၇နံ့ပျယ် ဆူးကြွယ်
နွမ်းလျတဲ့ ဒီပန်း
ဆူးရှိလျှက် ခူးလိုလျှင်
ခူးပါမောင်
ဆူးကိုတော့ မဖယ်ရှားပါနဲ့
ဆူးပယ်လျှင် ၇န်ငယ်ကိုမရှောင်ရှားနိုင်လို့ပါမောင်၇ယ်၊
နွမ်းနေပါလျက် ခြွေလိုလျှင်
ခြွေပါမောင်
တစ်စစီတော့ မခြွေပါနဲ့
ဘဝကိုအနေမပျက်အောင်ပါမောင်ရယ် ၊
သင်းပံျ့တဲ့၇နံ့ငယ်ကို ရှုလိုလျှင်လည်း
ရှုလှည့်ပါမောင်၇ယ်
ရနံ့ငယ်ကို မနှစ်မြို့လျှင်
အပြစ်လို့ဆိုပြီး မပြစ်ပယ်ခဲ့ပါနဲ့မောင်ရယ်၊
ပန်းနွမ်းမှာ အနေမပျက်ပေမယ့်
မောင်တစ်ယောက် ဝဋ်လည်မှာစိုးလို့ပါမောင်၇ယ်။ ။
Posted by
Chit Latt
1 comments:
ကြိုက်တယ်သယ်ရင်းရေ...
Post a Comment