Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

အမှန်တရားကို ရှာဖွေသူအချို.ဟာ မြင့်မြတ်သော သူတော်စင်ထံကို ချဉ်းကပ်ကာ ဘဝတစ်သက်စာအတွက် လိုက်နာဆောင်ရွက်ရမယ့် စကားလုံးလေး ချီးမြင့်ပေးပါရန် တောင်းပန်လျှောက်ထားသတဲ့။

ဒီတော့ သူတော်စင်က ပြောကြားလိုက်တာကတော့ “သတိရှိကြပါ။”

translating from world's best inspiration short stories by Dr. G. Francis Xavier [Seekers of truth]

မြတ်စွာဘုရားက ဟောကြားရာမှာလည်း လူတိုင်းလူတိုင်း အရာရာမှာ သတိရှိကြဖို.ပါ။ လူတိုင်းလူတိုင်းဟာ နေ.စဉ်တိုင်း အချိန်တိုင်းမှာ လုပ်ရပ်တိုင်း၊ အတွေးတိုင်း၊ ခံစားချက်တိုင်းဟာ သတိလက်လွတ် ထားကာနေနေကြတာပါ။ စိတ်နဲ.လူနဲ. ကပ်တယ်လို.ကို မရှိအောင် အသိကပ်မထားကြပါဘူး။ ဥပမာပြောရရင် ဒေါသဖြစ်နေတဲ့လူတစ်ယောက်ဟာ သူကိုသူဒေါသဖြစ်နေတာကို မသိပါဘူး။ ဒေါသဖြစ်နေတာကို အသိဝင်တာနဲ. တပြိုင်နက် ဒေါသဟာ တဖြည်းဖြည်းလွင့်စင်လာပါလိမ့်မယ်။ မကောင်းတဲ့အရာ မှန်သမျှကို အသိရှိလာတာနှင့်အမျှ လူတိုင်းလူတိုင်းဟာ ကောင်းရာ စီသို.ဦးတည် လာမှာ ဧကန်ပင်ဖြစ်ပါတယ်။ ထိုကြောင့် လူတိုင်း အသိတရား ရင်ဝယ်ထားနိုင်ရန် အတွက် ယခုချိန်မှပင် စတင်ကာ တရားမှတ်ရှုရင်းဖြစ် အသိတရား လက်ကိုင်ထားနိုင်ကြပါစေ။ ။

0 comments:

Search This Blog

Blog Archive

Visitor

-