Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

ကျွန်တော်လေ ကိုယ့်ကိုယ်ကိုအထင်ကြီးသမျှ အလကားကောင်လို့သာ ပြောလိုက်ချင်တယ်။ ဘ၀မှာ လိုချင်တဲ့လောဘတွေနဲ့ ပြည့်နေတော့ တချိန်လုံးလိုလို သောကကင်းတဲ့ဘ၀ဆိုတာကို သိပ်မ၇ခဲ့ဘူးဗျ။ ဖြစ်ချင်လေလေ လိုက်လုပ်လေလေနဲ့ ကုန်ဆုံး၇တဲ့အချိန်တွေဟာလည်း မနည်းတော့ပါဘူးလေ။ ဘ၀ကျောင်းကိုတစ်ခုထက်မက (ကိုယ့်လက်ရှိထက်) အောင်မြင်ချင်တော့ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုအလိုမကျတာတွေ၊ အားကုန်လာတာတွေကိုခံစားလာရတယ်။

ဘယ်အရာမဆို ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့ အယူက ကိုယ့်ကိုယ်ကိုဒုက္ခပေးမှန်းမသိပေးနေတာကို ကိုယ်တိုင်မသိတော့ဘူးလေ။ ကိုယ့်ဘ၀မှာ ဘယ်အရာကိုဦးစားပေးရွေးချယ်ရမယ်၊ ဘာတွေဖြစ်သင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာတွေဟာ `လောဘ´တရားရဲ့ အောက်မှာပျောက်ကွယ်သွားတော့တာပါပဲ။ အပူတွေတွေးနေမိတော့ လူကိုကအပူသည်ရုပ်ပေါက်နေပြီး သေကောင်ပေါင်းလည်းလို လူတစ်ဦးဖြစ်နေတာပေါ့။ အများကတွေ့တော့လည်း စိတ်ချမ်းသာမှုမရှိ၊ ကိုယ်ကိုယ်တိုင်ကလည်း မပျော်နဲ့ တကယ်ဒုက္ခကို ရှာဖွေသူ၊ သနားစရာမကောင်းတဲ့ သူတစ်ဦးဖြစ်နေတာပေါ့ဗျာ။

အချိန်တစ်ချိန်လည်း ကုန်ဆုံးရော ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပဲ ဦးစားပေးလုပ်ဆောင်ကြရတာပါဘဲဗျာ။ ကိုယ်မလုပ်လည်းလုပ်မယ့်သူက အဆင်သင့်ဘဲလေ။ ကိုယ်မရှိလည်း လူတိုင်းဟာ သူတို့ ဘာသာ သူတို့ရပ်တည်နိုင်ပါတယ်။ လောဘကကော ကိုယ့်အတွက်မကောင်းတဲ့ဆိုးကျိုးသာဖြစ်စေတာပေါ့။ ဒါပေမယ့် လူဆိုတာတိုးတက်ဖို့အတွက် လောဘာတော့ ရှိသင့်ပါတယ်။ ဘယ်အချိန်မှာ ဘယ်အတိုင်းအတာအတွက်ဆိုတာကိုတော့ စံထားကာဆုံးဖြတ်ရမှာလည်း အရေးကြီးတာပေါ့ဗျာ။

လောဘကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့သာ၊ ဘ၀ပျက်ဖို့သာ ရာခိုင်နှုံးများပါတယ်။ အထူးသဖြင့် ကျွန်တော့်အကြောင်းကို ပြောပြချင်တယ်ဗျာ။ ကျွန်တော့်လက်ရှိအလုပ်က တစ်ပတ်တစ်ရက်ထဲ ဖြစ်တဲ့ part-time job ပေါ့။ ကျန်တဲ့လုပ်ခနဲ့ပေါင်းရင် သူများတစ်လစာလောက်နီးနီးရှိတယ်ဗျ။ ဒါကို နောက် full-time job တစ်ခုသွားလျှောက်တယ် ကျွန်တော်ငတုံးကောင်ပေါ့ဗျ။ ဒီအလုပ်ကလည်းနောက် 2လနေမှာခေါ်မှာကို မျှော်လင့်နေခဲ့တယ်။ စဉ်းစားကြည့်ဗျ ကျွန်တော့်လောက်တုံးတဲ့ ငတုံးမရှိဘူးထင်တယ်ဗျာ။ ဒါကို မိသားစုဝင်တွေ သတိပေးတော့မှ သတိဝင်လာမိတယ်။ တကယ်တမ်းတော့ လောဘတက်တော့ အရာအားလုံးကိုမေ့သွားတာပေါ့ဗျာ။ လက်ရှိဟာ လက်မဲ့ထက်အကောင်းဆုံးပေါ့ဗျာ။ ဒါပေါမယ့် လူဆိုတာဟာ လက်ရှိဘ၀၊ လက်ရှိအရာမှန်သမျှကို တန်ဖိုးထားရမှန်းမသိကြတာပါဗျာ။ မရနိုင်တဲ့ အရာကိုမှတန်ဖိုးရှိတယ်၊ ကိုယ့်အတွက်အသုံးဝင်တယ်ဘဲထင်နေကြတာပါ။ ဒါကိုဘဲ လိုချင်ကြတယ်ဗျာ။

အမှန်တကယ်တော့ ကိုယ့်အစွမ်းရှိသလောက်ကြိုးစားပြီးရရှိလာတဲ့ အရာမှန်သမျှကို တင်းတိန်ရောင့်ရဲကာ၊ တန်ဖိုးထားတတ်ရပါမယ်။ မဖြစ်နိုင်၊ မရနိုင်တာကို မျှော်လင့်သူဟာ ဖိုးလမင်းကြီးကို လိုချင်တယ်ဆိုပြီး ရူးသွပ်ကာ တမ်းတနေသူတွေပါ။ တကယ်လက်တွေ့မှာ ဖြစ်မလာပါဘူး။ ဒီလို လောဘနဲ့ ရူးသွပ်နေသူတွေဟာ နိုးနေလျက်နဲ့ အိပ်မက်မက်နေသူတွေပါ။ လူတိုင်းဟာ ဒီအိပ်မက်ကို နိုးနေလျှက်မက်နေသူတွေပါ။ ဒီလိုမက်သူတွေကို ကျွန်တော့်လိုမဖြစ်အောင် သတိပေးရင်း........နေ့ခင်းအိပ်မက်များမှ လွတ်မြောက်နိုင်ပါစေနော်ဗျာ။ ။

1 comments:

မရနိုင်တဲ့ဖိုးလမင်းလေးကိုတော့ မမျှော်တော့ပါဘူးကွာ
အေးချမ်းတဲ့ဘ၀တစ်ခုကိုတော့ ငါလိုချင်နေတယ်
သေချာတာတစ်ခုတော့ရှိတယ် အဲဒါကတော့ အပူတွေအားလုံးငြိမ်းစေမဲ့ ငြိမ်းအေးတဲ့နေရာလေးတစ်ခုပေါ့ဟာ

Search This Blog

Blog Archive

Visitor

-