Chit Latt (ချစ်လတ်)

In our dreams, we can go anywhere, we can be anybody, and we can do anything. When we dream, we are like passengers on a moving train, unable to control our actions and choose surroundings. We let our mind take over and help recharge the mind and revitalize the body. လူ့ဘ၀ရဲ့ မျှော်လင့်ခြင်း အိပ်မက်များစွာကို မက်ရင်းဖြင့်....

`အား´ဆိုတဲ့အသံလေးနဲ့ ခေါင်းထက်ကဆစ်ကနဲ ခံစားမှုလေးကြောင့် အလန့်တကြားအော်လိုက်မိတယ်။

နာကျင်မှုကြောင့်မဟုတ်ဘဲ၊ လန့်သွားတာကြောင့် ရုတ်တရက် ဒေါသလေးထွက်လာကာ

လက်ကလေးခေါင်းကိုအရောက်၊ မာကျောကျော ဆံပင်အကြားညှိနေသောအရာလေးကို လက်ကလေးကအဖြုတ်

မြှားလေး (စက္ကုမြှားလေး)ပေါ့။

မြှားလေးကို လက်ဝယ်ထားရင်း ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြည့်မိပါတယ်။ ကျွန်မရုပ်ရည်ဟာ အတန်းထဲမှာ

စွဲဆောင်မှုလုံးဝမရှိတဲ့အပြင် ပြင်စင်ခြယ်သမှုကင်းလေတော့ ရုပ်ဆိုးတဲ့အထဲတောင်ပါနေသူလေးပါ။ ဒီလိုရုပ်ဆိုးဆိုး၊

မွဲတေတေမျက်နှာမွဲတစ်ယောက်ကို ဘယ်သူကမှ ကောင်းကောင်းအပေါင်းအသင်းလုပ်ချင်သူမ၇ှိတာကြောင့်

အတန်းထောင့်မှာ တစ်ယောက်တည်းထိုင်ကာ စာထိုင်ဖတ်တတ်သူလေးပါ။ ကိုယ်ဝါသနာပါတာကြောင့် ဒီမေဂျာကို

ယူခဲ့တာဖြစ်ပြီး အများတကာထက် စာကိုကြိုးစားအားထုတ်တာကြောင့် ဆ၇ာ၊ဆရာမတွေအလည်မှာတော့

ချစ်ခြင်းခံခဲ့၇ပါတယ်။ အများတကာတွေစာလာမေးရင် စိတ်၇ှည်လက်၇ှည်၇ှင်းပြတတ်သော ကျွန်မအကျင့်လေးကြောင့်

မုန်းသူမရှိသလောက်တော့နည်းပါးတယ်လေ။ ဪ….ဒီလိုတွေးရင်း ကျွန်မကို

ပြစ်သောမြှားတော့ဟုတ်မှာမဟုတ်တာကြောင့် ဘာမှမဟုတ်တဲ့ ထိုမြှားလေးကို လွှတ်ပြစ်လိုက်ပါတယ်။

ထိုနေ့မှ စတင်ပြီး နေ့တိုင်းမှာတော့ ကျွန်မခေါင်းထက် မြှားလေးတွေ တစ်နေ့တစ်ခုလာရောက်ထိမှန်နေတာ

တစ်လတင်းတင်းပြည့်လာခဲ့တယ်လေ။ ရောက်လာတိုင်းလည်း ပုံမှန်လုပ်ဆောင်နေကြအတိုင်း

လွှတ်ပြစ်မြဲလွှတ်ပြစ်ခဲ့ပါတယ်။ တစ်လကျော်ပြီးတဲ့အခါမှာတော့ မြှားလေးတိုင်းမှာ ထူးခြားစွာဖြင့်

အသည်းနီနီလေးတစ်ခု ကပ်ပါလာတာကို တွေ့လိုက်တယ်လေ။ `ငါ့ကိုပြစ်နေတာလား´ဆိုပြီး အတန်းဘက်ကို

လှည့်ကြည့်တော့ ဘယ်သူမှထူးခြားတာကို မတွေ့တော့မှ `ဪ…တော်တော်လေး ကိုယ့်ကိုယ်ကိုအထင်ကြီးမိတဲ့

ငါပါလားနော်´လို့ တစ်ယောက်ထဲ စိတ်ကူးထဲပြောကာ အပြုံးလေးဖြင့် ပိုင်ရှင်မဲ့မြှားလေးတိုင်းကို နမြောစွာဖြစ်

လွှတ်ပြစ်လိုက်ပါတယ်။ ဒီလိုနဲ့ဘဲ အသည်းနီနီနဲ့မြှားလေးတွေဟာ တစ်လတိတိ နေ့တိုင်းကျွန်မခေါင်းလေးထက်

ကံဆိုးစွာနဲ့ လာရောက်မှန်းတိုင်းလည်း ဖြုတ်ယူကာမြှားလေးကို အပြုံးလေးနဲ့ အမြတ်တနိုးကြည့်ရင်း

လွှတ်ပြစ်လိုက်တယ်။

နောက်ထပ်လမှာတော့ ထူးဆန်းလှစွာဖြင့် စာတမ်းနီနီလေးတွေက အသည်းနီနီလေးတွေနှင့်အတူ

ပါဝင်လာတာကိုတွေ့ရတယ်။ ပိုမိုဆန်းကြယ်မှုက စာတမ်းလေးတွေမှာ `မေ့ကို ချစ်တယ်´ဆိုတဲ့

ကျွန်မနာမည်လေးတစ်ခုပါဝင်လာခဲ့ခြင်းပါ။ ဒီလို စာတမ်းလေးတစ်ခုကို နေ့တိုင်းပို့ပေးနေသော မြှားပြစ်သူကို

သိချင်လိုသောစိတ်လေးတွေ ပြင်းထန်လာခဲ့သလို၊ ကပ်ညှိလာမြှားလေးတွေလို မြှားပိုင်ရှင်

ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ကူးလေးတွေထဲ တွေးလာမိပါတယ်။ ရင်ထဲမှာလေ ….ကျွန်မလို

ရုပ်ဆိုးအကျဉ်းတန်သူလေးကို တန်ဖိုးထားသူတစ်ယောက်အတွက် ရင်ထဲမှာ အထူးကျေးဇူးတင်မိပါတယ်။

ဪ….ကျွန်မနာမည်စတင်ပါဝင်လာတဲ့ မြှားလေးတွေကို ကျွန်မသိမ်းထားတတ်ခဲ့ပါတယ်။

နောက်ထပ်လတွေမှာတော့ `မေ့ကို မောင်တကယ်ချစ်တယ်ကွာ´ `မေ…မောင့်ကိုယုံရဲ့လား´ ၊ `မေ့ကို

မောင်မခွဲနိုင်အောင်ချစ်တာ´ စသည်ဖြင့် မရိုးနိုင်သော စွဲဆောင်မှုစာတမ်းလေးတွေနဲ့ အဝေးကနေ ပို့နေတော့တာ

(၂)လတိုင်လာခဲ့သည့်တိုင် လူကိုမမြင်ဘူး၊ မတွေ့ဘူးရုံသာမက မည်သူမည်ဝါဆိုတာကိုတောင် ကျွန်မမသိခဲ့ပါဘူး။

ဒါပေမယ့် မြှားပိုင်ရှင်လေးကိုတော့ ရင်ထဲမှာ စူးစူးနစ်နစ်ချစ်နေမိတာတော့ ကျွန်မကိုယ်ကိုယ်သိနေပါပြီ။

ထူးဆန်းစွာဖြစ် (၅)လမြောက် မြှာလေးမှာတော့ `မေရယ်…မောင်လေ မေ့ကိုတွေ့ချင်တယ်ကွယ်၊ မေကော မောင့်က

ို တွေ့ချင်ရင် မြှားဖြူဖြူလေးတွေအတိုင်းလိုက်ခဲ့နော်´ တဲ့။ မြှားဖြူဖြူလေးတွေ လမ်းညွှန်အတိုင်း လိုက်လာခဲ့ရာ

တနေရာလည်းအရောက် မြှားဖြူဖြူလေးတွေ ရပ်တန့်သွားခဲ့လို့ ဘေးဘီကိုလှမ်းအကြည့် ကျွန်မကို

ရပ်ကြည့်နေသူကြောင့် ကျွန်မလန့်သွားကာ `ဟာ….သူတော့မဟုတ်ပါဘူးလေ။ ငါတော့ အကြည်စားသန်သူ

တစ်ယောက်ယောက်က စတာဖြစ်မှာပါလေ။ လုပ်ရဲ့လေခြင်းဟူသော ´ စိတ်အတွင်းအတွေးပေါင်းမြောက်မြားစွာ

ဖြစ်ပေါ်လာကာ စိတ်ထဲဝမ်းနည်းလာကာ မျက်ရည်တွေ ပြည့်တက်လာပြီး နောက်ထပ်မြှားလေးတွေ တွေ့လိုတွေ့ငြား

ထပ်ပြီးအရှာ `ဘာ၇ှာနေတာလဲ´ဆိုသော သူ့အမေးကြောင့် ကျွန်မတုန်ရင်စွာဖြင့် ခေါင်းခါမိလိုက်ပါတယ်။

သူဆိုတာ ကျွန်မတို့ major ရဲ့ king လို့ ကျော်ကြားသူလေ။ သူက ကောင်မလေးတွေကြားမှာ တော်တော်လေး

ရေပန်းစားသူလေ။ သူ့ကို ကြည့်ပြီး ထပ်ပြန်ဖြေလိုက်တာကတော့ `ဘာမှမရှာပါဘူး´။ `သေချာလို့လား၊

ဘာပျောက်နေလို့လဲ´ မေးတော့ `အင်း၊ ဘာမှမပျောက်ပါဘူး´ လို့ ဖြေအပြီး ပြန်အလှည့်မှာ `ဒါလေးကို

ရှာနေတာလား´ လို့ သူ့အမေးကြောင့် ကျွန်မခေါင်းလေးပြန်အလှည့်မှာ သူ့လက်ထဲက မြှားဖြူဖြူလေးတစ်ခုကို

အံ့သြစွာအကြည့် သူက `မေ….လူလာရှာတာမဟုတ်လား´ တဲ့။ ကျွန်မပြန်မဖြေခင်မှာ သူ့အိတ်ထဲကိုနှိက်ကာ

ယူထုတ်ပြတာကတော့ မြှားဖြူဖြူလေးတွေ ညစ်နွမ်းနွမ်းနဲ့ တချို့ဆို လုံးချေရာတွေပါတွေ့လိုက်ရတယ်။ သူက `မေ

ရေကြည့်လေတဲ့´ ပြောအပြီးမှာ ကျွန်မတွေ့လိုက်၇တာကတော့ အားလုံးပေါင်း အခု (၆၀)တိတိပါ။

`မဖြစ်နိုင်တာ´ လို့ကျွန်မကပြောတော့ သူက `ဘာကိုမဖြစ်နိုင်တာလဲမေရယ်´တဲ့။ ကျွန်မက `ဟုတ်တယ်၊ ဒါက

ဘယ်လိုမှမဖြစ်နိုင်တာ၊ ကျွန်မကို ဘာလို့စတာလဲ´ ဆိုတော့ သူက `ဘယ်သူကဘယ်သူ့ကိုမှ မလိမ်ဘူး၊

ညာလည်းမညာဘူး၊ စလည်းမစဘူးလေ၊ မောင်အတည်ပြောတာပါ။ မောင်က…..ယုံစရာမကောင်းဘူးလားဟင်´

လို့မေးချလိုက်တယ်။ ကျွန်မ ကြောင်တောင်တောင်နဲ့ ပြန်ဖြေလိုက်တာကတော့`ဒါ…..အိပ်မက်မက်နေတာပါနော်´

လို့ပြောတော့ `မေရယ်….အိပ်မက်မဟုတ်ဘူး၊ ဒါတကယ်ပါကွာ´ လို့ ပြောအပြီး သူကျွန်မလက်ကလေးကို

လာအကိုင်မှာတော့ ကျွန်မလည်းစိတ်လှုပ်ရှားကာ ထိုင်ပြီး ငိုချလိုက်ပါတော့တယ်။

သူကလည်း လိုက်ထိုင်ကာ ကျွန်မကို မငိုဖို့ချော့ရင်း အီလည်လည်အပြုံးလေးနှင့် အားပေးချော့ရှာတယ်။

အချိန်တော်တော်လေးကြာမှ ကျွန်မလည်း အငိုရပ်ကာ သူ့ကိုကြည့်ပြီး `ကျွန်မကို သနားပါနော်၊ ကျွန်မကို

မနှောက်ယှက်ပါနဲ့နော်´ လို့ပြောချလိုက်တော့ `ဗျာ!!!!!!! ဘုရား၊ ဘုရား မိန်းခလေးတစ်ယောက်ကို ချစ်တယ်လို့

ပြောတာလေးက နှောက်ယှက်မှုလားကွာ´ လို့ မျက်နှာငယ်လေးနဲ့ မေးလေတော့တယ်။ `ချစ်တယ်´

`ဒါဘယ်လို ဖြစ်နိုင်မှာလဲဟင်????´ `ရှင်က သဋ္ဌေးသား ၊ ရုပ်ချော၊ ဥစ္စာပေါ၊

ကြိုက်တဲ့သူတွေဝိုင်းဝိုင်းလည်နေတာလေ´ `ကျွန်မလို ၊ကျွန်မလို……..´ စကားကိုထပ်မဆက်နိုင်တော့တဲ့

`ကျွန်မကို ဘာဖြစ်လဲ ပြောလေ…´လို့ သူကမေးလာခဲ့တယ်။

ကျွန်မလည်း စကားဆက်မပြောနိုင်ဘဲ သူ့ကို ထူးဆန်းစွာကြည့်နေတော့ သူက `ဘာလဲ ၊ ရုပ်မချော ၊

ပိုက်ဆံမရှိရင် မကြိုက်ရ၊ မချစ်ရဘူးလားကွာ´ တဲ့။ `မေက မောင့်ကို မယုံတာလား ၊ မချစ်နိုင်တာလား´ လို့

မေးပြီး ကျွန်မ မျက်ဝန်းလေးကို သေသေချာချာစိုက်ကြည့်ပြီး `ဪ……မောင်ထင်တယ် ၊ မောင့်ကို

မယုံနိုင်တာပေါ့ ၊ ကိစ္စ မရှိဘူး မောင့်မှာ မျှော်လင့်ချက်တွေ အများကြီးနဲ့ ကြိုးစားခွင့်တွေတော့

ရှိသေးတယ်ကွာ ´ `ဟုတ်တယ်မဟုတ်လား…..ဟင်…..မေ´ လို့ ကျွန်မကို သူအမေးမှာတော့ ကျွန်မ

မဖြေနိုင်တော့ပါဘူး။ ရှက်ရှက်နဲ့သာ ထပြေးလာခဲ့ပါတော့တယ်။

ထိုနောက်ပိုင်းမှာတော့ မောင်တစ်ယောက် နေ့တိုင်း ပို့နေကြ မြှားလေးတွေနဲ့ ပုံမှန်စာကြောင်းလေးတစ်ခုကို

အများ သိသာထင်ရှားလာအောင် မောင်တစ်ယောက် ပို့တတ်လာပါတယ်။ လူတော်တော်များများကလည်း

ကျွန်မကို မောင်ပိုင်အရုပ်လေးတစ်ရုပ်လို စောင့်ကြည့်သတိထား လာကြတာကတော့ မောင့်ကြောင့်လိုဘဲ

ထင်မိတယ်။ ဒီလိုနဲ့ဘဲ ရင်းနှီးမှုလေးတွေကတော့ တိုးလာကာ သူငယ်ချင်းအဖြစ်သို့ ရောက်ရှိရင်း အချိန်တွေ

ကုန်လွန်ခဲ့ပါတယ်။

ကျွန်မတို့တွေ ကျောင်းပြီးလို့ မောင်တစ်ယောက် စီးပွါးရေးကို စောက်ချကာ လုပ်ဆောင်နေချိန်မှာတော့

ကျွန်မကတော့ Q ကျောင်းသူအဖြစ် ဆက်လက်တက်ရောက်နေစဲပါ။ ဘယ်လောက်ပဲ အလုပ်တွေ မအားနေပါစေ

မောင်တစ်ယောက် ကတော့ သူ့ရဲ့ ပုံမှန်အပြုအမူလေးအတိုင်း ကျမဆီကို တနေ့တစ်ခေါက် ပုံမှန်ရောက်လာကာ

နှစ်ကိုယ်ကြားစကားတွေပြောရင်း မြှားလေးတွေကို တနေ့တစ်ခု လုပ်ရင်း ကျွန်မရဲ့ဆန္ဒလေးတွေကို

တနေ့တစ်မျိုးမရိုးနိုင်အောင်မေးရင်း မြှားလေးတွေမှာ ရေးခိုင်းတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့

စာလေးတစ်ယောက်တစ်ကြောင်းရေးပြီး မြှားလေးတွေလုပ်ကာ အမြဲပဲ သူသိမ်းသွားတော့တယ်။

ဒီလိုနဲ့ဘဲ ကျွန်မတို့နှစ်ယောက်ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ အားငယ်စိတ်လေးတွေကတော့

နှစ်ယောက်ကြားမှာ ရှိနေစဲပါရှင်။ မောင်ကတော့ `မောင်ဘယ်လောက်ချစ်လဲ ဆိုတာ မေတနေ့နေ့တော့သိမှပါကွာ´

လို့ အမြဲပြောနေတော့တာပါပဲ။ အခြားတစ်ဖက်မှာတော့ မောင်နှင့် ကျွန်မကြား နားလည်မှုတွေ ၊ ယုံကြည်မှုတွေနဲ့

သံယောဇဉ်တွေ တိုးလာလေလေ မောင်ရဲ့ မေတ္တာတရားကို ကျွန်မယုံကြည်အားကိုးလာမိတာ

ပြောမပြတတ်အောင်ပါပဲ။

ဒီလိုနဲ့ဘဲ မောင့်မိဘတွေကလည်း လိုလိုလားလားနှင့် ကျွန်မမိဘတွေထံလာရောက် ကမ်းလှမ်းစေ့စပ်ထားပြီး

ကျွန်မလုပ်ငန်းခွင်ဝင်မှလက်ထပ်ပေး၇န် သဘောတူထားကြလေတော့ ကျွန်မလေ မောင့်ကို

တိုးလို့သာမြတ်နိုးတွယ်တာမိတာ အမှားတစ်ခု မဟုတ်ဘူးဆိုတာ သိမြင်ယုံကြည်လာပါတယ်။

မောင့်ရဲ့အားပေးမှုတွေကြောင့် အားငယ်စိတ်တွေ သိမ်ငယ်မှုတွေဟာလည်း တဖြည်းဖြည်းလျော့နည်းလာကာ

ယုံကြည်မှုတွေနှင့် ဘ၀ဟာ သက်ဝင်လာတော့တယ်။

ချစ်ခြင်းတရားရဲ့ နောက်ကွယ်မှာ ယုံကြည်မှု၊ မြတ်နိုးမှု၊ နားလည်မှု၊ မျှဝေမှုတွေနှင့် ပြည့်နေတယ်ဆိုတာ

ကျွန်မဟာ မောင့်ဆီက ၇၇ှိသောချစ်ခြင်းမေတ္တာတွေအောက်မှာ ရှင်သန်ခွင့်၇ခဲ့မှသာ သိရှိနားလည်ခဲ့၇သူပါ။

မောင်ကလည်း ကျွန်မထက်မလျော့သောမေတ္တာတွေနဲ့ ချစ်ခြင်းတွေကိုပေးရင်း အချစ်ကိုတန်ဖိုးထား၊ သစ္စာ၇ှိတဲ့

ကျွန်မအတွက်တော့ သူရဲကောင်းတစ်ယောက်ပေါ့နော်။

ဒီလိုနဲ့ ကျွန်မကျောင်းအပြီးမှာ ဆရာမလေးဖြစ်အရောက် မောင့်ထံမှ မမျှော်လင့်သောအဖြစ်လေးတစ်ခုကို

ကျွန်မသိခွင့်ရလိုက်ပါတယ်။ နှစ်ဦးသဘောတူမိဘတွေရှေ့လက်မှတ်ထိုး၊ မင်္ဂလာဦးဆွမ်းကျွေးအပြီးမှာပေါ့……

သျှောင်နောက်ဆံထုံးပါဆိုတဲ့ ရှေးစကားပုံလေးအတိုင်း မောင့်စိတ်တိုင်းကျ တည်ဆောက်ထားတဲ့ အိမ်လေးကို

ပထမဆုံးဝင်ရောက်တော့မှ တအံ့တသြမြင်ကွင်းလေးကြောင့်ပါ။ ၀င်ဝင်ချင်းအခန်းပတ်ပတ်လည်မှာတော့

မှန်ပုံးဖြူဖြူလေးတွေတွင်းမှာ စက္ကူမြှားပေါင်းမြောက်မြားစွာနှင့် နံရံတချို့မှာလည်း

ဟောင်းနွမ်းနွမ်းဖြစ်မသေမသပ်လှသော မြှားလေးများစွာ………..။

ဒါတွေကို မောင်နှင့်အတူ လိုက်ကြည့်ရင်း တနေရာအရောက်မှာ မှန်ဘောင်လေးသွင်းထားသော

မြှားလေးတွေဆီအရောက် ….. မောင်က ဖတ်လေဆိုသောအပြုံးလေးနှင့်ခေါင်းအဆတ်

`ဖေဖေမရှိလည်းအားမငယ်နဲ့ ´ `တို့တွေတသက်လုံးတွက် သူငယ်ချင်းနော်´

`ဘယ်ရောက်ရောက်မခွဲကြေးနော်´ `မမေ့ကြေး´ စသောကလေးလက်ရေးလေးတွေကိုအရောက် ကျွန်မမောင့်ကို

မျက်ရည်တွေနဲ့အကြည့် မောင်ကလည်း ကျွန်မကို ပြုံးကြည့်ရင်း ပခုံးလေးကိုသိုင်းကာ အားပေးရင်း

မောင်လက်ညှိုးညွှန်ရာ အ၇ပ်ဆီကို ပြိုင်တူကြည့်ကာပြုံးလိုက်တာကတော့ `နင့်ကိုငါချစ်တယ် တဘ၀လုံးနော်…´

`မေ+အာကာ´ ဆိုတဲ့ ငယ်စဉ်က ကျွန်မနဲ့အာကာဆိုသောမောင် ကိုယ်တိုင်ထိုးခဲ့တဲ့ မြှားလေးဆီသို့ပါ။ ။

2 comments:

အမ ငယ်ချစ်ကိုသတိရနေတာလား

ကောင်းတယ်ဗျာ။
မေ+အာကာတဲ့
စိတ်ကူးလေးကလှတယ်
မိတ္တူကူးသွားမယ်ဗျိုး
ဖြစ်လား..။
အသုံးချမလို့မဟုတ်ပါဘူး..
သူများကိုနည်းပေးမလို့ပါ..
:P

Search This Blog

Blog Archive

Visitor

-