Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


် ဗုဒ္ဓမြတ်စွာဘု၇ား ဂုဏ်တော်များကို အဖန်ဖန် အထပ်ထပ် သတိ၇နေခြင်းကို `ဗုဒ္ဓါနုဿတိ´ ဟုခေါ်ပါသည်။
ထိုသတိကို မိမိစိတ်အစဉ်ဖြင့် ဖြစ်စေခြင်း၊ မိမိ၏စိတ်ကို ထုံမွမ်းထား၇ှိခြင်းကို `ဗုဒ္ဓါနုဿတိဘာဝနာ´ ဟုခေါ်ပါသည်။

ဗုဒ္ဓါနုဿတိဘာဝနာ၏ အကျိုးကျေးဇူးများ

၁။ ဗုဒ္ဓမြတ်စွာဘု၇ား၏ ဂုဏ်တော်များကိုကောင်းစွာ သိ၇သောကြောင့် မြတ်ဗုဒ္ဓကို အလွန်၇ိုသေမြတ်နိုး၍ စကားတော်များကို လေးမြတ်စွာ လိုက်နာခြင်း။

၂။ ဂုဏ်တော်များကို သိရသည့်အတွက် ဗုဒ္ဓမြတ်စွာဘု၇ားအပေါ်၌ သောတာပန်ကဲ့သို့ ဥာဏ်ဖြင့်သက်ဝင်၍ နက်နဲစွာ ကြည်ညိုခြင်း။

၃။ မြတ်ဗုဒ္ဓကို မကြာမကြာ သတိရသောကြောင့် သတိကောင်းခြင် (အသက်ကြီးသော်လည်း သတိမမေ့ခြင်း)

၎။ အလွန်နက်နဲသော ဗုဒ္ဓဂုဏ်တော်များကို သတိနှင့်တကွ ဥာဏ်ကျက်စားသဖြင့် အသိဥာဏ်များ တိုးတက်လာခြင်း။

၅။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များကို အာရုံပြုနိုင်သောသတိ ကြီးမားစွာရရှိသောကြောင့် ဘာဝနာကုသိုလ်ကောင်းမှု၏ ကြီးကျယ်မြင့်မြတ်ခြင်း။

၆။ ဂုဏ်တော်တို့ကို အာရုံပြုရာအခါတိုင်း ၀မ်းမြောက်စွာ ပီတိပါမောဇ္ဇဖြစ်ခြင်း (စိတ်ချမ်းသာ ကြည်လင်အေးမြခြင်း)။

၇။ ကြောက်စရာ ဘေးဒုက္ခအန္တရာယ်တို့နှင့် ကြုံတွေ့စေကာမူ ထိုဘေးဒုက္ခအပေါင်းမှ မကြောက်မရွံ့ ရဲဝံ့စွာ ခံနိုင်ခြင်း။

၈။ မြတ်ဗုဒ္ဓကို မကြာမကြာ အောက်မေ့ သတိရသဖြင့် မြတ်ဗုဒ္ဓနှင့် အတူနေရသကဲ့သို့ ခံစားရခြင်း။

၉။ ၀ိမဿနာတက်၍ မဂ်ဖိုလ်တိုင်အောင် မရနိုင်ပါလျှင် ယခုဘ၀၏အခြားမဲ့ နောက်ဘ၌ (ငါးပါးသီလ မပျက်ပါမူ) လိုရာသုဂတိကိုရဖို့ သေချာခြင်း။

၁၀။ နောက်နောက် ဘုရားသာသနာတော်ကို ဧကန် ကြုံတွေ့ရမည်ဖြစ်၍ မိမိ ရည်မှန်းအပ်သော ဆုနှင့် ကိုက်ညီသော သာသနာတော်ဝယ် ဧကန် တရားထူး ရရှိနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

`ဗုဒ္ဓနုဿတိ´ ကို ထာဝရပွားများ ရှုမှတ်နိုင်ကြပါစေသတည်း။

(မဟာဂန္ဓာရုံဆ၇ာတော်ဘုရားကြီး၏ ဗုဒ္ဓါနုဿတိဘာဝနာမှ-)

0 comments:

Search This Blog

Blog Archive

Visitor

-