ တော်တော်စိတ်မကောင်းဖြစ်ခဲ့မိကာ ငါ့ရင်မှာတော့ နင်ဆိုတဲ့နာမည်ကိုထိုးထားဆဲပါ။ ´
ကျမလည်းစာကလေးကို ကမန်းကတန်းပိတ်ကာ အတွေးတွေစိုးမိုးနေစဲမှာ နာရီခေါက်သံ ၄ချက်မြည်သံကို ကြားလိုက်၇ပေမယ့် နောက်စာလေးတစ်စောင်စီကို လှမ်းကာဖွင့်အဖတ် ဟိုးလွန်ခဲ့သော 1976ဆိုတဲ့နှစ်လေးကိုတွေ့အပြီး
`ငါလေနင်နဲ့တွေ့တဲ့ စက်တင်ဘာလလေးကို အမြဲအမှတ်ရစဲပါ။ နင်နဲ့အတူ နေခဲ့တာတွေ နင့်ရဲ့ အပြင်အစင်လေးတွေကို ငါလေတစ်ခါတစ်ခါ မှတ်မိနေတယ်ဆိုတာ နင်ယုံမလားဟင်။ နင်နဲ့ဖုံးပြောခဲ့တာတွေ၊ ငါတို့တွေအတူတူသွားလည်ခဲ့တာတွေကတော့ ငါ့အတွက် အိမ်မက်မဟုတ်ခဲ့မှန်း သိခဲ့ပါတယ်။ `အချိန်တွေ အကုန်မြန်လိုက်တာလို့´ ငါပြောတုန်းကလေ နင်က `အချိန်ဆိုတာ စီးဆင်းလည်းပတ်နေတာလေ။ အဆုံးမှာတော့ နင်ငါ့ကိုထားခဲ့မှာပဲ၊ အဲ့ အချိန်ကျ၇င် နင်ပျော်အောင်နေပါဟယ်။ ဒါပေမယ့် ငါနဲ့ပတ်သက်လို့ နင်ရရှိခဲ့တဲ့ ပျော်ရွှင်မှုတွေကိုတော့ ဘယ်သူ့ဆီကမှ နင်ထပ်မရနိုင်တော့ပါဘူး´ လို့ နင်ဆိုခဲ့တယ်လေ။
တကယ်တမ်းမှာတော့ ငါလေ နင်မရှိတော့ခဲ့လျှင် မြစ်တွေစီးဆင်းတာတွေ၊ ညတွေကုန်လွန်တာတွေကို ထိုင်ကြည့်ရင်း ငါ့ကိုယ်ငါနေနိုင်ခဲ့မယ်လို့ တွေးထင်မိလည်း၊ တကယ့်တကယ်တမ်းမှာတော့ ငါ့ရင်မှာတော့ အလွမ်းအဆွေးတွေအပြည့်ပါဟာ။ အိပ်ပျော်နေရာမှ နိုးထလာလျှင်တော့၊ နင်နဲ့ပတ်သက်တဲ့ပုံရိပ်တို့က ငါရင်ထဲမှာ ကျန်ရစ်၊ စွဲရစ်စဲပါဟာ။
ထိုအချိန်မှာ ဆူဆူညံညံ ကြောင်အော်သံနှင့်တပြိုင်နက် ခုန်ချလိုက်သံတို့က ကျမနားထဲကို ၀င်ရောက်လာပါတယ်။ အပြင်ဘက်မှာတောင် လင်းရောင်ခြည်တောင်သန်းလုလုပါ။ ဒါပေမယ့် ကျမစိတ်ထဲမှာတော့ ရင်းနှီးနေတဲ့အိမ်လိပ်စာလေးနှင့်အတူ `သူတို့တွေဟာ ဘယ်သူလဲ။ သူတို့တွေတကယ်ကော ဒီလိုချစ်ခဲ့တာလား´ ဆိုတာကို စဉ်းစားရင်း နောက်ဆုံးစာလေးကို လှမ်းယူပြီး ရက်စွဲလေးကိုအကြည့် `1968´ တဲ့လေ။
ငါလေ နင်ဒီလိုဆုံးဖြတ်ပြီး နင်ပြန်သွားခဲ့တာလဲဟာ။ နင်ဘ၀အတွက် စိတ်ညစ်စရာ၊ စိတ်ပျက်စရာတွေပြည့်နေတဲ့ နင်မျှော်မှန်းခဲ့တဲ့၊ နင်တပ်မက်ခဲ့တဲ့၊ နင်နေချင်တဲ့နေ၇ာလေးဟာ ငါ့ရင်ခွင်လောက် နွေးထွေးမှု မရှိခဲ့မှန်း၊ မကောင်းမှန်း နင်သိရဲ့သားနဲ့နင်လုပ်ရက်ခဲ့တယ်ဟာ။ နင်လဲ ငါ့ဘ၀ထဲမှာ မရှိကတည်းက ငါလေ လေလွင့်နေလိုက်တာဟာ စွန်ငယ်တစ်ကောင်လိုပါပဲ။ ငါလေ ဒီစာကိုရေးနေတဲ့အချိန်မှာ ငါ့ရင်ထဲမှာဟာနေတယ်လေ။ ငါပြောချင်တဲ့ စကားလုံးတွေသာ ပြောထွက်ခဲ့မယ်ဆို ကမ္ဘာကြီးဟာ စကားလုံးတွေနဲ့ အရည်ပျော်နေလောက်ပြီလေ။ အချိန်တွေ ကြာလာတော့လည်း နင်ပြောခဲ့တဲ့စကားတွေကို ပြန်ကြားယောင်မိကာ အခုချိန်မှာတော့ ငါ့ဘ၀လေး တဖြည်းဖြည်းအနည်ထိုင်၊ အနာကျက်စပြုနေပါပြီဟာ။ ဒီလိုအချိန်မှာတော့ နင်နဲ့ပတ်သက်ပြီး ငါ့စဉ်းစားမိတာကတော့ ` နင်ပျော်မယ်ထင်ရင် နင်ကြိုက်သလိုလုပ်ပါတော့။ နင်လုပ်နိုင်ပါတယ်ဟာ။´
လေညှင်းအေးအေးလေးကြောင့် လမ်းပေါ်က ထွက်ပေါ်လာသော ဆူညံမှုတွေကို ကျမမေ့သွားခဲ့ပါတယ်။ `အကယ်၍များ ကျမသာ သူတို့နေရာမျိုးများရောက်ခဲ့မယ်၊ သူတို့ထဲက တစ်ယောက်ယောက်များ ဖြစ်ခဲ့မယ်ဆိုရင်ရော၊ ကျမဘ၀ကို ကျမဘယ်လိုဆုံးဖြတ်မလဲ´ လို့ မေးနေမိသော်လည်း တိကျသောအဖြေတို့ကား ထွက်မလာခဲ့ပါ။ ထိုနောက်မှာတော့ စာတွေကို စာအိတ်တွေထဲပြန်ထည့်ကာ ဗီရိုအံဆွဲထဲ ထဲ့ကာ သိမ်းထားလိုက်ပြီး ခုတင်ပေါ်မှာ ပြန်လည်လဲလျောင်းကာ နေခိုက် ပြတင်းတံခါးဘေးကအိပ်ပျော်နေသော ကြောင်လေး၏အသံလေးဟာ ကျမအတွက် သာယာနာပျော်ဖွယ် တေးသွားတစ်ပုဒ်အလား စီးဆင်းရင်း အတွေးတွေဆက်လက် ချဲ့ထွင်းရင်းဖြင့်................။ ။
Nels Schifano ၏ "Three Letters" ကို translate လုပ်ထားခြင်းပါ။
Posted by
Chit Latt
0 comments:
Post a Comment