‘ ဖုန်း ’
‘ အမလေး… ‘
‘ဟဟ…… ဟဟဟ …. ဟဟဟဟဟ . …ဟားဟားဟား…..
…စကိတ်စီးလေ့ကျင့်နေတဲ့ဟေ့……ဟယ်သနားပါတယ်။
မထနိုင်တော့ဘူးထင်တယ်…….ဟဲ့ထူလိုက်ကြအုံးလေ…..’
လဲကျသံ၊ အော်လိုက်သံနှင့်အတူ နောက်ဆက်တွဲမပြတ်ရီသံတို့က
ကျွန်တော့်နားထဲကို တဆက်ထဲဝင်ရောက်လာခဲ့ပါတယ်။
ဝတ္ထုစာအုပ်လေးကို လက်ကချရင်း ကော်ရီဒါကိုလှမ်းအကြည့်
‘သြော် ….. လူတွေ၊ လူတွေ လဲကျနေသူကိုထူဖော်မရဘဲ၊
ဟားနေလိုက်တာ….ဟိုမှာဖြင့် အခုထိမထနိုင်သေးဘူး။
တစ်ခုခုများဖြစ်သွားသလားမသိဘူး….’ ဟု စိတ်ထဲရေရွတ်ရင်း
စာအုပ်လေးကိုဘေးချကာ မိုးရေတွေရွှဲရွှဲစိုနေတဲ့ ကော်ရီဒါလေးဆီ
သတိကြီးစွာလျှောက်လှမ်းခဲ့တယ်။
‘ဟဲ့ ….. နင်ထနိုင်ရဲ့လား။ ငါနင့်ကို ဘာကူညီရမလဲ ’ လို့အမေး၊
လဲကျနေတဲ့ကောင်မလေးက မော့အကြည့် ‘ဟင် ….. နင်မျက်ရည်တွေနဲ့ပါလား။
မထနိုင်ဘူးလား။ လာ…….လာင့ါကိုကိုင်ပြီးထကြည့်နော်၊
နင်ထလို့ရနိုင်တယ်မဟုတ်လား’ လို့ပြောရင်း လက်ကလည်း ပြောပြောဆိုဆို
တစ်စစီပြန့်ကျဲနေသော ထမင်းဘူး၊ ထီးနှင့် စာအုပ်များကို လိုက်စုပြီး
လက်ကမ်းအပေး
‘ကျမ့လက်ကောက်ဝတ် အရမ်းနာနေပြီ။ ဘာဖြစ်သွားလဲ မသိဘူး’ လို့
ကောင်မလေးစီက ပထမဆုံး ငိုမဲ့မဲ့အသံလေးကို ကြားလိုက်ရတယ်။
‘လာလာ …. ဒီကအရင်ထဟ။ ဟိုမှာ နင့်ကို ၀ိုင်းလှောင်နေကြတာမပြီးတော့ဘူး။
ထနော်။ ငါတွဲပေးမယ်။ ပြီးတော့နင် ငါ့ခုံလိုက်ခဲ့လေ။ ဟိုမှာ ငါ့ခုံက….’ လို့
ညွှန်ပြီးဆွဲထူလိုက်ကာ ‘င့ါမှာ ပရုတ်ဆီတော့ပါတယ်။ နင်လိမ်းချင်လိမ်းပေါ့ဟာ’
လို့ပြောရင်း ခုံလေးဆီခေါ်ခဲ့လိုက်ပါတယ်။
ခုံလေးမှာ သူမကိုထိုင်စေပြီး ' ပြစမ်းနင့်လက်။ ဟာ ….
နင့်လက်တော်တော်ရောင်နေပြီဘဲ။ နင်ဆေးခန်းသွားတော့ ၊
ပ၇ုတ်ဆီလိမ်းရုံနဲ့တော့သက်သာမှာမဟုတ်ဘူး။ တစ်ခုခုဖြစ်သွားပြီထင်တယ်။
ကျောင်းကဆေးခန်းထက် အပြင်ဆေးရုံပြတာပိုကောင်းမယ်ထင်တယ်။
သွားပြလိုက်လေ။
ဆက်လက်စောင့်မျှော်ရန်’
0 comments:
Post a Comment