Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


`ကလင် ကလင် ကလင်´
`အော် မကိုင်လည်းတပြစ်ကိုင်လည်းတစ်ပြစ်ပါလားကွာ´ လို့ ကျွန်တော် အပြော .....
`ဟဲ့သား နင်သာကိုင်လိုက်။ နင့် ဖုံးဘဲကွယ်။ နင်ပြောလိုက်....´
`ဟုတ် ............ ကဲ့´ လို့ အဖြေနှင့်တပြိုင်နက် ဖုံးလေးကိုကိုင်ပြီး `ဟဲလို´
`ဟဲ့ နင်.... မဟုတ်လား။ နင့်အသံငါကောင်းကောင်းမှတ်မိတယ်။ ဖုံးမချနဲ့နော်။ ငါပြောစရာတွေရှိတယ်။ နင် ငါ့ ဘ၀ကို ဒုက္ခပေးလှချီလား။ ငါ ဘ၀တော့ နင့်ကြောင့် ဘာမှ လုပ်လို့ကို မရတော့ဘူး။ ငါ့ဘာလုပ်လုပ် နင်စိုးမိုးလှချီလား။..........................................................................................................................´

ကျွန်တော်လည်း တ၀နားထောင်ပြီး ဖုံးကိုချအပြီးအိမ်ဘက်အလှည့် တအိမ်လုံး ပြုံးစိစိနဲ့ဝိုင်းကြည့်နေကြတော့ ကျွန်တော်လည်း သူခိုးလူမိအပြုံးလေးနဲ့ ပြုံးလိုက်မိတယ်။
`သားလေး နံနက်ချိန်သာ တေးသံသာလေးနားထောင်ပြီးပြီလား´ လို့မေမေ့ကလှမ်းအမေး
`ဟုတ်အမေ။ ဒီမနက်တော့ မင်္ဂလာတေးသံလေးနားထောင်ပြီးပါပြီ။ အဟိ´
`သားရယ် မနက်ချိန်သာတော့ ဟုတ်ပါတယ်....´

`ကလင် ကလင် ကလင်´ လို့ ဖုံးလေးကဆက်တိုက်မည်လာပြန်တော့ ဘယ်သူမှ မကိုင်ဝံ့တာကိုအတွေ့။ အားလုံးကလည်း ကျွန်တော့်ကိုသာကိုင်စေချင်တာလေးကို မျက်လုံးတွေနဲ့သက်သေပြနေတယ်။ ကျွန်တော်ကလည်း စိတ်ညစ်နေတာကြောင့် မေမေက `ကဲ ....သားရေ အမေတို့လုပ်နေကြအလုပ်လေး လုပ်လိုက်ကြရအောင်လေ´ လို့ အပြော ကျွန်တော့်လက်ကလေးကလည်း အလိုအလျှောက်ဖုံးပလပ်ကြိုးလေးကို အဖြုတ်ပါ။

အဲ့နောက်မှာတော့ စိတ်ပျက်လက်ပျက် အမေ့ဘေးက ခုံလေးနားထိုင်ချလိုက်တော့တယ်။
`သား ..... စိတ်ပျက် ၊ စိတ်ရှုပ်နေတာလား။ ဘယ်အရာမဆို ဘယ်သူမပြုမိမိမှုပါကွါယ်´
`အမေ....ယောကျာ်းလေးတစ်ယောက်အနေနဲ့ မိန်းခလေးတစ်ယောက် လှရင်၊ချောရင်တော့ စိတ်ဝင်စားမှာအမှန်ဘဲလေ။ ကြိုးစားပြီး ပိုးကြပန်းကြတာလဲ သဘာဝပါမေမေရာ။´
`ဟေ့ကောင် .... မင်းတစ်ခုခုအတိုင်းအတာထိ ပတ်သက်လို့သာ ဒီကောင်မလေး ဒီလောက်အတင့်ရဲနေတာပါကွယ်။ မင်းဘာပြောချင်လဲပြော .....´ လို့ ဦးလေးတစ်ယောက်အပြောမှာ ကျန်သောဦးလေးးကပါ ထောက်ခံလိုက်ကြတာ။
`တကယ်ပါ ဘု၇ားပေးပေး ၊ကျမ်းပေးပေးဗျာ´ ပြန်အဖြေ
နောက် ဦးလေးက `မင်းအကြောင်းလေးပြောပြစမ်းပါကွာ´

`ဒီလို .... ဦးလေးရ ..... တက္ကသိုလ်မှာတုန်းက ကျွန်တော်ကောင်မလေးတစ်ယောက်ကို လိုက်ဖူးတာ ဦးလေးတို့အသိလေ။ နှစ်လလောက် ရင်းရင်းနှီးနှီးတွဲပြီးမှ သူက ကျွန်တော့်သူငယ်ချင်းရဲ့ ညီမလေးမှန်းသိတာနဲ့ ကျွန်တော် လည်း ရှေ့မဆက်ဘဲ သူငယ်ချင်းလိုရင်းရင်းနှီးနှီးပေါင်းခဲ့တယ်။ သေချာတာကတော့ သူလေးနဲ့ ရည်းစားကိုမဖြစ်လိုက်တာပါ။´
`မဖြစ်ဘဲနဲ့ ဒီလိုလုပ်မလား။ အချိန်တွေက ၁၀ကျော်ကြာလာပြီလေ။´ ဟု ဦးလေးကြီးက စကားဝင်အထောက် ....
`တကယ်ပါ။ ကောင်မလေးက နောက်တော့ ရည်စားတောင်ရသွားကော။ နောက်တော့ကွဲသွားတယ် ကြားတယ်။ သူရည်းစားရပြီးကတည်းက မဆက်တာဒီနေ့ အထိပါဗျာ။´

`ဟားဟား။ ဘာအခုမှမင်းကြောက်နေရတာတုန်း။ ပတ်သက်တုန်းကတော့ပတ်သက်ပြီးတော့။´ လို့ ဦးလေးငယ်အပြောမှာ
`ငါ့အထင် ကောင်မလေးတစ်ခုခုဖြစ်နေတယ်ထင်တယ်။ ဒီအချိန်ထိ မင်းကိုစွဲစွဲလမ်းလမ်းဖြစ်နေပုံထောက်ရင်လေ´ ဦးလေးအကြီးကလည်း ၀င်အထောက်မှာတော့
ကျွန်တော်က `ကျွန်တော် သူ့ကိုလိုက်တဲ့ကာလမှာ သူပြောတဲ့စကားတွေကတမျိုးကြီးဘဲလေ။ ကျွန်တော်ကို အပျိုအရွယ်မိန်းခလေး တစ်ယောက်ကမေးတာကို တွက်ကြည့်လေ မိန်းခလေးတွေ ဗိုက်ဘယ်လိုကြီးလဲတဲ့။ ကျွန်တော်လည်းဘာဖြေရမှန်းကိုမသိဘူး။ ထပ်မေးတာကိုက အကယ်လို့ ကျွန်တော်သူ့ကိုယူရင် ဗိုက်ကြီးရမှာလားတဲ့။ မဖြေတတ်အောင်ဘဲလေ။ သူ့ကို လူတွေကတော့ ပြောကြသား ခပ်ကြောင်ကြောင်လို့။ ကျွန်တော်က အေးတယ်ထင်လို့ လေ´

`ဟာ အဲထဲက မင်းကောင်မလေးက ကြောင်နေတာကို မင်းလိုငရူးကကြိုက်တာနေမှပေါ့။ ဟုတ်ဘူးလား ကိုကြီး။´
`အေး ... ငါလည်းထင်တယ်ကောင်မလေးစိတ်မကောင်းတာဖြစ်မယ်လို့ ´ ဟု စကားခဏရပ်ကာ ဦးလေးကြီးပြန်ဆက်လိုက်တာကတော့ ` ဒါမယ့် ဒီကောင်မလေး အခုဖုံးဆက်နေတာစိပ်လာပြီလေ။ ညတိုင်းတောင်ဖြစ်လာပြီ။ ငါတို့ကောင်းကောင်းမအိပ်ရတာ ပြသာနာလေ။ ပိုဆိုးလာတာက သူအရမ်းဆဲဆဲလာတာဘဲလေ။ ငါတို့မှာက ပြန်ပြောဖို့ကလည်းအခက်၊ ကိုင်ရလည်းအခက်၊ မကိုင်တော့လည်းတခြားသူခေါ်တာဖြစ်မှာလည်းဆိုး၊ ဘာလုပ်ရမှန်းကိုမသိတော့ဘူးလေ။´

`သားရယ်နင်ကစခဲ့တာကို။ အစကတည်းကသူမလေးကခပ်ကြောင်ကြောင်လေးဖြစ်နေတာဆို၊ ပိုလို့တောင်မှ သနားစရာကောင်းပါတယ်။ အခုအချိန်ကလည်း ရာသီဥတုပူတော့ သူဝေဒနာခံစားရတယ်ထင်တယ်ကွယ်။ သူ့အိမ်ကလည်း ကုတော့ကုရှာမှာပါလေ။´ ဟု မေမေ၀င်အပြောမှာ ....

`ကျွန်တော်ထင်တယ်။ ကောင်မလေး အခြေအနေကို ကြည့်ရတာတနေ့တခြားပိုပိုဆိုးလာသလိုဘဲ။ တချို့အိမ်တွေက သူတို့ သားသမီးတွေဖြစ်တာကို ရှက်လို့ မပြောမဆိုဘဲ ဆေးရုံတွေလည်းမပြတော့ ပိုပိုဆိုးလာကြတာကို ကြားဖူးမြင်ဖူးတယ်လေ။ ကောင်မလေးကို အိမ်ထဲပိတ်ထားပုံတော့ရတယ်လေ။ ဖုံးခဒီလောက်ဈေးကြီးနေတယ် တနေ့တနေ့ ဒီကောင်မလေးခေါ်တဲ့အကြိမ်ကမနဲဘူး ဆိုတော့ သူ့အိမ်ကလည်းသိတော့သိမှာပါ။ မနိုင်တော့လိုနဲ့ထင်တယ်ဗျ မမရ။´ လို့ ဦးငယ်ကစဉ်းစဉ်းစားစားလေး ပြောလိုက်ပါတယ်။

`ကျွန်တော်လည်း ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး။ အိမ်ကလူတွေကိုအားနာမိတယ်။ ညညလည်းကောင်းကောင်းမအိပ်ရ။နေ့ကျတော့လည်း အိပ်မယ်ကြံတာနဲ့ သူ့ဖုံးက တဂွမ်ဂွမ်နဲ့လေ။ စိတ်ညစ်တာ တအားဘဲဗျာ´
`ဟေ့ကောင် မင်းညစ်နေလည်း မရတော့ဘူး။ ဟိုကဆက်မှာဘဲ အခုတောင် ၄လကျော်လာပြီလေ။ ငါတို့ဘာလုပ်သင့်သလဲသာ စဉ်းစားတော့။ လူကတော့ မအိပ်ရတာကြာလို့ သူ့နောက်လိုက်မလားမသိဘူး။ ရူးကြောင်ကြောင်တောင်ဖြစ်နေပြီ။ ဟုတ်တယ်မဟုတ်လားကိုကြီး´ `အင်း ဒါမယ့်ငါတို့ဘက်ကထပ်စဉ်းစားနော် ညီငယ်။ အရူးတစ်ယောက်နဲ့ ပြိုင်မိုက်သင့်သလားဆိုတာကိုဘဲ။´ လို့ ဦးကြီးထပ်အပြောမှာတော့

`ဟဲ့ တော်ကြာပါတော့။ ဘယ်တပ်နိုင်မလဲလေ။ ဖြစ်လာသမျှ ရင်ဆိုင်ကြယုံသာပေါ့။ အခုလည်း ညညဖုံးဖြုတ်ထားတာဘဲမဟုတ်လား။ နေ့ခင်းလည်း မတတ်နိုင်ဘူး အရမ်းခေါ်လာပြီဆို ဖုံးကြိုးလေးသာ ဖြုတ်ထားကြတော့။ ငရဲမယူကြနဲ့တော့။ သား နင်ဒါကို သင်ခန်းစာယူနော်။ နင်တို့လည်းအတူတူဘဲ။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး အကဲခတ်တတ်တဲ့ အကျင့်ကြောင့်ဒီလိုဖြစ်ရတာလေ။ လူတိုင်းမှာ ငါတို့မသိနိုင်တဲ့ အကြောင်းအရာတွေအများကြီးရှိသေးတယ်ဆိုတာ သိထားပြီး အားလုံးကိုအသိတရားနဲ့ ပေါင်းသင်းဆက်ဆံကြပေါ့။ အထူးသဖြင့် ငါ့သား .... နင်ကလေ ပြောလိုက်ရင်လက်မခံချင်ဘူး။ မိန်းခလေးတွေဆို ငါလေ မပြောလိုက်ချင်ဘူး။ တော်ပြီး ကိုယ့်ဟာကိုယ်ဘုရားသွားရှိခိုးတာဘဲ ကောင်းတော့မယ်။ နင်တို့လည်းလုပ်စရာရှိတာလုပ်တော့။ ဟိုခလေး ဘာမှညစ်မနေနဲပါနဲ့တော် ကိုယ်တော်လေး။ အပြင်သွားမယ်ဆို သွားဖို့လုပ်တော့ ....´ ဟု ပြောပြောဆိုဆို မေမေဘုရားခန်းထဲ ၀င်သွားပါတော့တယ်။

`ကဲ ...... ကဲ ဟေ့ကောင် ငိုင်မနေနဲ့၊ ညစ်မနေနဲ့ မင်းအမှုထုပ်က တိုင်ပတ်နေတာ။ ညစ်နေတာဖွေးသွားအောင် သွားလျှော်တော့။ ငါတို့လည်းလစ်တော့မယ် ။ ကိုကြီး သွားမလား´ လှမ်းအမေး ` အေးဟ သွားသင့်တာကြာနေပြီ။ ဒီကောင့် ဇာတ်ကိုနားထောင်နေတာ ငါတို့တော့နောက်ကျပါပြီကွာ။ လာလာ သွားမယ်၊ သွားမယ်´ ဟု ပြောပြောဆိုဆို ဦးလေးနှစ်ယောက်ထွက်သွားပြန်လေရော။ `အင်း .....ဒါဟာ ဘယ်သူမပြုမိမိမှု ပါဘဲ။ ငါစခဲ့တဲ့ ဇာတ်လမ်းကို ငါသာခံရမယ်ထင်တာ အခုတော့ ငါတင်ဘယ်ကမလဲ အခုတော့ မိသားစုဝင်တွေပါ ခံနေရတာပါလား။ ဟို လွန်ခဲ့တဲ့ ဆယ်စုနှစ်က အပြုအမူလေးတစ်ခုက ဒီနေ့မှာ ငါခံစားရမယ်မထင်လို့ပါကွာ။ တကယ်လို့များ သူမသာ အကောင်းအတိုင်းဖြစ်နေမယ်ဆိုရင်ကော .......။ ဒီအချိန်မှာ သူမလေးက ........။ ´ဟု ဖုံးလေးကို ထိုင်ကြည့်ရင်း ဆက်လက်တွေးတော် မိနေလိုက်ပါတော့တယ်။ ။

1 comments:

ကိုကို့အရှုပ်တော်ပုံလေးလား ဟိ

Search This Blog

Blog Archive

Visitor

-