တစ်ခါက တပည့်တစ်ယောက်ဟာ ဆရာတစ်ဦးထံ ၀င်ရောက်တွေဆုံရာ တပည့်က ဆရာအား သူ ဆရာအား ဂါရာဝလာပြု၇ာတွင် သူ့လက်ထဲတွင် မည်သည့်အရာမှ မပါဝင်ခဲ့ကြောင်းပြောဆိုကာ ကန်တော့လေတယ်။ ထိုအခါ ဆရာက တပည့်အား `မင်း အခုချက်ခြင်း ပစ်ချခဲ့´ဟု ပြောလေရာ တပည့်က `ဘာမှ မရှိတော့ဘူးဆရာ´ဟုပြန်ဖြေလိုက်လေတယ်။ ထိုအခါ ဆရာက တပည့်အား ထပ်မံပြောကြားလိုက်သည်မှာ `ဒါဆို မင်းအနားမှာ ရှိတာကိုပြန်သယ်သွားတော့ကွာ´။ ။
translates from "world inspiring stories" of "story of nothing" by Dr.G. Francis Xavier
လာလာသမျှသော တပည့်တိုသည် ဆရာ အတွက် တန်စို့လက်ဆောင်များဝယ်ကာ သူတို့အလိုအတွက် ချဉ်းကပ်ကြသူများသာ ဖြစ်ပြီး ယခုတပည့်ကား ပညာတွေတတ်မြောက်သွားသော်လည်း မည်သည့်အရာမှ မပါဝင်ဘဲ အစဉ်အမြဲ ဆရာ့အား ဂါရာဝတရားဖြစ်လာရောက် ကန်တော့လေ့ရှိပါတယ်။
ဆရာက သူ့အား ပစ်ချခိုင်းခြင်းသည် ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်း ၊ ပစ္စည်းဂုဏ်မောက်သော အယူအဆများကို စွန့်လွှတ်ခိုင်းတာဖြစ်ပြီး တပည့်လုပ်သူပြန်ဖြေလိုက်တာကတော့ သူ ထိုအယူအဆများကို စွန့်လွှတ်ထားပြီးဖြစ်ကြောင်းကို `ဘာမှ မရှိတော့ဘူးဆရာ´ဟုပြန်ဖြေခဲ့တယ်။ ဆရာက သူ့အား `ပြန်သယ်သွား´ ဟု ပြောကြားခြင်းသည် `စွန့်လွှတ်တတ်သော သဘောထားကို ပြန်လည်သယ်ဆောင်သွား´ဟု သတိပေးစကားပြောကြားခြင်းပင် ဖြစ်လေတယ်။
ဒီဝတ္ထုလေးက `ဘာမှမရှိခြင်းဆိုသည်´ မှာ လူတိုင်းလူတိုင်းဟာ မိမိကိုယ်ကို နှိမ့်ချသော စိတ်သဘောထား ထားရှိကာ အရာရာကို `စွန့်လွှတ်နားလည်တတ်သော သဘောထားဖြင့် ဂုဏ်ပကာသန ကင်းစင်စွာ နေထိုင်တတ်လျှင် ဘ၀သည် ပူလောင်မှုတွေကင်းစင်မည်မှာ အမှန်ပင်ဖြစ်ကြောင်းကို သတိပေးထားသော စာပိုဒ်ကောင်းလေးတစ်ခုအား တင်ပြလိုက်ပါတယ်။ ။
Posted by
Chit Latt
0 comments:
Post a Comment