တစ်ခါက စာရေးဆရာလည်းဖြစ်၊ တက္ကသိုလ်ဆရာလည်းဖြစ်သူတစ်ဦးဟာ သူ့ရဲ့ leacture မှာ သူအကဲဖြတ်ဒိုင်လုပ်ခဲ့ရတဲ့ ပြိုင်ပွဲလေးတစ်ခုကိုပြောပြသတဲ့။ ဒီပြိုင်ပွဲလေးဟာ သူတစ်ပါးကို ဂရုအစိုက်နိုင်ဆုံး ကလေးငယ်ကို ရှာဖွေဖေါ်ထုတ်ကြည့်တဲ့ပွဲလေးပေါ့။
ဒီပြိုင်ပွဲကို အနိုင်ရစွတ်ခူးသွားသူကလေးကတော့ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးပေါ့ကွယ်။ ကလေးငယ်ဟာ ဒီဆုကို ဘာကြောင့် ရရှိသွားသလဲဆိုရင် သူ့မှာ အသက်အရွယ်ကြီးတဲ့ အိမ်နီးချင်း အဖိုးအို တစ်ဦးရှိသတဲ့။ ဒီအဖိုးအိုဟာ သူ့ရဲ့တစ်ဦးတည်းသောမိသားစုဝင် ဇနီးသည်ဟာ မကြာမှီကမှဆုံးပါးသွားတဲ့အတွက်၊ အဖိုးအိုဟာ ငိုကြွေးတာကို ကလေးငယ်မြင်လျှင် အဖိုးအိုဆီကိုသွားပြီး အဖိုးအိုဘေးက ခုံအလွတ်မှာ သူ့အားလေးနဲ့ အတင်းတွယ်ကုပ်တက်ပြီး သွားထိုင်တတ်သတဲ့။
ဒါကို ကလေးအမေကတွေ့တော့ “သားသား ဖိုးဖိုးကို ဘာတွေသွားပြောတာလဲလို့” မေးသတဲ့။ ဒီတော့ ကလေးငယ်လေးပြောလိုက်တာကတော့ “ဟင့်အင်း၊ ဘာမှမပြောဘူး။ ကျွန်တော် ဖိုးဖိုးကို ကူပြီးငိုပေးတာလေ.....”။ ။
translates from "The Most Caring Child" by Ellen Kreidman.
[လူတစ်ဦးနှင့်တစ်ဦး စာနာနားလည်မှုတွေနဲ့ မျှဝေခံစားပေးတတ်ကြခြင်းဖြင့် ချစ်ခြင်းတရားပြည့်တဲ့ ကမ္ဘာလေး ငြိမ်းအေးပါစေ။ ]
Posted by
Chit Latt
0 comments:
Post a Comment