Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

တဝုန်းဝုန်းနဲ့ ခြိမ်းနေတဲ့မိုးခြိမ်းသံနှင့် အဆက်မပြတ်အငြိုးနဲ့ ရွာကျနေသော မိုးေ၇တွေကာ ကျမရဲ့၇င်ထဲက စိုး၇ိမ်စိတ်ကို လွှမ်းမိုးနိုင်မယ် မထင်ပါဘူးမောင်၇ယ်....။ ဒီအချိန်ေ၇ာက်၇င် တွေ.နေကျနေ၇ာလေးမှာ မောင်စောင့်နေမယ်ဆိုတဲ့အသိက... ကျမ၇င်ကိုပျော်၇ွှင်စေတာ အမှန်ပါမောင်၇ယ်......။

သို.သော်............မိုးေ၇ထဲမှာ မောင်တစ်ယောက်ထဲဆိုတဲ့အသိနဲ့၊ ချမ်းအေးနေမလားဆိုတဲ့အတွေးက.... ကျမခြေလှမ်းများကို နိုးကြားမှုတွေနှင့်တကွ မာ၇သွန်သမားလား ထင်မှတ်မှား၇အောင် မြန်နေတယ်ဆိုတာကို ဘေးကသတိပေးသံ၊ ကြိမ်းမောင်းသံတွေကြားမှဘဲ အ၇ှိန်လျော့မိတော့တယ..်။ ဒါပေမဲ့ အချစ်ဆိုတဲ့အ၇ာဟာ စွမ်းအားများကိုပေးစေတာ ချစ်ဖူးသူတိုင်း နားလည်ကြမှာပါနော်.....မောင်၇ယ်။ ချစ်ကြသူတိုင်း၇ဲ.၇င်ထဲမှာ......အချစ်ဆိုတာ ပင်လယ်ရေကိုသောက်ကြသလိုပါဘဲ.......။ အချစ်ဟာလည်း သောက်လေလေ......ငတ်မပြေဆိုတာ.... ချစ်ဖူးသူတိုင်း ချစ်ကြသူတိုင်း နားလည်ပေးနိုင်မှာပါ။

ဪ....ဒီမိုးသည်းတဲ့နေ.ကလေးဟာ.... တချိန်ချိန်ကလည်း မောင်နဲ.ကျမအတွက် အမှတ်တ၇ဖြစ်စေခဲ့တာ ဒီလိုနေ.လေးလေ ။ ဒီမိုးသည်းတဲ့နေ.မှာပေါ့............ကျမတကိုယ်လုံး၇ွှဲ၇ွှဲစိုကာ ချမ်းနေမှုကို ထီးစုတ်ကလေးက အကာအကွယ်မပေးနိုင်ခဲ့ပါဘူး။ ဝမ်းေ၇းအ၇ ၇ပ်တည်မှုပြု၇တဲ့ studyguide ဆိုတဲ့ ဒီငွေများများရတဲ့ အလုပ်သစ်ကလေးတစ်ခုကို ကျမလက်ခံခဲ့တာက အိမ်စ၇ိတ်ကမလုံမလောက်မို့ပါ။ တစ်ဘက်တစ်လမ်းက ထောက်ပံပေးသော အခြား guideတွေ ထက်စာ၇င် ဒီအလုပ်သစ်က ငွေအမြောက်အများ၇စေမှာမို. ကျမဆ၇ာရဲ့ အားပေးကူညီမှုဖြစ် ဒီအလုပ်ကို၇ခဲ့တာပါ။

ဆ၇ာရဲ.အပြောအ၇ အဆင့်အတန်းမြင့်သော အသိုင်းအဝိုင်းတို.၇ဲ့ ဂုဏ်နှင့်အညီ discriminationရှိနေတယ် ဆိုတာမဆန်းသော အ၇ာတစ်ခုပါ.......။ ကျမအတွက်ကတော့ အိမ်စ၇ိတ်ကို coverဖြစ်စေမှာမှိ. ကျန်သောအ၇ာများကို ခလုတ်ကသင်းတစ်ခုလို သဘောထားကာခရီးဆက်နေ၇တဲ့သူမို. ကျန်တာတွေကို ဂ၇ုမစိုက်အားပါ။ ၇၇ာအလုပ်ကိုလုပ်ပြီး မိဘကိုထောက်ပံဖို့သာအဓိကမို. အဆင့်အတန်းခွဲခြားမှုကို လစ်လျု၇ှုခဲ့၇ပေမဲ့၊ စိတ်ထဲမှာတော့ပြောနေမိပါတယ်။ မာနဆိုတာ ကျမတို.ဆင်း၇ဲသားတိုင်းမှာ ပို၇ှိတာကို လူကုံထန်တို. မသိလေေ၇ာသလား။ ဒီလိုနဲ.ဘဲ မိုးေ၇တွေ၇ွှဲရွှဲစိုကာဖြင့် ခမ်းနားထည်ဝါသော တိုက်ကြီးထဲသို.ေ၇ာက်၇ှိလာလျှင်ဖြင့် အကြည့်စူးစူးများ၇ဲ.အောက်မှာဖြင့် ပြာကျမတတ်ဖြစ်ခဲ့၇တဲ့ကျမ၊ ပြန်ချင်လောက်အောင်ဖြစ်ခဲ့၇ပေမဲ့ မိဘမျက်နှာများ ပြေးမြင်မိစဉ်မှာတော့ အားလုံးဟာကျမအတွက်တော့ မြေမှုံလေးလားထင်မှတ်ထားမိတယ်။

တကယ်လက်တွေ့ ကျမစာသင်စဉ်မှာတော့ ကျမဘဝတစ်လျှောက်မှာ ဒီမျှဆိုးသွမ်းသော ကျောင်းသားမည်သို.သောအခါမှ မတွေ.ဘူးပါ...။ အစကတွေးထင်ထားသော ကျောင်းသားပုံ၇ိပ်က ဤသို.မဟုတ်ပါ။ ယခုတော့ ကျမကျောင်းသားက လားလား ကျမထက် အသက်လအနည်းပင်ကြီးသေးတယ်။ ဆယ်တန်းကိုအခါခါကျကာ လူတကာ အော်ကျော်လန်နေသော ပြောမနိုင်ဆိုမနိုင်သော လူဆိုးလေးတစ်ယောက်ပင်။ guide အလီလီပြောင်းလာခဲ့တာ ကျမနှင့်ဆိုလျှင် (၈)ယောက်မြောက်။ မိန်းခလေးများ ထယ်လည်တွဲကာ ဗရုတ်သုတ်ခ ဒီကျောင်းသားကို အစပထမမှာ ကျမဘာဆက်လုပ်၇မည်မှန်း မသိအောင်စိတ်ပျက်မိတာက သေချင်လောက်အောင်ပါပဲ........။

ငွေဆိုတာ မရှိသူတွေအတွက်ကတော့ သည်းခြေကြိုက်မို့၊ အောင့်အီးသည်းခံကာ ဒီလမ်းကိုဆက်လျှောက်၇တာ ကျမအတွက်တော့မဆန်းသော ဆင်ခြေမို. မောင်ဆိုးသမျှခါးစီးကာခံ၇င်း ပြုပြင်ပြောင်းလည်းေ၇းလမ်းများကို တွေးတောကြံစီ၇င်း အချိန်တွေဟာကုန်လွန်ခဲ့တယ်......။ ၇ုပ်၇ည်အားဖြင့် သာမန်သာရှိသောကျမ၊ ၇ည်းစားဆိုလျှင် မူး၇င်တောင်၇ှုစ၇ာမ၇ှိတဲ့ဘဝမှာ လူချောလေးကိုလူ၇ှုပ်၇ဲ. အဆက်ပေါင်း မြောက်များစွာကို စိတ်မပါလက်မပါစွာဖြင့်ဖြေ၇ှင်း၇င်း မိန်းမချောများစွာ၇ဲ. ပါးစပ်ဖျားမှာ တဖြည်းဖြည်းနှင့် ကျမဟာလူဆိုးမ၊ အဖျက်မ ဖြစ်မှန်းမသိဖြစ်ခဲ့၇၇ှာတယ်.........။ သူကတော့ ဘာမှမပြောပဲ ဒိုင်ခံအမှုထုပ်တွေပေးကာ ကျွန်မကိုဖြေရှင်းခိုင်တော့တာပဲလေ။

ဒီလိုနဲ့ မောင်ရဲ.အခြေအနေဟာလည်း ကျမ၇ဲ.စိတ်၇ှည်မှု၊ အနွံအတာခံမှုကြောင့်တွေလားတော့မသိ တော်တော်လေးတိုးတက်လာကာ မောင့်၇ဲ. supportor အဖြစ် ဒိုင်ခံအမှုထုပ်များကို ဖြေ၇ှင်း၇သူ သူ.၇ဲ. ယုံကြည်သူလေးဖြစ်လာခဲ့တယ် ။ စာကိုလည်း စိတ်ဝင်တစားလုပ်လာခဲ့ပါတယ်။
မောင်ဟာလည်း တစတစနဲ. ကျမဘဝကို စိတ်ဝင်တစားမေးမြန်းလာကာ ဝင်ေ၇ာက်လာခဲ့ကာ၊ ကျမရဲ့ကိစ္စတော်တော်များများကို ပါဝင်ပတ်သက်ဖြေရှင်းလာခဲ့တယ်။ တိုးတက်လာတဲ့ဒီအခြေအနေကို ကျမတို.နှစ်ယောက် မသိခဲ့တာအမှန်ပါ။ ဪ........ မေ့နေလိုသိလား ပြောင်းလည်းသွားသော်မောင့်အခြေအနေကြောင့်လား မောင့်၇ဲ.တောင်းဆိုမှုကြောင့်လားတော့ ကျမ မသိခဲ့ ကျမဟာ လစနှစ်ဆတိုးကာ အချိန်တိုင်းလိုလိုဟာ မောင်နဲ.ဘဲကုန်ဆုံး ခဲ.ပါတယ်။ ဒါဟာ မောင့်၇ဲ.တောင်းဆိုမှုဆိုတာ နောက်ကျမှကျမသိခဲ့၇တာပါ ( ကျမရဲ့အားနည်းချက်တစ်ခုကို သူဟာတစ်ဖက်တစ်လမ်းကနေ လိုက်ပြီးပံ့ပိုးပေးနေတာ တကယ်ကို အစ်ကိုကြီးသဖွယ်ပါပဲ။)

အခုချိန်မှာတော့ မောင်တစ်ယောက်ဟာ အရင်ကနှင့်လုံးဝမတူ ပြောင်းလဲလို့လာခဲ့တာ အားလုံးအသိပါ။ ဆယ်တန်းကို ဂုဏ်ထူး(၂) ခုဖြစ် အောင်မြင်ခဲကာ ဘယ်သူတွေဘယ်လောက်တိုက်တွန်းတွန်း စီးပွါးရေးတက္ကသိုလ်သာ တက်ပြီး အပြင်မှာ စီးပွါးရေးတွေကိုသာ တောက်လျောက်လုပ်လာတာ၊ အခုဆို မောင်ဟာ တော်တော်လေးအောင်မြင်လို့ နေပါပြီ။ ကျမဘယ်သွားသွား၊ ဘာလုပ်လုပ် သူကရှေ့ကနေ ဦးဆောင်ပြီး ကျမကို လက်တွဲကာခေါ်နေသူလေ။

မောင်နှင့်ကျွန်မ အစစအရာရာနှိုင်းယှဉ်လျှင် ၇ုပ်၇ည်ေ၇ာ၊ ဥစ္စာ ပါ အစစသာနေပါသော မောင့်ကို လက်တွဲရမှာ ကျွန်မအားငယ်မိတာအမှန်ပါ။ မောင်ကတော့ ဘာကိုမျှ ဂ၇ုစိုက်ပုံ မပေါ်။ သူကပြောတော့ ကျမကိုချစ်တာ ၇ုပ်၇ည်ကြောင့်လည်းမဟုတ်၊ ပိုက်ဆံကြောင့်လည်းမဟုတ်။ ချစ်ခြင်လို့ကို ချစ်တာပါတဲ့။ အခုလည်း မောင့်မိဘက မောင့်နှင့် သဘောတူထားသူရှိတာကြောင့် ကျွန်မကို မောင်နှင့် မပတ်သက်ဖို့ လာရောက်ပြောထားတယ်။ မိန်းခလေးပေမဲ့ မာနတ၇ားအပြည့် ဆိုတော့ ဒီတစြ် ကိမ် မောင်နှင့် တွေ့ဆုံခြင်းဟာ လမ်းခွဲစကားပြောဖို့ ဆိုပြီးမောင်ဆီကျွန်မ ကြိုးစားကာလာခဲ့တာပါ။

ရောက်နေကျနေ၇ာလည်းေ၇ာက်ေ၇ာ် ထင်ထားတဲ့ အတိုင်းပဲ မောင်က စောစီးစွာ ရောက်၇ှိနေကာ မိုးတွေနှင့် ရွှဲ၇ွှဲစိုနေသောကျွန်မကို မောင်တစ်ယောက် ဘာမပြောညာမပြောနှင့် ကားပေါ်အတင်းတက်စေကာ စကားမပြောစေပဲ နီးရာစတိုးဆိုင်ကို အမြန်မောင်းခဲ့တယ်။ ထိုဆိုင်မှာပဲ ဝတ်စုံတစ်စုံကိုဝယ်ပြီး ထိုနေရာတွင်ပင်လဲစေကာ နွေးအောင်ကားထဲမှာ ထိုင်ခိုင်းတာကြောင့် သွားထိုင်နေလိုက်ပါတယ်။ ခဏအကြာမှာ အထုပ်ကြီးငယ်ဆွဲကာ ကားပေါ်တက်လာပါတယ်။ ကျွန်မစကားစဖို့ ပါးစပ်ဟလိုက်ရာ သူကခဏဆိုပြီး ကားပေါ်ကဆင်းသွားပြန်လေရော။ ဪ....မောင်တစ်ယောက်ဘာဖြစ်နေတာလဲနော်လို့ စိတ်ထဲထင်မိတယ်။ဒါပေမဲ့ ကျွန်မတို့ အတွက်နောက်ဆုံးအချိန်ပဲလေ ဆိုပြီး သည်းခံခါ မောင်လုပ်သမျှ ကြည့်နေမိတယ်။

သူဒီတစ်ခါကားပေါ်လည်းရောက်ရော ကျွန်မကစပြီးလမ်းခွဲဖို့ပြောပါတယ်။ ဒီတော့ မောင်ကမေးတယ် တကယ်မချစ်လို့ လမ်းခွဲမှာလား၊ သူများပြောလို့ လမ်းခွဲမှာလား လို့မေးလာတော့ ကျွန်မဘာမှမပြောနိုင်ပါဘူး။ ငိုလိုက်တော့တာပါပဲ။ သူကလည်း သူ့မိဘတွေကျမကိုလာပြောထားတာသိနေပုံပါဘဲ။ သူကိုယ်တိုင်လည်း ဖိအားတွေခံစားနေရပုံပါ။ ဒါပေမဲ့ သူဟာ ကျမကို ဘာမှမမေးပဲ သူကပြောတယ် “အများရဲ့ပြောဆိုချက်တစ်ခုတည်းနဲ့ ကာလကြာကြာတည်ဆောက်ထားတဲ့ တို့နှစ်ယောက်ရဲ့ ရည်မှန်းချက်ချက်ကို ဘာမဟုတ်တဲ့အပြောတွေနဲ့ ဖျက်၇မှာလား” လို့ မေးပေမဲ့ ကျွန်မက လမ်းခွဲဖို့အရေးတွင်တွင်သာ ပြောနေခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်ကြာကြာပြောအပြီးမှာ သူ့ဆုံးဖြတ်ချက်ချလိုက်တာတော့ လမ်းခွဲဖို့ပါပဲ။ ဒါပေမဲ့ မောင်က နောက်ဆုံးအကြိမ်ဘု၇ားသွားရအောင် ဆိုပြီး ပြောတော့ ကျွန်မလည်းလိုက်လျောမိတာလေ။

ကျွန်မတို့ နှစ်ယောက်တိတ်ဆိတ်စွာေ၇ွှတိဂုံဘု၇ားကို အသွားမှာပေါ့ ဘာမပြောညာမပြောနဲ့ မောင်၇ယ်လေ ရဲစခန်းထဲကို ကားကိုချိုးကွေ့ လိုက်ပါလေရော။ ကျွန်မလည်းဘာလုပ်တာလည်းလို့ မေးတော့ သူကပြောတယ် ကျွန်မကြိုက်ရာလမ်းကိုရွေးနိုင်ကြောင်း၊ ပထမနည်းလမ်းက နှစ်ဦးသဘောတူလက်ထပ်မှာလား၊ ဒုတိယနည်းလမ်းက ကျမအလိုမတူလျှင် တိုင်ချက်ဖွင့်နိုင်ကြောင်း ပြောကာ သူကိုယ်တိုင်က ကားပေါ်ကဆင်းပြီး ရဲစခန်းထဲဝင်သွားပါလေရောရှုင်။ ခဏအကြာမှာတော့ ရဲသားတစ်ဦးနှင့်အတူ မောင်ပြန်လာကာ ကျွန်မကိုလာခေါ်ပါလေေ၇ာ။ ဦးတည်ဦးကြောင်နှင့် အငိုမျက်လုံးတွေဖြစ် ရဲစခန်းထဲကို လိုက်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်ကာ အများေ၇ှ့မှာ ငိုချလိုက်မိတာ နူးညံ့သောလက်တစ်စုံ ပခုံးပေါ်ထိလို့ အငိုမျက်လုံးနဲ့ လှန်အကြည့်မှာ မောင့်ရဲ့တောင်းပန်တိုးလျှိုးတဲ့အကြည့်တစ်စုံကိုသာ ဝိုးတဝါးမြင်တွေ့၇တာပေါ့။

ဒီအချိန် မိုးသည်းသည်းမှာ နှစ်ဖက်သောမိဘတွေလည်းရောက်လာပါလေရော။ ကျွန်မကို ကျွန်မဘက်မိဘ နှင့် မောင့်မိဘတွေ၇ဲ့ တောင်းပန်သံတို့ကြောင့် ကြောင်တောင်တောင်ဖြစ်နေတာပေါ့။ သူတို့သားကို သဘောတူစွာ လက်ထပ်ဖို. နှင့် ကျွန်မမိဘတို့ဘက်ကလည်း တစ်ရှက်က နှစ်ရှက်မဖြစ်ဖို့ ဆူပူမှုတွေက ထပ်လို့သာနေပါတော့တယ်။ နောက်ဆုံးမှာ ဘာမှနားမလည်တော့ပဲဖြစ်နေတဲ့ ကျမကို မောင်က ခဏလိုက်ခဲ့လို့ဆိုကာ တနေရာလည်းအရောက် မောင်က “မောင့်ကို ယုံရင်၊ ချစ်ရင် ဘာမှမမေးနဲ့နော်၊ မောင့်တို့ လက်ထပ်၇အောင၊် မောင်တို့နှစ်ယောက် ဘဝကိုတည်ဆောက်ရအောင်” လို့ပြောလာတယ်။ ချစ်သူရဲ့ တောင်းပန်တိုးလျှိုးတဲ့ အကြည့်၊ သူ့ရဲအပြောတွေနှင့် ရှိ၇င်းစွဲချစ်ခြင်းတွေကြောင့် ကျွန်မလည်း မောင်အသင့်ယူလာသော လက်ထပ်စာချုပ်မှာ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ထိုနောက်မှာ မောင့်မိဘတွေ ဇွတ်ခေါ်နေသည့်ကြားမှ မောင်တစ်ယောက်ဟာ ခေါင်းမာစွာဖြင့် သူဝယ်ထားသည်ဆိုသော တိုက်ခန်းစီသို့ ကျွန်မကိုခေါ်ဆောင်လာခဲ့ပါတယ်။ လမ်းတစ်လျှောက်စိတ်ကတိုတိုနှင့် မေးသမျှကိုမဖြေလေတော့ ငိုရင်းဒေါသဖြစ်ရင်းလိုက်ပါလာခဲ့တာပေါ့။

တိုက်ခန်းအေ၇ာက် ဘာမပြောညာမပြောနှင့် ပစ္စည်းထုပ်တွေချကာ သယ်အပြီး ဧည့်ခန်းအေ၇ာက်မှာတော့ သူယူလာသောပစ္စည်းများကို ထုတ်ကာ၇ယ်လေတော့ ကျွန်မလည်း မေးလည်းမေး ရိုက်လည်း၇ိုက်မှ မောင်ပြန်ဖြေလိုက်တာကတော့ “ ဒီတစ်ကြိမ် ကျွန်မလာတွေ့ခြင်းဟာ နှုတ်ဆက်ခြင်းဆိုတာကိုသိလို့၊ ကျွန်မကို အဝတ်လဲပေးပြီး ကားပေါ်ခေါ်တင်ကာ စောင့်နေစဉ်မှာ သူဟာ ကျွန်မတို့အတွက် လိုအပ်သော ပစ္စည်းများကိုဝယ်ကာ နှစ်ဖက်မိဘများကို သူက ကျွန်မအလိုမတူဘဲ ခိုးပြေးလို့ ရဲစခန်းရောက်နေကြောင်း ပြောကာ၊ ကျွန်မအားတစ်ဖက်လှည့်ဖြစ် ရဲစခန်းသို့ ခေါ်ခဲ့ကြောင်းပြောလေတော့တယ်။” ဪ.... မောင့်မိဘတွေကိုယ်တိုင်တောင်းပန်ပြီး လက်ထပ်ခိုင်းသည်အထိ အကွက်ချချ စီစဉ်တတ်တဲ့ မောင့် ရဲ့ တဇွတ်ထိုးဆန်မှု၊ ဖြတ်ထိုးဥာဏ်ကောင်းမှုတွေကြောင့် ကျွန်မတို့နှစ်ဦး ခွဲခွါဖို့ မဖြစ်ခဲ့ပေမဲ့ ဒီလိုမိုးသည်းတဲ့နေ့မှာတော့ ဘဝလက်တွဲဖော်တွေဖြစ်ခဲ့၇တာမို့ မိုးရာသီဟာမောင်နှင့်ကျွန်မအတွက် အမှတ်တ၇ ရှိနေမှာအမှန်ပင်။ ။

0 comments:

Search This Blog

Blog Archive

Visitor

-