“ဂျစ်ဆုတ်လေးရေ...................ကိုယ်မင်းဆီကိုအရောက်လာနေပြီနော်......” လို. တစ်ကိုယ်တည်းပြောရင်း........
ကျွန်တော်လေ ဒီနေ.ကိုရောက်ရင် လုပ်နေကြအလုပ်လေးတစ်ခုကို လုပ်ဆောင်ဖို.ကို ဒီနိုဝင်ဘာလရောက်ကတည်းက ရင်ခုန်နေခဲ့၇တယ်။ လူတိုင်းကပြောကြတယ် ရယူသူနှင့်ပေးဆပ်သူမှာ ပေးဆပ်ခံရသူက ၇ှုံးနိမ့်သူဖြစ်ပြီး၊ ရယူသူကသာ အနိုင်ရတယ်သူတဲ့။ လူတိုင်းအယူအဆတော်တော်များများ တူကြလို.သာ တူမျှတဲ့ခံယူချက်တွေသာ ရှိနေတော့ အများနှင့်တစ်ယောက်ဆိုတော့ တစ်ယောက်သောသူရဲ. အယူအဆက အစဉ်မှန်ကန်မှု မရှိဘူးလို. ယူဆကြတာ သဘာဝတရားပါ။
ကျွန်တော့အမြင်ကတော့ ဘယ်သူဘာပြောပြော ကိုယ်လုပ်နေကြအလုပ်လေးတစ်ခုကို လုပ်နေကြရောက်ရင်လုပ်တတ်တာတော့ ခေါင်းမာတတ်တဲ့ ကျွန်တော့ရဲ. ကောင်းသောအကျင့်လေးပါ။ သူငယ်ချင်းများက ပြောတတ်တာတော့ ကောက်ရိုပုံစောင့်တဲ့ခွေးတဲ့၊ သူကိုလည်း မချစ်ဘဲနဲ.တဲ့။ ဒါကတော့ သူတို့ကျွန်တော်ကို ချစ်လို့ ၊ ကျွန်တော့်ဘက်ကနာလို.ပြောကြတာပါ။ ကျွန်တော့်ရင်ထဲကို ဝင်မကြည့်ဘဲ စွပ်စွဲနေကြတာ ကျွန်တော်ငယ်စဉ်ထဲကမို့ ဒီလိုအပြောမျိုးက ရိုးနေပါပြီလေ။
သူမနဲ့ ကျွန်တော် သိတဲ့အချိန်က ဟိုးငယ်ငယ်ကတည်းကပါ။ တစ်ဦးတည်းသောသမီး၊ ကျန်းမာရေးချူချာတတ်ကာ နှစ်စဉ်ကျောင်းတွေပျက်ကွက်တတ်တော့ မိဘဆွေမျိုးတွေက အလိုလိုက်ထားတဲ့
ကျွန်တော့်ရဲ့ ဂျစ်ကားစုတ်လေးကို အလိုလိုက်အလျှော့ပေးကာ ကရုဏာချစ်နဲ့ ချစ်ခဲ့ရသူပါ။ သူမကလည်း သူမအလိုကျပြုသမျှကို အလျှော့ပေးတတ်တဲ့ ကျွန်တော့်ကို ဆိုးတော့တာ ဘေးကလူတွေ ပြောယူရတဲ့အထိပါ။
ဒီလက သူမရဲ.မွေးနေ့လေ။ ငယ်စဉ်ကတည်းက အတူတကွ ကျင်းပတတ်ကာ ကျွန်တော်အဝေးရောက်နေချိန်မှာတောင် ဖုံးလေးဆက်ပြီး အတူတူကျင်းပ ခဲ့တာပါ။ ချစ်သူတွေအများကြီးထားကာ အချိန်တွေကုန်နေတတ်တဲ့ သူမက မွေးနေ့ကိုရောက်ရင်တော့ ကျွန်တော်နောက်ကျမှ wish လုပ်ရင်တော့ စိတ်ကောက်တော့တာပဲလေ။ အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးလာကာ သူမဖက်က ဆက်ဆံမှုတွေဟာလည်း ပြောင်းလည်းလာတာ သိသိသာသာပါဘဲ။ သူငယ်ချင်းများက ဖွင့်ပြောအောင် တိုက်တွန်းလာတဲ့အထိပါဘဲ။ ငတုံး၊ စောက်ပေါလို. ပြောလာကာ ဝိုင်းဟားလာကြပြီ ဂျစ်ဆုတ်လေးရေ။
ဂျစ်ဆုတ်လေးကလည်း ပြောင်းလဲချင်ပြီထင်တယ်။ ဂျစ်ဆုတ်လေးေ၇............. မင်းကို ကိုယ်လေဘယ်လောက်ချစ်သလဲဆိုတာ ကိုယ်တာအသိဆုံးပါ။ ကိုယ်ပျိုးတဲ့ပန်းကို ကိုယ်တိုင်မခူးဝံ့တာ ဥယျာဉ်မှုးတိုင်းရဲ့ ဆန္ဒပါ။ အရိပ်တကြည့်ကြည့်နဲ့ ဘေးကနေပြီး လိုတာကို အစဉ်ဖြည့်ဆည်းပေးဖို့သာ ကိုယ်ရည်ရွယ်ခဲ့တာပါ ဂျစ်ဆုတ်လေးရာ။ နှလုံးရောဂါသည် ဂျစ်ဆုတ်လေးကို အိမ်ထောင်သားမွေးဖို့တောင် ခွင့်မပြုထားတာ ကိုယ်သိသမို့ ဘေးကဖြည့်ဆည်းရင်း ချစ်နေရရုံဖြစ်ကျေနပ်နေသူပါကွာ။ ဂျစ်ဆုတ်လေး တစ်ယောက် ပျော်ရွှင်သောမွေးနေ့ပေါင်း မြောက်များစွာကို ကိုယ်နှင့်အတူတူကျင်းပနိုင်ပါစေလို. ကိုယ်ဆုတောင်းရင်း ဂျစ်ဆုတ်လေးရှိရာ ဆေးရုံလေးဆီသို့ ကားလေးကို ဦီးတည်ရင်း......................။ ။
[အမှတ်တရ မေမေဘဝ တစ်စိတ်တဒေသလေးပါ။ Happy Birthday မေမေရေ...........]
Posted by
Chit Latt
0 comments:
Post a Comment