Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

အတိတ်ကဲ့ ကံကြမ္မာတို.က နှစ်ယောက်သားတွေ.ဆုံဖြစ်အောင်၊ ချစ်တတ်အောင်များ ဖန်လာလေသလား မသိ။

နှစ်ယောက်သား တွေ.ဆုံချိန်ကတည်းက နှလုံးခုန်သံများဟာ မြန်ဆန်လာကာ အသက်ရှုရပ်သွားမလား ထင်မှတ်လောက်အောင် ခံစားရစဉ်ကပင် သူဟာ တို.အတွက် အချစ်ဦးနှင့် အချစ်ဆုံးသော တစ်ဦးတည်းသောလူသား ဆိုတာကိုလေ......။ မင်းအကြည့်လေးတွေ သူတစ်ပါးဆီကို ရောက်နေတာနှင့် တပြိုင်နက် တို.ရင်ထဲက စိုးစိတ်တွေဟာ ထိန်းသိမ်းလို.မရအောင် ၊ သူတစ်ယောက်တည်း ရှိစဉ်မှာ တို.ရဲ.အနားမှာ ရှိရှိသမျှသော လူတို.တောင်ပျောက်ဆုံးသွားသရောင် ခံစားမိခဲ့တာ တို.သာအသိပါ။

ိတို.ရဲ.ဖုန်းကို သူဆက်စဉ်.... ထိုခဏကပင် ဒါဟာ ဒီတစ်ယောက်ဆိုတာ တို.သိခဲ့တာပေါ့။ ပထမဆုံးအကြိမ် ၇ုပ်၇ှင်အတူတူကြည့်စဉ်က သူရဲ့အော်သံလေးကိုကအစ တို.ကို ချည်နှောင်ထားတာ သူသိမှာပါ။ ဒီအချိန်ကတည်းက တို.ဟာ ကံအကောင်းဆုံးလူသား ဖြစ်တယ် ဆိုတာကိုပါပဲ။ ချစ်သူဘဝမှသည်...... အိမ်ထောင်သည် အဖြစ် ပြောင်းလည်းလာကာ သားသမီး(၂)ယောက် ထွန်းကားလာသည့်တိုင်အောင် ကမ္ဘာမှာ တို.ဟာ ကံအကောင်းဆုံး လူသားတစ်ယောက်ပဲပေါ့ကွယ်။

အချစ်ဦး ဆိုတာ.......တို.အတွက်တော့ ထာဝစဉ် မရိုးနိုင်တဲ့ သူ၊ ထိုသူဟာ အမြဲတမ်း သူကိုချစ်သေးရဲ့လား ဆိုတဲ့မေးခွန်းတွေနှင့် ညစဉ်တိုင်းမှာ မ၇ိုးနိုင်သော အနမ်းတွေဖြစ် အချစ်တွေကို ပေးနေသူလို. တို.ထင်မြင်မိတယ်။ အချစ်ဦးစုံတွဲများဟာ မရိုးနိုင်သော ချစ်ခြင်းများဖြစ် ဘဝများကို ရင်ဆိုင်ကျော်ဖြတ်နေကြတာဟာ အလွန်ကို ကြည်နူးဖွယ်ရာပါ။

တို.အတွက်ကတော့ အချစ်ဦးဆိုတာ မြင်မြင်ချင်းချစ်မိခြင်းနှင့် အစဉ်သဖြင့် ရင်ထဲဖြစ်တည်ကာ ကမ္ဘာတည်သမျှ သူ.ကို ထာဝရချစ်နေတော့မှာပါ။ အဘယ်ကြောင့်ဆိုသော သူဟာ ကျွန်မဘဝရဲ့ အားကိုးရဆုံးနှင့်အချစ်ရဆုံးသော ခင်ပွန်းသည်၊ သားနှင့်သမီးတို.၏ လေးစားချစ်ခင်ဖွယ်ရာ ဖခင်ကောင်းတစ်ယောက်ကြောင့်ပါ။ ဒီအပြင် ကျွန်မရဲ့ သူငယ်ချင်းကောင်း ဖြစ်သည်သာမက ကျွန်မ့ဘဝရဲ့ အချစ်ဦး နှင့် အချစ်ဆုံး သော လူသားတစ်ယောက်ပါ။

ထာဝရ နှင့် တစ်သက်စာ ချစ်ခြင်းများဖြင့် ........ မောင့်တစ်ယောက်တွက်သာ..................။

0 comments:

Search This Blog

Blog Archive

Visitor

-