Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

`ဟိုက်! မေ့ပြီ၊ ဒီနေ့ ကော်ဖီ ၅ ခွက်သောက်ထားတာကိးု။ ဒါကြောင့် ငါအိပ်မပျော်တာကိုလို့ တွေးရင်း´ လူအိပ်ချင်သော်လည်း မအိပ်ဖြစ်တဲ့စိတ်ကြောင့် အိပ်ယာထဲမှနေရင်း ဒေါသထွက်မိတယ်။ လူက မနက်ဖြန်အလုပ်များမယ်ဆိုကမှ အိပ်မရကာ တုန်ရင်နေသော ရင်ခုန်သံကြောင့် ရှိရင်းစွဲ ဒေါသကို နှိုးဆွလို့နေပါတယ်။

ဒေါသထွက်လေလေ အိပ်ချင်စိတ်မဲ့လေလေကြောင့် ခုတင်ပေါ်မှာ ဟိုဘက်လှဲ့၊ ဒီဘက်လှဲ့ လုပ်နေတာ တော်တော်လေးကြာတော့ `အိပ်မပျော်ဘူးလား၊ ဗိုက်နာလို့လား´ မေးသံလေးကိုကြားမှ ကိုယ့်ဘေးမှ လူတစ်ယောက်ကို အသိဝင်လာမိတယ်ဗျာ။ အားလည်းနာသွားမိတယ်။ `အိပ်မပျော်ရင်၊ ဒီဘက်ကိုတိုးလေ။ လာလာဒီဘက်ကို´ ဆိုပြီး သူ့ဘက်ကို တိုးခိုင်းတာကြောင့် သူ့အလိုကျတိုးလိုက်ပါတယ်။ သူကလည်း ကိုယ့်ဘက်ကို တိုးလာတာကြောင့် မျက်နှာချင်းဆိုင် မကျတကျလေးဖြစ်သွားကာ နွေးထွေးတဲ့ရင်ငွေ့ နွေးနွေးလေးအောက် ရောက်ရှိသွားပါတယ်။

`အသက်ကကြီးနေပြီ၊ အခုထက်ထိ ဒီအတိုင်းဘဲ´ ဟုဆိုကာ ဘာမပြော၊ ညာမပြောနှင့် ခေါင်းလေးထက် သူလက်ကလေးတင်ကာ ဘုးရားစာရွတ်ဆိုသံလေးကို ကြားလိုက်ရတဲ့အခါမှာ ရင်ထဲကော၊ သွေးထဲမှာပါ နွေးကနဲလေး ခံစားလိုက်ရပါတယ်။ `ဪ မေမေ၊ မေမေ´ လို့ ရင်ထဲမှ ခေါ်လိုက်ပေမယ့် အမှောင်ထဲမှာ ဖြစ်ထွန်းသွားသော မျက်နှာပေါ်က ပီတိအပြုံးလေးကို စိတ်ထဲက မြင်လိုက်ရပါတယ်။ `ဪ အသက် ၃၀ ကျော်နေသော သမီးတစ်ယောက်ကို ကလေးတစ်ယောက်လို ယခုထက်တိုင် ပြုမူတတ်သော မေမေကို သမီးတစ်ယောက်ရင်ထဲက မဖော်ပြနိုင်သော ချစ်ခြင်းတွေနှင့် ပြန်လည်းကျေးဇူးဆပ်ဖို့ အခွင့်ပေးနိုင်ပါစေ မေမေရယ်´ လို့ ရင်ထဲက ဆုတောင်းနေမိတယ်။

`အဲ´ နောက်ထပ် နွေးထွေးနူးညံ့တဲ့ လက်ကလေးတစ်ဘက်က ကျမအား ဖက်အထားမှာတော့ ကိုယ့်လက်ကလေးဟာလည်း မေမေ့ကို ဖက်ထားလျှက်သားပါ။ ဆေးသနားခါး နှင့် ပရုတ်ဆီနံ့လေး သင်းတဲ့ ရင်ခွင်မှာ မှေးစက်ရင်း ငယ်စဉ်ကတည်းက သမီးတစ်ယောက် အိပ်မပျော်သော ညတိုင်းထွေးဖက်ကာ သိပ်ရင်း ညတိုင်းခေါင်းပေါ်လက်တင်ကာ ဘုရားစာဆိုရင်း သိပ်တတ်သော မေမေတစ်ယောက်ရဲ့ ချစ်စရာစရိုက်လေးနှင့် ရင်ခွင်နွေးနွေးလေးအကြောင်း စဉ်းစားတွေးတောရင်း နွေးထွေးသော ရင်ခွင်အောက်မှာ....................။ ။

(မွေးမိခင်အား ဦးထိပ်ထား၍ ကမ္ဘာပေါ်ရှိ မိခင်များ၏ရင်ခွင်ငွေ့အား ၇ှစ်ခိုးကန်တော့လိုက်ပါတယ်ဗျာ။)

1 comments:

သနားခါးနံ့သင်းသင်းလေးနဲ့ မေမေံရင်ခွင်လေးကိုလွမ်းလိုက်တာသယ်ရင်းရာ
အမေ့နေရာကိုတော့ ဘယ်သူ့ကိုမှ အစားမထိုးပါဘူးသယ်ရင်းရယ်

Search This Blog

Blog Archive

Visitor

-