Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

တခါက အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဟာ လက်ထပ်ပြီး ၉ နှစ်ကြာမှ သားလေးမွေးဖွား ခဲ့သတဲ့။ ရှားရှားပါးပါး တစ်ဦးတည်းသော သားလေးမို. ထားမတတ်အောင် ချစ်ခင်ယုယ ကြတယ်။ ဒီလိုနဲ. သားငယ် နှစ်နှစ်အရွယ်ရဲ. တစ်ခုသော နံနက်ခင်းမှာ........... ခင်ပွန်းသည်ဟာ အလုပ်ချိန်အရမ်းနောက်ကျနေတာကြောင့် သောက်နေကျဆေးကို ဖြစ်သလိုတင်ခဲ့ပြီး ဇနီးအား နေရာတကျထားပေးရန် ပြောဆိုကာ အိမ်မှကပြာကရာထွက်ခွါသွားလေတယ်။

အိမ်မှုကိစ္စတွေနှင့်၇ှူပ်ထွေးနေတာကြောင့် ဇနီးသည်ဟာ ခင်ပွန်းသည်ရဲ.စကားကို အချိန်တန်မှ သတိရကာ ထွက်အသိမ်းမှာတော့ လဲနေသောသားငယ်နှင့် ကုန်နေသောပုလင်းတို.သာ မိခင်ဖြစ်သူအား ကြိုရှာလေတော့တယ်။ ကပြာက၇ာ အမိမှာ သားငယ်ကိုပွေ.ယူကာ ဆေးရုံသို.ပြေးရှာသော်လည်း ဆေးရုံရောက်ချိန်မှာတော့ အခါနှောင်း၍ သားငယ်အသက်ပျောက်ခဲ့တယ်။

သားသတင်းကို ကြားကြားခြင်း ဆေးရုံကိုအလောတကြီး လိုက်လာတဲ့ခင်ပွန်းသည်ဟာ ဆေးရုံအရောက်မှာ သားငယ်ရဲ.သတင်းဆိုးနှင့် မျက်ရည်အပြည့်ဖြစ် ယူကြုံးမရငိုနေရှာတဲဇနီးသည်ကို တွေ.တဲ့အခါမှာ ခဏတာတွေဝေကာ မထင်မှတ်စွာဖြင့် ဇနီးသည်အားထွေးပွေ.ကာ ပြောလိုက်တာကတော့ “ငါ့ဘဝမှာ အလိုအပ်ဆုံးနဲ. အချစ်ဆုံးဟာ........... မင်းဘဲလေ” တဲ့။ ။

ဤဇာတ်လမ်းလေရဲ. ဆိုလိုခြင်းမှာ လူသားတိုင်းဟာအပြစ်မကင်း ကြသူတွေသာဖြစ်ပါတယ်။ မထင်မှတ်သော တိုက်ဆိုင်မှုကြောင့် ဖြစ်ပျက်ခဲ့သော အမှားများကို တစ်ဦးကိုတစ်ဦး နားလည်စွာဖြစ် ခွင့်လွှတ်ကြမယ်၊ ဖေးမကူညီကာ အတူတူရင်ဆိုင်ကျော်လွှားကြမယ်ဆိုရင်ဖြင့် ဤကမ္ဘာမှာ ပြဿာနာများဟာ တစတစ နဲပါးလာပြီး ပျော်စရာအတိနှင့် သာယာကြမှာ မလွဲဧကန်ဖြစ်မည်ပင်။ လူသားအချင်းချင်း မေတ္တာ ၊ ကရုဏာ၊ စေတနာ ထားကာ အကောင်းမြင်ရင်း၊ အားပေးနှစ်သိမ့်၇င်းဖြင့် ပျော်စရာအတိ အေးချမ်းသော ကမ္ဘာသစ်ဆီသို. တည်ဆောက်ရန်ဦးတည်လျှက်..............................။ ။

translating from "world best inspiring stories" by Dr. G. Francis Xavier [The Couple Story]

ဪ.........နောက်ဆက်တွဲ တင်ပြစရာ စာသားကတော့

" To be happy with a man, you must understand him a lot and love him a little. To be happy with a woman, you must love her a lot and not try to understand her at all." [Helen Rawland]

0 comments:

Search This Blog

Blog Archive

Visitor

-