ပြာလဲ့လဲ့....ပင်လယ်ပြင်ရဲ့
စွဲညှို့တဲ့...အလှတရား
အေးမြတဲ့လေညှင်းတို့က
ရူပါရုံဖြင့်ဖိတ်ခေါ်
သဘာဝတရားဖြစ့်.....ယစ်မူးစေလို့
ိတို့လူသားရယ်....စက်ကွင်းမိ
ကူးဖြတ်လို့သာကြည့်...။
ခွန်အားနှင့်စွမ်းအားကူ
ဥာဏ်စွမ်းကိုပါယူလို့
ကြံ့ခိုင်မှုနှင့်...ကောင်းတွေစု
အလုံခြုံဆုံး လှေငယ်
လူသားတို့... ဆောက်လုပ်ခဲ့တယ်။
အချိန်တန်လို့...ကမ်းကိုအစွန့်
ယုံကြည်သူ...ငယ်သားဖို့
စွန့်စားဖို့လိုက်ပါရင်း
ဘဝကိုပုံ..အန္တ၇ယ်ကြုံ၇င်ဖြင့်
နှစ်ကိုယ်တူကျော်လွှား
စိတ်စွမ်းအားဖြင့်
လမ်းသစ်ကိုမှန်းကာ
ရွက်အစုံကို....အားကုန်သုံးကာ
ဖွင့်ကြ၇င်း....လှမ်းလို့သာဖြတ်။
မာယာရှင်....ပင်လယ်ပြင်က
မျက်နှာသာမပေး
မမြင်သာ...ကမ်းအဝေးမှာ
မာယာဖြစ်...တိမ်ညိုတွေဆင်
အသံဖြင့်....စိတ်ကိုခြောက်
ခက်ထန်တဲ့...လေပြင်းကိုဖန်
ကြီးမားတဲ့...လှိုင်းတို့အကြား
ပျော်ရွှင်မှုကို...ဖျက်ဆီး
လှေငယ်ကို..ဝါးမျိုဟန်ပြင်
အကြိမ်ကြိမ်ပင်........။
ပဲ့ကိုင်ရှင်ရဲ့....စွမ်းအားနှင့်
ငယ်သားရဲ့...ချစ်ခြင်းတရားက
ဒုက္ခပင်လယ်အား
အားသစ်များဖန်တီး
အတူတူ ကျော်ဖြတ်ရင်း
လမ်းသစ်ဆီသို့...ရှေးရှုကာ
လှေငယ်ဖြင့်....ခရီးဆက်ရင်း
ပင်လယ်ပြင်ကို အံ့တု
ဘဝတစ်ခုကို ခိုင်မာအောင်တည်ရင်း.....
ဒုက္ခများစွာကို တူတူကျော်ဖြတ်ဖို့....
တွဲသောလက်များ...မြဲစေခိုင်စေ....ကြင်ဖော်ရေ။ ။
Posted by
Chit Latt
0 comments:
Post a Comment