Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

February ရဲ့လလေးမှာ ကမ္ဘာတ၀ှမ်းရှိ နေရာတော်တောများများမှာ ဆောင်းလရာသီဖြစ်တာကြောင့် နှစ်စဉ်နှစ်တိုင်း ဒီအချိန်လေးဟာ အအေးလရာသီလေးပါ။

ဒါပေမယ့် ဒီတစ်နှစ်မှာတော့ ထူးထူးခြားခြား အနောက်နိုင်ငံတော်တော်များများမှာ အဆမတန်အေးချမ်းကာ နှင်းတွေကျနေပေမယ့် ကမ္ဘာ့အရှေ့ ပိုင်းဒေသတော်တော်များများမှာ အပူချိန် 30 ဒီဂရီ ဖာရင်ဟိုက်တောင်ကျော်နေပြီး နွေရာသီလို ပီပီပြင်ပြင်ပူနေလေပြီ။

ဟိုးအရင်တုန်းကဆို ဒီလိုရာသီဥတုဖောက်ပြန်မှုဆိုတာဟာ အင်မတန်နည်းပါးပါတယ်။ အခုဆို ရာသီဥတုသာဖောက်ပြန်လာတာ မဟုတ်ပါဘူး၊ ရောဂါဆန်းတွေနဲ့ လူတွေဟာ ဖောက်ပြန်လာကြပါတယ်။ ဆန်းပြားလာမှုတွေဟာ လူတွေကြောင့်လားလို့တောင် အတွေးဝင်လာမိတယ်။ ရာသီနဲ့မလိုက်ဖက်တဲ့ အ၀တ်များကို သူများတွေဝတ်တာကြောင့် လိုက်ဝတ်တတ်တဲ့လူတွေရဲ့စိတ်၊ လူအချင်းချင်း လိုက်နာလေးစား၇မယ့် လူ့ကျင့်ဝတ်တွေကို လိုက်နာမှုမဲ့သောစိတ်၊ ကာမဂုဏ်မှာ ရစ်တွယ်လို့ ကိုယ်ကျင့်ပျက်တဲ့စိတ်တွေကြောင့် ဖြစ်တာလို့ ကျွန်တော်ထင်မိတယ်။

ဒီလိုပျက်ပြားလာတဲ့ လူ့စိတ်တွေ၊ အကျင့်စရိုက်တွေ၊ အစားအသောက်အနေအထိုင်တွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ သဘာဝတရားကို လျစ်လျှူရှုကာ၊ ဥပက္ခာပြုမှုတွေ၊ ဆန်းသစ်တီထွင်မှုတွေကြောင့် ရာသီတွေဆန်း၊ ရောဂါဆန်းတွေ ဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်လေ။ ဒါပေမယ့် ကိုယ့်အတွေးဟာဆန်းလို့ဘဲ ဒီလိုလွဲမှားတဲ့ အတွေးတွေဝင်နေတာပဲဖြစ်မှာပါဗျာ။ ။

1 comments:

Ur thought is good and i will say it is right. Because people are greedy and cut the trees and destroy the forest. We human has responsibility to take care to the nature.

"cause and effect" the whole world has to suffer and also because of factories.

Search This Blog

Blog Archive

Visitor

-