အသက်တွေကြီး၇င်းလာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့အခါမှာ ဘ၀ရပ်တည်မှု၊ ဘ၀လုံခြုံမှု၊ ဘ၀အာမခံမှုတို့ ၇ှိစေရန်တအားကြိုးစားလာမှဘဲ (သို့) သူတစ်ပါးနှင့် အစစအရာရာ နှိုင်းယှဉ်ကြည့်မှဘဲ ကိုယ့်ရဲ့လိုအပ်ချက်၊ အားနည်းချက်၊ မပြည့်စုံချက်တွေကို ကိုယ်ကိုယ်တိုင် မြင်လာသလို (သို့) သူတစ်ပါးထောက်ပြမှ တွေ့လာ၇တာတွေလည်း ရှိတယ်လေ။ အလုပ်ခွင်မှာဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာဖြစ်ဖြစ်၊ အစစအရာရာမှာ အားနည်းချက်ရှိသူက မျက်နှာငယ်ရ၊ အောက်ကျို့ ရစမြဲပါ။ ကြာလာတော့ လူဆိုတာ အများနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်လာ၊ အားငယ်လာ၊ ရှက်လာတယ်ဗျာ။
ဒါကို တစ်ဘက်မှာ ကြိုးစားအားထုတ်ရင်တော့ ဘယ်သူမဆို တိုးတက်လာစမြဲပါ။ ဒါပေမယ့် လူတိုင်းက လမ်းလျှောက်နေသူမဟုတ်ဘူး။ သူတို့လည်း ခေတ်ကိုလိုက်ပြီး ပြေးနေကြတာဆိုတော့ သူတို့ကို မသာနိုင်၊ မမှီနိုင်ပေမယ့် ခေတ်ကိုအမှီလိုက်နိုင်လာပါတယ်။
ဒီလိုမှမဟုတ်ဘဲ နေရာတစ်ခုမှာ အမှီမလိုက်ဘဲ ရပ်ကျန်နေမယ်ဆိုရင် မပင်ပန်းပေမယ့် ခေတ်နောက်ကျန်နေသူသာဖြစ်မှာသေချာတယ်ဗျာ။ ဘယ်လောက်ပဲ ဥစ္စာပစ္စည်းပေါပါစေ ထိုလူဟာ လူ့အသိုင်းအ၀ိုင်းထဲဝံ့ဆန့်နိုင်တဲ့ စွမ်းအားနည်းပါးသွားသူပါ။ ကျန်လူတွေကိုဝေဖန်နေမယ့်အစား အားလပ်ချိန်မှာ ဘ၀တိုးတက်မှုကိုရှာရင်း တိုတောင်းလှတဲ့ လူ့ဘ၀ကို အဓိပ္ပါယ်ရှိရှိလေးဖြတ်သန်းနိုင်မှာပါ။
ငယ်ရွယ်စဉ်က မိဘတွေပေးနေပါလျှက် မယူမိခဲ့စဉ်ကအချိန်များ၊ အခွင့်မရ၍မယူနိုင်တဲ့အချိန်များကို နောင်တရတမ်းတမိလျှင် ယခုအချိန်ကျမှာ သူတစ်ပါးအားဝေဖန်မှုမပြုဘဲ ကြိုးစားအားထုတ်ရင် ကျွန်တော်အပါအ၀င် လူတိုင်းခေတ်ကိုအမှီလိုက်နိုင်ပါသေးတယ်။ ထိုအတူ မျိုးဆက်သစ်လူငယ်များကိုလည်း အရွယ်လွန်နောင်တမျိုးမရစေ၇န် တိုက်တွန်းရအောင်ဗျာ။ ။
( ဒီနေ့ ကလေးလေးတွေ ကျောင်းမတက်ဘဲ အပြင်မှာထိုင်ပြီး အချိန်ဖြုန်းနေတာကိုတွေ့လို့ အမှတ်တရလေး ရေးလိုက်မိတယ်။)
Posted by
Chit Latt
0 comments:
Post a Comment