Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

Christmas နှင့် New Year အချိန်အခါကို မရောက်ခင်ကတည်းက လူတွေဟာသူတို့အတွေနဲ့သူတို့ ကြည်နူးကာ စိတ်ကူးထဲမှာ ၇ူးနေကြတယ်ဗျာ။ ဒီအချိန် မရောက်ခင်ကတည်းက ဒီအချိန်မှာ သုံးဖို့၊ နေဖို့၊ ပျော်ဖို့ တို့အတွက် ငွေကိုကြိုတင်စုဆောင်းကာ စိတ်ကူးကောင်းကိုယ်စီ မွေးကာ စုဆောင်းမှုတွေ လုပ်ဆောင်တတ်ကြပါတယ်။

ကျွန်တော့်ရဲ့စိတ်ကူးလေးက အေးချမ်းလှတဲ့အချိန်မှာ မွေ့ရာလေးပေါ်မှာ စောင်လေးနဲ့ကွေးပြီး နှစ်သစ်ရဲ့နေ့သစ်ကို ကြိုဆိုချင်တဲ့ဆန္ဒလေး၇ှိတယ်ဗျ။ အ၇က်မကြိုက်တဲ့ ကျွန်တော်၊ အဖော်မဲ့နေတဲ့ ကျွန်တော်၊ ဆူညံမှုကိုမကြိုက်တဲ့ ကျွန်တော်ဟာ .....ဒီအချိန်မှာ ကော်ဖီခါးခါးတစ်ခွက်ကို တရှိုက်မက်မက်သောက်ရင်း၊ TV ဖန်သားပြင်ကနေ ကမ္ဘာတဝန်းက လူတွေရဲ့အပျော်ကို မြင်၇၇င်ဖြင့် ကျွန်တော့်ရင်ကို ကြည်နူးစေတယ်ဗျာ။

ငယ်တုန်းကလည်းငယ်တဲ့အလျှောက်မို့၊ ကျောင်းတက်တုန်းကလည်း စာတွေရဲ့သောကတွေနဲ့မို့ ဒုက္ခတစ်ဝက်နဲ့ နှစ်သစ်ဆိုတဲ့အ၇ာကို တခါမှ စိတ်ကူထဲကအတိုင်း မကြည်နူးခဲ့၇ဘူးဗျာ။ ဒီ 2009 မှာတော့ သောကတွေလည်းရှင်း၊ အိမ်နဲ့ မိသားစုနဲ့ကလည်းဝေးသမို့ စိတ်ကူးထဲကအတိုင်း အကောင်ထည်ဖေါ်နိုင်ဖို့ စိတ်ကူးနဲ့အခန်းလေးကို ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ ကံတရားကပေးမယ့် မျက်နှာသာကိုတော့ ဒီနှစ်တော့ ခံစားကြည့်မယ်ဗျာ။

အခန်းလေးကိုရှင်းလင်းပြီး ကြည်နူးတဲ့စိတ်ကို “ကလင်၊ကလင်” မြည်သံလေးက နိုးထစေခဲ့တယ်ဗျာ။ “..............” “ဗျာ!!!!” လို့ အသံထွက်သည်အထိ ပြောချလိုက်မိတယ်။ “ဟုတ်ကဲ့၊ဟုတ်ကဲ့” ဆိုပြီး ဖုန်းအချမှာ ကျွန်တော့် အိပ်မက်လေးလည်း လွတ်ကျခဲ့ပြီဗျာ။ မေမေဆီကဖုန်းလေ နှစ်သစ်မှာ သူ့ရဲ့အသိတွေ ကျွန်တော်ံဆီိကု လာလည်ကြမှာမို့ ဧည့်ဝတ်ကျေပြွန်ဖို့ မှာတာတဲ့ဗျာ။ ဧည့်သည်က နှစ်ဖွဲ့တော်ဆိုတော့ အေးချမ်းတဲ့ရာသီမှာ နွေးနွေးလေးကွေးဖို့ ခွင့်မပြုဘဲ၊ ချွေးထွက်ခွင့်ပေးမယ့် ကံတရားရဲ့ မျက်နှာသာကို လိုက်လျော၇င်း ဒီဇင်ဘာအိပ်မက်ေ၇ ဒီနှစ်လည်း ပျက်ပြယ်ပြီကွာ။ ။

0 comments:

Search This Blog

Blog Archive

Visitor

-