“ဪ.........စိတ်မပူပါနဲ.ကွာ။ ပိုင်ပါတယ် ဒါလေးများ................။” ဟုဆိုလိုက်တဲ့ သူငယ်ချင်းစကားက ကျွန်မရင်ကို ပူလောင်စေတာ အမှန်ပါ။ ကိုယ်အတွက်မဟုတ်ဘဲနဲ. သူ.အတွက်စိုး၇ိမ်လိုက်တာပါ ။ ပြောလို.လည်း၇မယ်မထင်တော့တာနဲ. အဖတ်တင်မခံ၇အောင်မပြောတော့ပါဘူးလေ။ ကိုယ်အတိုက်အခံပြောနေရင်တော့ မိန်းကလေးအချင်းချင်း မနာလိုလို့ ပြောတာဟု အပြောခံရအုံးမယ်လေ။ ရှိပါစေတော့နော်...........၇ှိစေတော့။ သူလည်း ပြဿာနာဖြစ်လာရင်
ဖြေရှင်းနိုင်ပါစေလို. ရင်ထဲက လှိုက်လှိုက်လဲလဲ ဆုတောင်းပေးနေမိတော့တယ်။
ဪ ........ဒီလိုပါ။ ကျွန်မသူငယ်ချင်းလေ တပြိုင်နက်ထဲ ရည်းစား ၃ ယောက် ထားတာကို သိလို. ကျန်တဲ့သူငယ်ချင်းတွေက တားမြစ်သတိပေးတော့ သူကရီပြီးတော့ ဒီအဖြေဖြေတော့ ကျန်သူတွေ ဘာပြောရအောင်မသိတော့ဘူးပေါ့။ မိန်းခလေးဆိုတော့ တစ်ခုခုဖြစ်ရင် ကိုယ်သာနာမည်ပျက်နှင့် ကျန်မှာကို စိုးရိမ်ကြတာလေ။ သူကတော့ ယောကျာ်းဆိုတာကို ကစားစရာအရုပ်လို ထင်နေတယ်ပေါ့။ ကျားသတ္တဝါဆိုတာ ဆော့ဖို.ကို မသင့်ဘူးလေ။ ဒါကတော့ ........ကိုယ့်အမြင်နဲ. ကိုယ်ပါဘဲလေ။ သူမကတော့ .....ဒီလိုမထင်လို. သူ.ဇတ်သူနိုင်လို. ကတာပေါ့လေ။
ဒီလိုနဲ. လပေါင်းများစွာ ဒီ (၃)ယောက်ကို တွဲနေရုံတင်မကဘူး လာသမျှယောကျာ်းတွေနှင့် တွဲနေတော့တာပါပဲ။ ကျွန်မတို.တတွေ အံ့သြလိုက်အောင် သူ. မ အရည်အချင်းကို ချီးကျူးမိခဲ့တယ်လေ။ ဒီလိုနဲ. တနေ.မှာတော့ တက္ကသိုလ်ရဲ. ကော်ရီဒါတစ်ခုမှာ ဒီလူ(၃)ယောက်နဲ. သူမနဲ. ပြဿာနာဖြစ်ကြတယ်လို. သတင်းကြားတော့တာပဲ။ ဒီသတင်းက ဘယ်လောက်များ ကျော်ကြားသွားသလဲဆို ကျန်တဲ့အတန်းကသူတွေ လာပြောပြမှ သိတော့တယ်။ ကိုယ့်ကိုယ်ကိုလည်း တော်တော်တုံးလိုက်တာနော် ဘာကြောင့်နောက်ဆုံးမှသိ၇တာလည်းလို. အပြစ်တင်မိတယ်။
ဘယ်လောက်ထိဖြစ်သလဲဆို မျက်မြင်သက်သေတွေကလာပြောမှ တိတိကျကျသိရတော့တဲ့ ကျွန်မအဖြစ်လေ။ ယောက်ျားလေးတိုင်းက မေးလိုက် ပါးရိုက်လိုက်တဲ့အထိဖြစ်ကြတာတဲ့။ တစ်ယောက်ချင်းက ဓါတ်ပုံတွေ ပြပြပြီး သူမကို ရိုက်တော့တာတဲ.။ သူမကလည်း မခံဘဲပြန်ရိုက်တယ်လို.တော့ ကြားတယ်။ သူမ ကျောင်းတော်တော် ပျက်လိုက်တယ်။ ဒါပေမဲ့ practical ရှိတာကြောင့် တစ်ပတ်အတွင်းကျောင်းလာတက်၇တော့ သူမပါးပြင်မှာ လက်ရာများနဲ. ဖောင်းကားနေတာကို တွေရတယ်လေ။
သူမ က ကျားကိုကစားတာကိုနော်။ ဒါကတော့ သူမဘဝအတွက် သင်ခန်းစာ တစ်ခုပေါ့။ သူမတင်မကပါဘူး ကျွန်မလည်း ဘဝသင်ခန်းစာတစ်ခုကို သင်လိုက်ရတာပေါ့နော်။ ကျားဆိုတာ မကစားသင့်ဘူးလေ ၊ မိန်းမဆိုတာ ဖက်ခလေးပါ။ ဘယ်လိုပဲ ဆူးနဲ. ထိထိပေါက်တတ် ပြဲတတ်တယ်။ ဒဏ်ရာရပြီးရင်တော့ အမာရွတ်ဆိုတာ ကျန်စမြဲမို. ............ မိန်းခလေးတို.ရေ .......... “ကျားမှန်ရင် ....မကစားနဲ.နော်။”
Posted by
Chit Latt
0 comments:
Post a Comment