Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


`ဟူး´ လို့ သက်ပြင်းအရှည်ကြီးကို ချရင်း မှတ်နေသောအသိတို့ကို ဖုံးလွှမ်းနိုင်တဲ့ ဒီအတိတ်ဆိုးကို ကျွန်တော်မေ့ပျောက်ချင်နေပါပြီ။ မေ့ပျောက်နိုင်အောင်လည်း အကြိမ်ကြိမ် ကျွန်တော်ကြိုးစားနေခဲ့တာဟာ ရက်မှလ၊ လမှနှစ်သို့တိုင်ခဲ့ပါပြီဗျာ။ `သေသောသူကြာလျှင်မေ့၊ ပျောက်သောသူရှာလျှင်တွေ့........´ ဆိုတဲ့ စကားပုံလေးအတိုင်း `အချိန်ကြာလာလျှင် မည်မျှချစ်သောသူဖြစ်ပါစေ အချိန်ဆိုသောဆရာက မေ့ပျောက်အောင်ကုသပေးပြီး၊ ၀ိရိယဆိုသော ဆရာသမားက မည်မျှကိုယ်ရောင်ဖျောက်သောသူ ဖြစ်ပါစေ တွေ့နိုင်မယ်´ လို့ ဆိုခဲ့တယ်လေ။

`ကျွန်တော်ကကော.................´ ။ ကျွန်တော်လည်း ဒီဆရာနှစ်ယောက်အားကိုးနဲ့ ကြိုးစားပြီးကုသနေတာ အမာရွတ်မျှသာ ကျန်ပါတော့တယ်။ `ဟုတ်တယ်....´။ ငယ်ရွယ်စဉ်က မသိစိတ်နဲ့ ပြုခဲ့တဲ့ အမှားတစ်ခုဟာ လူတစ်ယောက်ရဲ့ စိတ်ကို အချိန်မရွေး သတ်စေနိုင်တယ်ဆိုတာကို တကယ်ကို ထိုအချိန်က မသိခဲ့လို့ပါ။ အကယ်၍ အချိန်မလင့်ခင်က သိခဲ့လျှင်ကော ထိုကဲ့သို့သော ပြုမူမှုမျိုးကို ဘယ်တော့မှ ကျွန်တော်ပြုမိမည်မဟုတ်မှာကတော့ အသေအချာပါ။ `ဟုတ်တယ်... သူမနဲ့ ပတ်သက်ခဲ့တဲ့ အချိန်ကလေးမှာကော ကျွန်တော်ပျော်ရွှင်ကြည်နူးမှုကို ရခဲ့တာတော့ အသေအချာပါ။ ဂုဏ်ယူမော်ကြွားမှုကော ရခဲ့တာလေ။´ `အခုကော???????????...........................´။

ဟိုးတစ်ချိန်ကပေါ့ `ကျွန်တော်ဆိုတဲ့...... ကျွန်တော်ဟာ မိဘဆွေမျိုးတွေ ကောင်းမှုကြောင့် လူတိုင်းပါးစပ်ဖျားမှာ နာမည်ကျော်ခဲ့ပါတယ်။ လူ့ချဉ်ပတ်လေး ကျွန်တော်ဟာ လူတွေပြောလေလေ၊ အရွဲ့တိုက်လေလေမို့ ၊ သမီးရှင်များလန့်ခဲ့၇တဲ့သူပါ။ မိဘမောင်နှမတွေ သွန်သင်ဆုံးမနေသောကြားမှ ဆိုးချင်တိုင်းဆိုးနေတဲ့ လူပေလေးပါ။ တကယ်လည်း ကျွန်တော်မလုပ်ဖူးမစမ်းဖူးတာဆိုလို့ ဘ၀မှာ ဘာကိုမှမရှိခဲ့ဘူးဗျာ။ လူဖြစ်ရကျိုးနပ်တဲ့ကောင်ပေါ့ဗျာ။´

တနေ့မှာတော့---- ကျွန်တော်တို့သူငယ်ချင်းတစ်ယောက်ရဲ့ ပွဲလေးမှာ သူမကိုစတွေ့ခဲ့တာဘဲဗျာ။ ဘာရယ်မဟုတ်တဲ့ ကျွန်တော့်ပါးစပ်အကျင့်က လာသမျှကောင်မလေးတွေကို စနောက်နေတာပေါ့။ ကျန်သောကောင်မလေးတွေက ကျွန်တော်လိုကောင်နဲ့ ဘက်မဖြစ်ချင်တာကြောင့် ဘာမှမပြောခဲ့ပေမယ့် သူမကတော့ သူမသူငယ်ချင်းတွေ တားသည့်ကြားက ဇတ်ဇတ်ထိမခံပြန်ပြောတာကြောင့် ယောကျာင်္းဆိုတဲ့ ဥာဉ်ဆိုးလေးကို ဖိအားပေးလာတာတဲ့အတွက် ကျွန်တော်ကလည်း ပိုပိုပြီးစခဲ့ရာမှ ဇာတ်လမ်းလေးစခဲ့တာဘဲလေ။ နောက်ဆုံးမှာတော့ အရှိန်တက်တက်နဲ့ စခဲ့တဲ့ ကျွန်တော်ကို သူမက ဘာမပြောညာမပြောနဲ့ နီးစပ်ရာ ဖန်ခွက်နဲ့ လှမ်းအပေါက်မှာတော့ `အား´ခနဲဆိုတဲ့ အသံနဲ့ ကျွန်တော့်နထင်လာထိတော့တာဘဲဗျာ။ တစ်စက်စက်နဲ့ ကျလာသောသွေးစက်တွေကို လက်နဲ့ဖိထားရင်း... သူမကိုစိမ်းစိမ်းကြည့်ကာ .... `မင်းတစ်နေ့မှာတော့...... ငါ့အကြောင်းသိစေရမယ်´လို့ ပြောနေတုန်း သူငယ်ချင်းတွေက ထပ်ပြဿာနာဖြစ်မှာဆိုးတာကြောင့် အတင်းဆွဲခေါ်ရာနောက် ကျွန်တော်လိုက်ပါခဲ့ပါတယ်။

အချိန်လေးတွေကုန်ခဲ့သည်နှင့်အမျှ နထင်ကဒဏ်ရာလေးကျက်ခဲ့ပေမယ့် နထင်လေးမှာ အမာရွတ်ကျန်စေခဲ့သလို ကျွန်တော့် နှလုံးသားမှာလဲ ဒဏ်ရာလေးကတော့ ကျန်ခဲ့ပါတယ်။ ဘာရယ်ကြောင့်မှန်းမသိဘူးလေ...။ နောက်နေ့နောက်နေ့တွေကစပြီး သူမအကြောင်းကိုသာ လိုက်စုံးစမ်းနေတော့တယ်လေ။ သူငယ်ချင်းတွေ၊ မိသားစုတွေသိတော့ အားလုံးဝိုင်းတားနေတဲ့ကြားက ရအောင်စုံစမ်းခဲ့ပါတယ်။ ` အားပါးပါး.............သူမက ကျွန်တော်တို့မြို့လေးရဲ့ အချမ်းသာဆုံးစာရင်းဝင် မိသားစုမှ ပေါက်ဖွားပြီး ဆတ်ဆတ်ကြဲမလေး တစ်ယောက်´ ဆိုတာကို သိခဲ့၇တယ်ဗျာ။` မိဘ သဘောတူသူတစ်ယောက်နဲ့ စေ့စပ်ထားတဲ့ကောင်မလေး...။ သိပ်များမကြာမီမှာ..... လက်ထပ်တော့မှာ ဖြစ်တယ်ဆိုတာကိုပါ သိခဲ့ရတယ်လေ ကောင်မလေးရယ်.......´ ။ အားလုံးသော ကျွန်တော့်အသိုင်းအ၀ိုင်းကလည်း ကျွန်တော်ငြိမ်ချက်သားကောင်းနေတယ်လို့ ထင်ပြီး စိတ်ချလက်ချပေါ့ဗျာ။ ကျွန်တော်ကလည်း အားလုံးကို အေးအေးဆေးဆေးနေပြခဲ့ပါတယ်။

ဒါပေမယ့် မထင်မှတ်တဲ့ သူမရဲ့ မင်္ဂလာဆောင်နေမှာတော့ သူမကိုကားပေါခိုးတင်ကာ တစ်နေရာသို့ ကျွန်တော်ခိုးလာခဲ့တယ်လေ။ သူမလေ` ငိုတယ် ငိုတယ် တအားပေါ့၊´ ကျွန်တော်ကလည်း တတ်နိုင်သလောက်ချော့တာပေါ့။ `တကယ်ပါ မင်းကိုချစ်လို့ ခိုးလာတာလေ´ဆိုတာကို
ကျွန်တော်ပါးစပ်က သူမကိုအထပ်ထပ်ပြောနေမိတယ်လေ။ သူမကကော `ဟုတ်ပါလိမ့်မယ်....နင့်လိုကောင်မျိုးမှာ ချစ်တယ်ဆိုတာလေ...။ နင်...နင် ငါ့ကို ပြန်လက်စားချေလိုက်တာပေါ့။ နင်လိုကောင်မျိုးသေတောင် ငါမယူဘူးဟဲ့......´ လို့ သူမပြန်ပြောလိုက်သော ရင့်သီးတဲ့ စကားလုံးပေါင်းများစွာနဲ့ ကျွန်တော့ ရင်ဘတ်က သွေးအလိမ့်လိမ့်ပေကျန်နေမှုတွေပါဘဲ။

သူမကို ကျွန်တော်လက်ဖျားနဲ့ အမှန်တကယ် မတို့ခဲ့ပေမယ့် ညနေစောင်းရောက်ချိန်မှာတော့ သူမမျက်လုံးတွေမို့အစ်နေသလို ကျွန်တော့ နှလုံးသားတွေလည်း သူမရဲ့ ငိုကျွေးသံတို့ကြောင့် နာကျင်နေပါပြီ။ ဒါကြောင့်လည်း ညနေစောင်းမှာတော့ ကျွန်တော်လည်း သူမထပ်ခံစားတာကို မကြည့်ရက်တာကြောင့် သူမကို အိမ်ပြန်အပို့မှာတော့ သူမရဲ့ တိုင်တောချက်ဖြစ်တဲ့ အလိုမတူခိုးယူပေါင်းသင်းမှုကြောင့် ထိုနေ့ညနေမှာတင် ကျွန်တော်ထောင်နန်းစံခဲ့ရပါလေကောဗျာ....။

ကျွန်တော့်မိသားစုတွေ သွားရောက် တောင်းရန်းသည့်တိုင်အောင် သူတို့ဘက်က သဘောတူခွင့်ပြုမှု မရှိတာကြောင့်
ကျွန်တော်ထောင်နန်းစံခဲ့ရပါတယ်။ ထောင်ထဲမှာနေစဉ်ကော `..........ဟုတ်တယ် ကျွန်တော်သူမကိုသာ တမ်းတစဉ်းစားနေမိတော့တယ်ဗျာ။´ ဒီအတွေးလေးတွေနဲ့ပဲ ထောင်နန်းစံအချိန်တွေကို ကျွန်တော်ကုန်လွန်စေခဲ့ပေမယ့် နှလုံးသားမှာ နာကျင်မှုတွေ မဖြစ်ခဲ့တာတော့အမှန်ပါ။ ဒါဆို ကျွန်တော်လေ `ကျွန်တော့်မာနကို အစော်ကားခံရလို့ လက်တုံ့ပြန်ခဲ့တာလား သို့မဟုတ် သူမကို အမှန်တကယ်ချစ်ခဲ့သလား ´ ဆိုတဲ့ တိကျတဲ့အဖြေကိုတော့ ထုတ်လို့မရခဲ့ဘူးလေ။

ထောင်ကလွတ်တော့ မိသားစုတွေက လိမ်မာဖို့ပြောပေမယ့် သူမလေးအကြောင်းတော့ တိတ်တခိုး စုံစမ်းနေဆဲကွာ......။ `အခုချိန်ထိ .... သူမလေးကလူလွတ်တဲ့လေ´။ ဒီသတင်းကိုကြားတော့ ရင်ထဲကြည်နူးမိတာတော့ အမှန်ပါ။ ကျွန်တော့်မိသားစုကလည်း ကျွန်တော်တည်ငြိမ်အောင် အလုပ်တွေလုပ်ခိုင်း သူတို့သဘောတူသူနဲ့ အတင်းစေ့စပ်ခိုင်းတော့တာပါပဲ။ ဒါပေမယ့် မိသားစုကို လွတ်လွတ်လပ်လပ်နေချင်သေးတယ်ဆိုတဲ့အကြောင်းပြချက်လေးနဲ့ ငြင်းဆိုနေတာတော့ သူမလေးကြောင့်ပေါ့နော်။

`လူဆိုတာကလည်း ခက်သားလားနော်.......။ ရတာကို မလို၊ လိုတာကို မရတဲ့ဘ၀တွေပါ။´ ကျွန်တော်လေ သူမကိုမျှော်နေမိတယ် ။ ဒါမယ့်သိနေတာကတော့ သူမဆီက ကျွန်တော့်ကို ကျွန်တော်လိုချင်သော အဖြေကိုတော့ပြန်လာမှာမဟုတ်တော့တာကိုဆိုတာပါဘဲ။ ကိုယ့်ကိုကိုယ်လည်း `ယောကျာ်းပဲကွာ ဘာလို့ကိုယ်လိုချင်တာမရရမှာလဲ´ ဆိုတဲ့ စိတ်ကလေးတင်းပြီး သူမကို ဒုတိယအကြိမ် ကျွန်တော်ထပ်မံခိုးခဲ့ပါတယ်။ ဒီတစ်ချီမှာတော့ တရားရုံးသွားပြီးလက်မှတ်ထိုးရအောင်ဆိုတဲ့ သူမရဲ့ စကားလေးနဲ့ နှစ်ယောက်သားတရားရုံးကိုအသွား .......................။

`ရက်စက်လိုက်တဲ့သူမဗျာ...........။ သူမလေ............ကျွန်တော့်ကိုနောက်ထပ်တိုင်ချက်ဖွင့်ကာ...... စွပ်စွဲချက်တွေနဲ့ ထောင်နန်းကို ပြန်လည်ပို့ပေးခဲ့ပါတယ်´ ။ သူမကိုတော့ `မင်းကွာ .............မင်းကို တကယ်မချစ်ဘဲထပ်ခိုးမယ်လို့ မင်းထင်လို့ ..............လုပ်ခဲ့တဲ့ ....မင်းအပြုအမူတွက် မင်းကျေနပ်တယ်ဆို ငါကျေနပ်တယ်။ ဒါမယ့် .....မင်း တစ်နေ့မှာတော့ မင်းကိုတကယ်ချစ်ခဲ့တဲ့သူကို လုပ်ရက်လေခြင်းဆိုတဲ့ နောင်တတွေတော့မရပါစေနဲ့ကွာ..........´ လို့ နောက်ဆုံးအချိန်တွေ့ချိန်မှာတော့ ကျွန်တော်မှတ်မှတ်ရရ ထိုစကားလေးပြောခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ .............ထောင်ထဲနေနေစဉ်မှာ သူမကို ကျွန်တော် အမုန်းတရားတွေလည်း မဖြစ်ခဲ့သလို၊ တိုက်ဆိုင်သော အချိန်များကျမှသာ သူမကို သတိတရဖြစ်လိုက်တာတွေဘဲ ရှိတော့ပါတယ်။ `ထူးထူးကဲကဲ သတိရနေတာမျိုးကိုတော့ မဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော့်စိတ်ကို ကျွန်တော် နားမလည်းတော့ပါဘူးဗျာ............´။

ကျွန်တော် ထောင်ကလွတ်လာတော့ အိမ်က ကျွန်တော့်ကို ရပ်ဝေးတစ်ခုမှာ အလုပ်လုပ်စေခဲ့ပါတယ်။
`ကျွန်တော်ကိုယ်၌ကလည်း သူမနဲ့နီးစပ်ရာနေရာလေးမှာ မနေချင်တော့တာလဲ ပါပါတယ်´ ။ ဒီလိုနဲ့ နှစ်အနည်းငယ်ကြာအောင် အနည်ကျလာပြီဖြစ်တဲ့ ကျွန်တော်ကို မထင်မှတ်သောနေ့တစ်နေ့မှာတော့ သူမကိုယ်တိုင်လာတွေ့ခဲ့ပါတယ်။ အဲ့အချိန်မှာကော ........ `ကျွန်တော့် ရင်ကော တုန်သေးလား??????????? ခုန်သေးလား???????´ လို့ အကြိမ်ကြိမ်မေးခွန်းထုတ် ခဲ့ပါတယ်။။ `သေချာတာကတော့..........ရင်မခုန်တော့တာ သေချာပါတယ်´ လို့ ကိုယ့်ကိုယ်ကို အဖြေထုတ်နေမိတယ်။ တကယ်သေချာတာကတော့ ကျွန်တော်ရင်မခုန်တော့တာပါ။

ဒါပေမယ့်
....... ကျွန်တော့်ကိုယ်ထူးခြားစေတာက သူမ ကျွန်တော့်ဆီမကြာမကြာလာပြီ `ကျမ့ကို ရှင်လက်ထပ်ပါ´ လို့ ပြောလာခဲ့ပါတယ်။ တစ်ချိန်တုန်းက အကြားချင်ဆုံးစကားဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူမကို အမှန်တကယ် ရင်ထဲမှာကြောက်နေမိပြီ။ ကျွန်တော်လည်း သူမကို `မင်းကို ကိုယ်ဘယ်လိုမှ မယူနိုင်တော့ဘူး ´လို့ ရိုးသားစွာပြောလိုက်မိတော့ သူမကဒေါသဖြစ်စွာ `ရှင့်ကို..........ကျမရအောင်ယူပြမယ် ကြည့်နေလေ´ တဲ့။ သူမ ဆီကမျှော်လင့်မထားတဲ့ စကားကို ကြားလိုက်တော့ အတော်ကိုတုန်လှုပ်မိတယ်ဗျာ။

လူဆိုတာ အမြဲတမ်းပြောင်းလဲ နေတတ်တာပါလားဆိုတာကို
ကျွန်တော်သိလိုက်ရပါတယ်။ `သူမကို ပြောင်းလဲစေတာ သူမ ပတ်ဝန်းကျင်ကြောင့်လား?????? သူမရဲ့ တိမ်မြှုပ်နေသော ပင်ကိုယ်စိတ်လေးကြောင့်လား´ ဆိုတာတော့ တကယ်မသိခဲ့ပါဘူး။ နောက်တစ်ခုကတော့ `ကမ္ဘာကြီးလုံးဝိုင်းနေတယ်´ ဆိုတာကိုပါဘဲလေ။ ` ဟုတ်တယ်..... ဟိုးတစ်ကြိမ်ကတော့ ကျွန်တော်က လိုက်သူဖြစ်ခဲ့ကာ သူမကပြေးပုန်းနေသူလေ............။ အခုတစ်ကြိမ်မှာတော့ သူမလိုက်သူဖြစ်နေခဲ့ပြီး ကျွန်တော်ကတော့ ပြေးနေသူဖြစ်ရပြန်ပြီဗျာ´ ။ အမှန်တကယ်မှာတော့ သူမကို ကျွန်တော်ရင်ခွင်ထဲက ထုတ်ထားခဲ့တာ ကြာခဲ့ပြီလေ။ ဒါပေမယ့်လည်း........ သူမကတော့ ကျွန်တော်ကိုလာရောက်တွေ့ဆုံခဲ့ယုံသာမက..... သူမလေးကြောင့် ကျွန်တော်လည်း လက်ရှိအလုပ်လေးပြုတ်ခဲ့ရပါတယ်။

ကျွန်တော်အတွက်တော့ ပြေးစရာမြေနောက်ဆုံးဖြစ်တဲ့ နေရာလေးကို ကျွန်တော်ပြေးခဲ့ပါတယ်။ `ဒါကတော့ လူတိုင်းကို တူညီတဲ့ မေတ္တာတွေနဲ့အေးမြစေတဲ့ ဗုဒ္ဓရဲ့ ရင်ခွင်လေးပါဘဲ´။ သူမကတော့ ကျွန်တော်ငယ်စဉ်ကလို ခေါင်းမာနေစဲပါ။ ကျွန်တော်လည်းနောက်ဆုံး ရဟန်းဘောင်ထဲဝင်ပြီး အေးချမ်းမှုကိုရှာခဲ့တယ်။ ဒါကို မနေ့က သူမလိုက်လာပြီး သူမပြောနေကျစကားလေးကို ပြောခဲ့တယ်ဗျာ။ ပုထုစဉ်လူသားတစ်ဦးအနေနဲ့ မည်မျှပင် သင်္ကန်းဝတ်ထားစေကာမူ စိတ်တို့က ခြောက်လှန့်မိစဲလေ။ ထိုင်နေတဲ့ တရားမှာလည်း စိတ်အာရုံကို စုစည်းလို့မရအောင် ထွေပြားစေခဲ့တာကတော့ `ရှင်.........ဘယ်ဘ၀ရောက်ရောက် ကျမရအောင်ယူမှာ..........´ဆိုတဲ့ စကားလုံးလေးတွေကြောင့်ပါဘဲ။

`သူမရယ်.............မင်းနဲ့ငါ့အကြားမှာ ဘယ်ဘ၀ရဲ့ အငြိုးအတေးတွေနဲ့များ စုံတွေ့ခဲ့ကြရပါလိမ့်နော်။ တကယ်လို့များ ၀ဋ်ကြွေးများရှိခဲ့လျှင်လည်း ကျေပါစေတော့ မိန်းခလေးရယ်..´။ ဘာမဟုတ်တဲ့ .... ကိစ္စလေးတစ်ခုကနေ ဇာတ်လမ်းတွေ ရှုပ်ထွေးစေမယ်ဆိုတာ သိခဲ့ရင်
ကျွန်တော်ဆိုတဲ့ ကျွန်တော်ဟာ ဒီမီးကိုမွှေးခဲ့မှာ မဟုတ်ပါဘူးဗျာ။

လူဆိုတာ ကိုယ်ကစရင် ကိုယ်ကသာ အဆုံးသတ်နိုင်ရမယ်လေ။ ဒါပေမယ့်
ကျွန်တော်ကတော့ `ကိုယ်စခဲ့တဲ့ ဒီမီးကို ဘယ်လိုငြိမ်းရမလဲဆိုတာကို တကယ်ကိုမသိတော့တာပါ´။ `တကယ်ကော ကျွန်တော်သူမကို ချစ်ခဲ့သလား????????????? မာနကြောင့်လား???????????? ´ ဆိုတာကို ကျွန်တော်ကိုယ်တိုင်မသိတော့ပါဘူးဗျာ။ သူမကကော...........။ ` ကျွန်တော်လိုများ ဖြစ်နေသလားဟင်??????´ ။ `ဒူဝေေ၀.........´ ဆိုတဲ့ ကြေးစည်သံကြောင့် တွေးလက်စအတွေးတွေကို ရပ်တန့်ရင်း `အော်.....ငါ့နဲ့နော်...........´လို့ ကိုယ့်ကိုကိုယ်ပြောရင်း ` သတ္တ၀ါတွေ ကျန်းမာ၊ ချမ်းသာပါစေ´ လို့မေတ္တာပို့ရင်း...............................။ ။

2 comments:

တကယ်ကြီးလား .... အတုံ့အလှည့်ဆိုတာမျိုး ထင်တယ်နော်...

ဂယ်လားသယ်ရင်း
ဖတ်လို့တော့ကောင်းသားနော်
တစ်ကယ်ရှိခဲံရင်တော့ စိတ်မကောင်းစရာဘဲဟ

Search This Blog

Blog Archive

Visitor

-