Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....


ဘုရားသခင်က မြည်းကိုဖန်ဆင်းပြီး `သင်ဟာ မြည်းတစ်ကောင်ဖြစ်ပြီး၊ နေ၀င်မိုးချုပ် သင့်ရဲ့ကျောမှာ ၀န်ဆောင်မှုတွေကို သယ်ဆောင်ပြီး မြက်ကိုစားရလိမ့်မယ်။ သင့်မှာ ဥာဏ်ရည်ဥာဏ်စွမ်းမဲ့ပြီး ဘ၀ကို အနှစ် (၅၀) တိုင်နေခွင့်ပေးမယ်´ လို့ပြောသတဲ့။
ထိုအခါ မြည်းလေးက `မြည်းတစ်ကောင်အတွက် အနှစ် (၅၀)ဆိုတာက များလွန်းတဲ့အတွက် အနှစ် (၂၀)သာ နေခွင့်ပေးပါ ´ လို့တောင်းဆိုတော့ ဘုရားသခင်ကခွင့်ပြုလိုက်သတဲ့။


ဘုရားသခင်က တဖန် ခွေးကိုဖန်ဆင်းပြီး `သင်ဟာ ခွေးတစ်ကောင်ဖြစ်ပြီး၊ လူသားတို့တွက် အဖော်ကောင်းဖြစ်ကာ သူတို့ရဲ့ အိုးအိမ်ကိုစောင့်ေ၇ှာက်၇မယ်။ သူတို့ပေးတဲ့အစာကိုစားပြီး ဘ၀ကို အနှစ် (၃၀) တိုင်နေခွင့်ပေးမယ်´ လို့ပြောသတဲ့။
ထိုအခါ ခွေးလေးက `ခွေးတစ်ကောင်အတွက် အနှစ် (၃၀)ဆိုတာက များလွန်းတဲ့အတွက် အနှစ် (၁၅)သာ နေခွင့်ပေးပါ ´ လို့တောင်းဆိုတော့ ဘုရားသခင်ကခွင့်ပြုလိုက်သတဲ့။


ထိုနောက် ဘုရားသခင်က မျောက်ကိုဖန်ဆင်းပြီး `သင်ဟာ မျောက်တစ်ကောင်ဖြစ်ပြီး၊ သစ်ကိုင်းတစ်ခုမှတစ်ခုကို ကူးတဲ့အကျင့်များကိုပေးမယ်။ မင်းဘ၀ဟာ သူများဘ၀ကိုပျော်၇ွှင်မှုတွေပေးပြီး ၊ ဘ၀ကို အနှစ် (၂၀) တိုင်နေခွင့်ပေးမယ်´ လို့ပြောသတဲ့။
ထိုအခါ မျောက်လေးက `မျောက်လေးတစ်ကောင်အတွက် အနှစ် (၂၀)ဆိုတာက များလွန်းတဲ့အတွက် (၁၀)နှစ်သာ နေခွင့်ပေးပါ ´ လို့တောင်းဆိုတော့ ဘုရားသခင်ကခွင့်ပြုလိုက်သတဲ့။


နောက်ဆုံးမှာတော့ ဘုရားသခင်က လူသားကိုဖန်ဆင်းပြီး `သင်ဟာ လူသားတစ်ယောက်ဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ တစ်ဦးတည်းသော သတ္တ၀ါသာဖြစ်ပြီး မင်းရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို အသုံးချပြီး သတ္တ၀ါတို့ရဲ့ သခင်အဖြစ် ကမ္ဘာကိုလွှမ်းပြီး ၊ သင့်ဘ၀ကို အနှစ် (၂၀) တိုင်နေခွင့်ပေးမယ်´ လို့ပြောသတဲ့။
ထိုအခါ လူသားက `လူသားတစ်ယောက်အတွက် အနှစ် (၂၀)ဆိုတာက နည်းလွန်းတဲ့အတွက် မြည်းငြင်းဆိုခဲ့တဲ့ နှစ် ၂၀၊ ခွေးမလိုချင်တဲ့ ၁၅ နှစ် နှင့် မျောက်မယူနိုင်တဲ့ ၁၀နှစ်တို့ကိုပါပေးပါခင်ဗျာ ´ လို့တောင်းဆိုတော့ ဘုရားသခင်ကခွင့်ပြုလိုက်သတဲ့။

နောက်မှာတော့ လူသားတွေဟာ လူသားဆန်သောဘ၀အဖြစ် အနှစ် ၂၀ ၊ လက်ထပ်ပြီး မြည်းကဲ့သို့ သူတစ်ပါးတွက် အလုပ်တွေကို ၀န်ဆောင်၇င်း အနှစ် ၃၀ ၊ ထိုနောက် ခလေးတွေကြီးပြင်းမှုတွက် အိမ်ကို ကာကွယ်စောင့်ေ၇ှာက်ရင်း ၊ ကျွေးသမျှကို စားရတဲ့ ခွေးလို ၁၅နှစ် နှင့် သူတို့ကြီးပြင်းလာလို့ ကိုယ့်ဘ၀မှာလည်း အလုပ်လက်မဲ့ဖြစ်ကာ မျောက်ကလေးလို သားသမီးတွေရဲ့အိမ်ကို တစ်အိမ်ပြီးတစ်အိမ်ကို ကူးလူးပြီး မြေလေးတွေက
ို ပျော်ရွှင်မှုတွေ ဖန်တီးပေးရင်း ၁၀နှစ်တာကျော်လွန်ခဲ့သတဲ့။

ဒါဟာ ဘ၀ပေါ့ဗျာ???????ဟုတ်တယ်???????? ဒါဟာ ဘ၀။ ။

သူငယ်ချင်းတစ်ယောက်ပေးပို့သော စာပိုဒ်လေးကို ကြိုက်တာကြောင့် ဘာသာပြန်လိုက်ပါတယ်။ တိုက်ဆိုင်မှု၇ှိ၇င်ခွင့်လွှတ်ပါဗျာ။ ။

2 comments:

ဂွတ်သဗျာ
အစ်မရာ..

ရေးထားတာလေးအတော်ကောင်းတယ်--
ပျော်ရွှင်ပါစေ--

Search This Blog

Blog Archive

Visitor

-