February လလေးကို ရောက်တော့ ရင်ထဲမှာ အတွေးထူးလေးတစ်ခုဖြစ်မိတယ်။ တစ်နှစ်လုံးမှာ ရက်တာ (သို့)ိချိန်တာအတိုဆုံးလလေးပါ။ ထိုတိုတောင်းတဲ့လလေး အတွင်းမှာ လူသားအားလုံးအတွက် အချစ်တွေဖြင့် လန်ဆန်းစေသောလလေးတစ်လလည်းဖြစ်ပါတယ်။
February လ 14 ရက်နေ့ဟာ ချစ်သူများနေ့ဆိုတော့ ချစ်သူ၇ှိသူကော၊ မရှိသူကော သက်ဆိုင်သောနေ့လေး တစ်၇က်ပါ။ ဘာကြောင့်လည်း ဆိုတော့ ကိုယ့်ရင်ထဲက ချစ်ခြင်းမေတ္တာကို ပြသနိုင်၊ ဖော်ပြနိုင်ခွင့်၇ှိပြီး၊ ရရှိသူမှာလည်း ကျေနပ်မှုပီတိအစုံကို ခံစားဖော်ထုတ်နိုင်တဲ့နေ့လေးဖြစ်လို့ပါ။ အရွယ်မေ၇ွး ၊ ချစ်ခြင်းမေတ္တာမျိုးစုံကို အတိအလင်းပြသခွင့်၇တဲ့အမှတ်တရနေ့လေးပါ။
အမုန်းတရားဆိုတာ ဒီနေ့လေးမှာမေ့ထားပြီး ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ခွင့်၇တဲ့ valentine လိုနေ့မျိုးကို နေ့တိုင်းအဖြစ်သတ်မှတ်လိုက်ရင်ဖြင့် ကမ္ဘာတစ်ဝှမ်းလုံးမှာ အချစ်တွေနဲ့ လွှမ်းနေမှာအမှန်ပါ။ကမ္ဘာကြီးမှာ တဖြည်းဖြည်းနဲ့ ဆန်းသစ်တီထွင်မှုတွေများလာတာကြောင့် လူသားတွေဟာ ဘ၀ရုန်းကန်မှုအတွက် လှုပ်ရှားရင်းနဲ့ ဘ၀တွေဟာ တဖြည်းဖြည်းနဲ့ ခံစားမှုတွေမဲ့လာကာ စက်ရုပ်လူသားတွေဖြစ်မှန်းမသိအောင် ဖြစ်လာခဲ့ပါတယ်။
ဘ၀မှာ ခံစားမှုမဲ့လာတာနဲ့အမျှ ဘ၀အဓိပ္ပါယ်ဆိုတာ မဲ့လာကာ ဘ၀တိုတိုအတွင်း ပျော်၇ွှင်စွာနေထိုင်မှုဆိုတာ မရှိသလောက်ဖြစ်လာလို့ လူတွေရဲ့ ရင်ထဲက ပွင့်လင်းစွာ အန်ထုတ်ခွင့်ကိုပေးတဲ့ valentine လိုနေ့မျိုးကို February 14 ၇က်လို့ သတ်မှတ်တာထက် ပြောင်းလဲပြီး ရက်တိုင်းသာ ချစ်သူများနေ့အဖြစ် ဖြစ်စေချင်လိုက်တာဗျာ။ ။
ဒီလို တစ်နှစ်မှာ တစ်ရက်သာ၇တဲ့ ချစ်သူများနေ့မှာ (သို့) ချစ်သူများနေ့မှစတင်ကာ သင်ေ၇ာ သင့်ချစ်သူကို မည်သို့သောပေးဆပ်မှုတွေနဲ့ ချစ်မှာလည်းဆိုတာ ကိုယ့်ကိုယ်ကိုမေးလိုက်၇အောင်ဗျာ။ ။
Posted by
Chit Latt
0 comments:
Post a Comment