Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

၇ိုး၇ှင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် သူနဲ့ကျမ အွန်လိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ အစကတည်းက ရိုးသားပွင့်လင်းမှုနဲ့ ဇာတ်လမ်းစခဲ့ကြပြီး နိုင်ငံတွေခြားနေတာကြောင့် တစ်ယောက်အကြောင်းတစ်ယောက်ေ၇ပက်မ၀င်အောင် ပြောရင်းဖြင့် ခင်မင်မှု အတိုင်းအတာလေးတွေ တိုးလို့သာလာပါတယ်။ နေ့နေ့ညည ဒီအွန်လိုင်းမှာတွေ့၇ာကနေ နောက် ၂ လလောက်အကြာမှာ ချစ်သူတွေဖြစ်ခဲ့တယ်။ ဒါက သူနဲ့ကျမဇာတ်လမ်းအစပေါ့နော်။


ကျမက နယ်မြို့လေးတစ်မြို့မှာ မွေးဖွားပြီး မိသားစုထဲမှာတော့ အထွေးဆုံးလေးပါ။ အထွေးဆုံး ၊ အဆိုးဆုံးလေးဆိုတာကု ကျမကိုကြည့်၇င် သိနိုင်လောက်အောင် မိသားစုက အချစ်တွေပေး ၊ အလိုတွေလိုက်ခဲ့ကြတာ ကျမပတ်ဝန်းကျင်ကတောင် ကျမကို မနာလိုကြတာ သိသာပါတယ်။ သူကကော မိသားစုထဲမှာ အကြီးဆုံး၊ မိသားစုအားကိုးရာ၊ အားထားရာ စံပြသားလိမ္မာလေး တစ်ယောက်ပါ။ ကျမတို့နှစ်ယောက်ရဲ့ တူညီချက်ကတော့ နယ်မြို့လေးတွေမှာ ကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး လုံးဝဆန့်ကျင်ဘက်အရာကတော့ ကိုးကွယ်၇ာ ဘာသာမတူခြင်း၇ယ်ပါ။ နှစ်ဦးစလုံးသိသိရဲ့နဲ့ ချစ်ခြင်းကိုသာ ရှေ့တန်းတင်ပြီး အချစ်ကိုကိုးကွယ်ခဲ့ကြတာပေါ့လေ။


ကျမတို့ နှစ်ယောက်ကို သူ့ဘက်ကကော၊ ကျမဘက်က သူငယ်ချင်းတွေကပါ တားဆီးကြ ၊ ဖျက်ဆီးမှုတွေ လုပ်ကြနဲ့ ကြားထဲက ကျမတို့နှစ်ယောက်ဆက်လက်တွဲမြဲ၊ ချစ်မြဲ ချစ်ခဲ့ကြပါတယ်။ သူငယ်ချင်းတွေက ဘာသာတူသူနဲ့ဖြစ်စေချင်ပေမယ့် ချစ်ပြီးမှတော့ အချစိုတာ ချစ်ဖို့ပါလို့ ပြောလိုက်ချင်ပါတယ်ကွယ်။ ချစ်ခြင်းမှာ အသက်အ၇ွယ်၊ ဘာသာတွေနဲ့ စရိုက်မတူလည်း နားလည်မှုတွေယူရင်းညှိကြတာပေါ့ဆိုတဲ့ နှစ်ဦးသား ပြတ်သားမှုတွေနဲ့ အချစ်အိမ်လေးကိုတည်ဆောက်ရင်း မြဲသထက်မြဲအောင် သံယောဇဉ်ကြိုးတွေနဲ့ ချီနှောင်ရစ်ဖွဲ့ နေလာလေလေပါဘဲ။


နှစ်ဦးသား ၇ည်မှန်းချက်၊ မျှော်လင့်ချက်တွေထားပြီး ချစ်ခဲ့ကာ မြန်မာတို့ရဲ့ ချစ်စရာ ရိုးရာပွဲမှာတော့ နှစ်ဦးသား အမိမြေမှာ တွေ့ခဲ့ကြပါတယ်။ နှစ်ဦးသားတွေ့ချိန်လေးမှာ ပြည်သူ့ရင်ပြင်ဥယာဉ်ပြင်ဝယ် ပူပူလောင်လောင်ကြား အရိပ်မဲ့တဲ့နေရာလေးမှာ ထီးကိုဆောင်းပြီး အေးချမ်းတဲ့ ဘ၀ရှေ့ရေးတည်းဆောက်ဖို့ မမောမပန်းနိုင်ဆွေးနွေးခဲ့ကြတာ ဟာ ကိုနဲ့ကေအတွက် ဘ၀အမှတ်တရလေးပါ။ ထိုနောက်မှာတော့ ချိအီအီ ရွှေပုဇွန် ဖာလူဒါလေးသောက်ပြီး အပြန်လမ်းကိုခွဲခဲ့ကြ၇ပါတယ်။ ကိုဟာ နှစ်ဦးသားတွေ့ဆုံတော့မှ တကယ့်ကို ဦးဆောင်ဦးရွက်ပြုနိုင်သူပါလားဆိုတာကို ကေသိခဲ့၇တယ်လေ။ ကိုဟာ ကေ့ဘ၀အတွက်အချစ်ဆုံးနှင့် နောက်ဆုံးလူတစ်ယောက်အဖြစ် ကေသတ်မှတ်ခဲ့ပါတယ်။ သတ်မှတ်လို့ရတဲ့ အ၇ည်အချင်းနဲ့လည်း ပြည့်စုံသူတစ်ဦးပါ။


နှစ်ဦးသား ရည်မှန်းချက်ကိုယ်ဆီနဲ့ ပြန်ခဲ့ကြ၇င်း သူကလည်း ဘ၀ရေးတွက်ကြိုးစားနေသလို ၊ ကိုယ်ကလည်း ပါရမီဖြည့်နိုင်အောင် ကြိုးစား၇င်း သူကောင်မလေးတစ်ယောက်ဆီသွားသွားနေတာကို ကျမသိလိုက်ရပါတယ်။ သူကိုမေးတော့လည်း သူကသွားကြောင်းဖွင့်ပြောတော့လေ ကျမတစ်ယောက်ဝန်တိုခြင်းတွေနဲ့ တားခဲ့ပေမယ့်လည်း သူကတော့သွားမြဲ သွားစဲပါလေ။ ဒီလိုနဲ့ သူနဲ့ကျမကြား ပြသာနာလေးတွေကနေ တစ်ဖြည်းဖြည်းကြီးထွားလာရာကနေ သူကဘဲစတင်ကာ လမ်းခွဲစကားဆိုလာခဲ့တယ်လေ။ ကိုတကယ်ရက်စက်နိုင်ပါလားဆိုတာကို ကျမသိတော့ ကျမလည်း မိန်းခလေးမာနလေးကြောင့် `အင်း...ခွဲတာပေါ့´ လို့ဖြေကြားရင်း ကျမတို့ဇာတ်လမ်းကို ဖြတ်ခဲ့ကြတယ်။


လူဆိုတာမာန ဘယ်လောက်ဘဲရှိရှိ တကယ်ချစ်တဲ့ သူက တကယ်ခံစားရတယ်ဆိုတာ သူသိနိုင်မယ်မထင်ပါဘူး။ ဘယ်သွားသွား၊ ဘာစားစား၊ ဘာလုပ်လုပ် ချစ်သူကိုသာ မြင်ယောင်လွမ်းဆွေးရင်း ခေါင်းအုံးလေးထက် အကြိမ်ကြိမ်မျက်၇ည်ကျခဲ့ရသူပါ။ သူကတော့ ကောင်မလေးတွေနဲ့ တွဲပြတဲ့ပုံလေးတွေ၊ စောင်းမြောင်းပြောဆိုတဲ့စာလေးတွေပို့တိုင်း ပိုပြီးရင်နင့်အောင့်ခံစားခဲ့၇တာကြောင့် လမ်းခွဲပြီး ၂လအကြာမှာတော့ အိပ်ယာထက်လဲခဲ့ပါတယ်။ သူကလည်းကျမအကြောင်းစုံစမ်းနေခဲ့တယ်လို့ ကျမထင်တယ်လေ။ နေကောင်းပြီးတစ်ပတ်အကြာမှာတော့ အွန်လိုင်းမှာ တွေ့ကာ စကားပြောကြရင်း ကျမငိုအချမှာတော့ သူလည်းဆက်တင်းမနေတော့ဘဲ `ကဲ ဒါဆိုလည်း ဖြစ်ခဲ့တာတွေထားလိုက်ပါကွာ။ တို့တွေ အရင်လိုဘဲ ပြန်ချစ်ရအောင်နော်။ ကိုလည်းမချစ်ဘဲ မနေနိုင်တာကိုသိတယ်ကွာ။ ဘာဖြစ်ဖြစ်၇င်ဆိုင်ရအောင်...´ လို့ ဆိုလာတော့လည်း ချစ်သူရဲ့ ချော့မော့မှုအောက်မှာ ကျမပျော့ခဲ့ရပါတယ်ရှင်။


ကျမတို့်ချစ်သူတွေပြန်ဖြစ်တော့ အရင်ကထက် တစ်ဦးကိုတစ်ဦးနားလည်မှုတွေပို၊ ချစ်ခြင်းတွေပိုခဲ့ကြပါတယ်။ ကျမက ကို့မွေးနေ့တွက် ပိုက်ဆံအိတ်လေး ထည့်ပေးလိုက်တာကို သူကလည် တယုတယကိုင်ပြခဲ့သလို၊ ချစ်သူဝယ်ပေးတဲ့ နာရီလှလှလေးကိုလည်း အချိန်မပြောင်းဘဲ ပတ်ခဲ့တဲ့ ကျမကို သူငယ်ချင်းတွေက အားမနာတမ်းပြောခဲ့ကြပါတယ်။ ဘယ်သူတွေ ဘာပြောပြောပါနဲ့ ကျမသူ့ကိုဘယ်လောက်ချစ်တာ ကျမသာလျှင်အသိဆုံးပါ။ သူကကော ကျမထက်မလျော့သော မေတ္တာတွေနဲ့ကျမကို ချစ်နေမယ်ဆိုတာ ယုံနေမိတယ်။ ယုံကြည်မှုတွေကြောင့် ကျမဘ၀လေးဟာ တက်ကြွလမ်းဆန်းခဲ့ပါတယ်။


ဒီလိုချစ်လာ၇င်း တစ်နေ့မှာတော့ သူဟာ ကျမကို စကားတစ်ခုပြောလာပါတယ်။ `သူကို ယုံကြည်ပေးပါ၊ သူ့မှာ ထုတ်မပြောနိုင်တဲ့ အကြောင်းတစ်ခုရှိနေပါတယ်၊ တနေ့ကျ၇င် သူကိုယ်တိုင်ဖွင့်ပြောပါ့မယ်ကွာ´ တဲ့။ ကျမလည်းသူ့ ကိုယုံတာရယ်၊ သူစိတ်အနှောက်အယှက်ဖြစ်မှာ ဆိုးတာ၇ယ်ကြောင့် ဘာမှပြန်မမေးဘဲ တိတ်ဆိတ်နေခဲ့မိတယ်။ မမျော်လင့်တဲ့ တစ်နေ့မှာတော့ သူ့ဆိီက စာတိုလေးတစ်စောင် ရောက်ရှိလို့လာပြန်တယ်။ `လမ်းခွဲစို့နော်´ တဲ့။ အော် ............ကျမလည်း သူအရင်တစ်ခါလို စိတ်ညစ်စရာကြုံတယ် အထင်နဲ့ တိတ်ဆိတ်နေခဲ့ရပေမယ့်၊ ဒီလိုလုပ်ရက်သူကို အပြစ်မတင်ရစ်ဘဲ တိတ်ဆိတ်စွာကျေကွဲရင်း လွမ်းဆွတ်နေမိတယ်လေ။ သူတနေ့နေ့ ပြန်လာနိုးနဲပါ။


အချိန်တွေဟာ ကြာလာသည်နှင့် အမျှ လွမ်းဆွေးမှုတွေဟာ နက်ရှိုင်းသထက်နက်လာလို့ အမှတ်တမဲ့ သူ့အကောင့်လေးကို အကြည့်မှာတော့.........................။ အော် ......လုပ်၇က်လေခြင်းကိုရယ်။ သူလေ...တစ်ခြားသော မိန်းမတစ်ယောက်နဲ့ တွဲကာ မင်္ဂလာဆောင်ပုံလေးကိုမှ သူ့အကောင့်မှာ တင်ထားလိုက်တာနော်။ ချစ်သူရယ် .....မင်းအခုနေပျော်နေမယ်ဆို ....အဝေးကနေ တို့ဆုတောင်းပေးနေမှာပါကွယ်။ ချစ်ခွင့် မ၇လိုက်ရတဲ့ ချစ်သူတစ်ယောက်....ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ရင်ကိုခွဲကာ ဆန္ဒပြုရင်း နောက်လှည့်မကြည့်မိပါစေကြောင်း ဆုတောင်းရင်း................။ ။ ချစ်သူတိုင်းလည်းညားနိုင်ပါစေ။ ညားသူတိုင်းလည်း ချစ်နိုင်ကြပါစေရှင်။ ။


အချစ်ကို
အရင်းပြု
နှလုံးသားအတုနဲ့
ကျမကိုချစ်ခဲ့သူ..
သံယောဇဉ်မခိုင်
စိတ်မနိုင်လို့
ချစ်သူအလိုကျ
စွန့်ပစ်ခဲ့လည်း
ချစ်ခဲ့ဖူးသူမှာတော့
နှလုံးသားကိုထုဆစ်လို့
မင်းတို့အတွက်
ကျမအသည်းအား
လက်ဖွဲ့လိုက်တယ်
ရင်ခွင်သစ်မှာ....
ချစ်သူပျော်နိုင်ပါစေ...........ချစ်သူရေ။ ။

2 comments:

အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မျက်ရည်ကတော့ အဖော်ပေါ့နော်.....
ကျေးဇူးတင်ပါတယ်။

အွန်း .................

Search This Blog

Blog Archive

Visitor

-