တခါက စာပေဟောကြားသူပညာ၇ှင် တစ်ယောက်သည် သူရဲ့စကားလုံးများသည် သူ၏ကိုယ်ပိုင်သာဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ဆီကမှ ကူးယူသူမဟုတ်ကြောင်း အစဉ်ပြောကာ မိမိ ကိုယ်ကို ဂုဏ်ယူနေတာပေါ့။
တချိန်မှာ သူရဲ. စာပေဟောပြောပွဲအပြီးမှာ သူဟာပရိတ်သတ်ရဲ. တုံ.ပြန်မှုများစွာကို မျှော်လင့်ရင်း သူရဲ့စကားလုံးများသည် သူ၏ကိုယ်ပိုင်သာဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ဆီကမှ ကူးယူသူမဟုတ်ကြောင်း ကိုပြောကြားပြန်လေရော။
ဒီအခါမှာ ပရိတ်သတ်ထဲမှ အဖွားအိုတစ်ဦးက “ဆရာ ဟောပြောတဲ့စကားတွေက လူထုကို အကျိုးပြုပြီး တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့်................။ ဆ၇ာ့စကားလုံးတွေက ကျွန်မစာအုပ်တစ်အုပ်ထဲမှာ တွေ.ဖူးပြီးသားတွေ ဖြစ်နေတယ်ဆရာ။”
ထိုအခါ စာပေဟောကြားသူဆရာက ပြာပြာသလဲမေးလိုက်တာက “မဖြစ်နိုင်တာ။ ဒါကျွန်တော့်ရဲ့ ကိုယ်ပိုင်စကားတွေပါပဲ။ ဒါဆိုရင်တော့ အဲဒီစာအုပ်ကို ကျွန်တော့ကိုပြပါလား။”
အဖွားအိုက သူယူလာတဲ့ စာအုပ်ကို ထုတ်ယူကာပြလိုက်သတဲ့။ သူယူလာတာကတော့ ကြီးမားပြီးစကားလုံး အကုန်ပါတဲ့ dictionary စာအုပ်လေ။ စာပေဟောကြားသူရဲ့ စကားလုံးတိုင်းဟာ ဒီစာအုပ်ထဲမှာ ပါတာပေါ့ ဆိုတဲ့ သူမရဲ့စကားက အမှန်ပါ။
translating from world's best inspiring short stories by Dr. G. Francis Xavier [The Boastful Orator]
ဒီဝတ္ထုလေး ဆိုလိုတာက ဒီနေ.ကမ္ဘာမှာ အရာမှန်သမျှဟာတိုးတက်မှု နေပါတယ်။ သို.သော် တိုးတက်လာသော အတွေးအခေါ်တိုင်းဟာ ၁၀၀ရာခိုင်နှုန်းအတိ ကိုယ်ပိုင်ဖြစ်တယ်လို. ဒီတိုးတက်သော ခေတ်ထဲမှာ ပြောလို.မ၇တော့ပါဘူး။ ဒါကြောင့် အရာရာတိုင်းမှာ ကိုယ်ပိုင်လုပ်နိုင်တယ်ဆိုတဲ့ ကြွားလုံးထုတ်မှုတွေကို လျော့ပြီး ကိုယ့်ကိုကိုယ်နှိမ့်ချကာ တိုးတက်မှုလမ်းကို အတူတကွ လျှောက်ကြပါစို.။
Posted by
Chit Latt
0 comments:
Post a Comment