Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


Christmas ဆိုတာကို ကြားတာနဲ့ ကျွန်တော့်ရင်ကို ခုန်စေတာအမှန်ပါ။ ၇င်ခုန်စရာ ဇာတ်လမ်းလေးကလည်းရှိခဲ့တယ်လေ။ ကျွန်တော်က christian ဘာသာဝင်မဟုတ်ပေမယ့် Christmasေ၇ာက်တိုင်း Church ကသူငယ်ချင်းတွေနဲ့ သီချင်းလိုက်ဆိုနေကြပေါ့။ ဒီအချိန်ေ၇ာက်ရင် ရှိသမျှအလုပ်တွေကိုချပြီး သူငယ်ချင်းတွေနဲ့ အတူ လိုက်ပြီး သီချင်းဆိုတတ်တဲ့ ကျွန်တော့်ကို အိမ်ကလက်မြှောက်ထားတတ်ပြီလေ။

2005 ကပေါ့ ဒီလိုအချိန်မှာလေ ကျွန်တော်သူမနဲ့ စတင်ဆုံတွေ့ခဲ့တာပေါ့ဗျာ။ သူမကိုစတင်တွေ့ချိန်က သိုးမွှေးအုပ်ထုပ်ကလေးကို ဆောင်းထားပြီး ဖြူလွလွကလေးဆန်တဲ့မျက်နှာလေးကိုဘဲ ၇င်ထဲစွဲကာ မြင်မြင်ခြင်းချစ်ခဲ့မိပါတယ်။ သူမလေးကလည်း သီချင်းဆိုကောင်းသောကျွန်တော့်ကို ခိုးခိုးကြည့်တာကို တွေ့နေ၇တာပေါ့။

ဒီလိုနဲ့ ရောဂါ၇လာတော့ သူငယ်ချင်းတွေကို သူမလေးအကြောင်းမေးတော့ သူငယ်ချင်းတွေက မချစ်မိဖို့ ကျွန်တော့်ကို ဖြောင်းဖြကြတယ်။ သူတို့တွေဘာလိုပြောပြော မ၇တဲ့အဆုံးမှာတော့ သူမလေးမှာ သွေးကင်ဆာေ၇ာဂါ၇နေတယ်တဲ့ဗျ။ ကျွန်တော့်၇င်ကို မိုးကြိုးပစ်သလိုခံစားလိုက်၇တာ။ အဲဒီနောက်မှာတော့ ညတိုင်းသူမအိမ်ရှေ့မှာ ကျွန်တော်ူချုင်းသွားဆိုတာ ညတိုင်းပေါ့ဗျာ။ သူမလေးကလည်းလိုက်ကာလေးဖွင့်ပြီးနားထောင်တတ်၊ ပြန်ခါနီးလက်ပြတတ်နဲ့ ကျွန်တော်တို့၇င်းနှီးကာ စကားပြောလာတဲ့အထိပေါ့။

2006 Christmas မှာတော့ ကျွန်တော်တို့ချစ်သူဖြစ်ခဲ့ကြပါတယ် (အားလုံးဝိုင်းကာတားနေတဲ့ကြားကပေါ့ဗျာ)
သူမရဲ့အကိုတွေကလည်း ကျွန်တော်ကိုတားပါတယ်၊ သူတို့ ညီမလေးက မဝေးလှတဲ့အချိန်လေးမှာ အားလုံးကို စွန့်ခွါသွားတော့မှာမို့ ကျွန်တော့်ကို ဒုက္ခမေ၇ာက်စေချင်လို့တဲ့ဗျာ။ ဪ.....အချစ်ဆိုတာ၇ယူဖို့မှ မဟုတ်တာဗျ။ တိုတောင်းလှတဲ့ဘဝကို ပိုင်ဆိုင်သူချစ်သူလေး စိတ်ချမ်းသာမယ်ဆို၇င် ဘာမဆိုပေးဆပ်ဖို့ ကျွန်တော်ဘက်ကအသင့်ဆိုတာ သူတို့တွေမသိလို့ဖြစ်မှာပါ။

သူလေးကလည်းကျွန်တော်ချစ်တတ်အောင်လည်းသူမလေးက အမျိုးမျိုးလုပ်တတ်ပါတယ်။ ဒီလိုနဲ့ပဲ ကျန်းမာေ၇းချို့တဲ့လာတဲ့ချစ်သူလေးကို ကြည့်၇င်း သူမဘေးကနေ အားပေးတတ်ခဲ့တာပေါ့။ 2007 Christmas မတိုင်ခင်မှာပေါ့ သူမဆေးရုံကိုတက်နေ၇ပြီး သေမယ့်အချိန်ကိုစောင့်စားနေ၇ပြီပေါ့ဗျ။ မသေခင် ၃၇က်မှာသူမလေးက ကျွန်တော့်လက်လေးကိုကိုင်ပြီး “ကိုကို၇ယ်ညီမလေး ဒီChristmas မှာ ကိုကိုလက်ကိုတွဲပြီး သီချင်းလေးတွေဆိုချင်လိုက်တာ ညီမလေးကို အခွင့်မပေးတော့ဘူးထင်တယ်ကိုကို၇ယ်”။
“ညီမလေးလေ ကိုကိုလက်ကိုတွဲပြီး တစ်ဘဝလုံးပျော်ချင်တယ်ကိုကို၇ယ်”တဲ့။ ဒီစကားလေးတွေဟာ ကျွန်တော့်ကို တစ်သက်တာမေ့စေမှာမဟုတ်တော့ပါဘူးဗျာ။ ညီမလေးရဲ့နောက်ဆုံးအချိန်မှာတောင် ကျွန်တော့်လက်ကို တွယ်ပြီး ဆုပ်ကိုင်ထားလိုက်တာ နောက်ဆုံးမှာ ညီမလေးရဲ့အစ်ကိုတစ်ယောက်ဖြုတ်လိုက်တာတောင် ကျွန်တော့်လက်လေးတွေ နွေးနေတုန်းပေါ့။

ကျွန်တော့်ကို သူငယ်ချင်းများက တောင်ပြောနေကြတယ် ညီိမလေး၇ယ်။ မေ့လိုက်ပါတော့တဲ့။ ညီမလေးကို ကိုကိုဘယ်တော့မှ မေ့လို့၇မှာ မဟုတ်ပါဘူးကွာ။ Christmas ညတိုင်း ထင်း၇ှူးပင်လေးအောက်သွားပြီး ကိုကို လက်လေးတွေ လေထဲမှာဖြန့်လိုက်တာနဲ့ အေးချမ်းတဲ့ နှင်းငွေ့နဲ့အတူ ညီမလေး ကျွန်တော်လက်ကိုဆုပ်ကိုင်နေမယ် ဆိုတာကို ကျွန်တော်ယုံကြည်တယ်လေ ညီမလေးေ၇။ ကိုကိုလေ ဒီChristmas မှာလည်း ထင်းရှူးပင်အောက်ကို အေ၇ာက်လာအုံးမှာပါ။ နောင်နှစ်နောင်နှစ်တွေေ၇ာပေါ့နော်။ ညီမလေး တစ်ယောက်ကေ၇ာ............................။ ။

1 comments:

သည်ရင်းရေ ထိတယ်ကွာ...
ခရစ်မတ်တွေကို ကြောက်လာတယ် ဒီရက်တွေကို ပြက္ခဒိန်ထဲကထုပ်ပေးကြရင်ကောင်းမှာဘဲနော်

Search This Blog

Blog Archive

Visitor

-